NYDC ကုမၸဏီက ပထမဆုံးထုတ္ျပန္လိုက္သည့္ ရန္ကုန္ၿမိဳ႕သစ္တည္ေဆာက္ရန္ မဟာဗ်ဴဟာစီမံကိန္းပံုစံ - Property News in Myanmar from iMyanmarHouse.com
8418 Views

NYDC ကုမၸဏီက ပထမဆုံးထုတ္ျပန္လိုက္သည့္ ရန္ကုန္ၿမိဳ႕သစ္တည္ေဆာက္ရန္ မဟာဗ်ဴဟာစီမံကိန္းပံုစံ

### Zawgyi Version ###

NYDC ကုမၸဏီက ဇူလိုင္ ၂၄ ရက္တြင္ ရန္ကုန္ၿမိဳ႕သစ္တည္ေဆာက္ရန္ မဟာဗ်ဴဟာစီမံကိန္းပံုစံ (Master Plan) ကို ပထမဆံုး ထုတ္ျပန္လိုက္ေၾကာင္းသိရသည္။ထုတ္ျပန္လိုက္သည့္ပုံစံတြင္ လူဦးေရ ၁ ဒသမ ၂ သန္းအတြက္ လံုၿခံဳၿပီးေနခ်င္စဖြယ္ေကာင္းသည့္ ၿမိဳ႕ေတာ္တစ္ခုအျဖစ္ ရည္မွန္းေရးဆြဲထားေၾကာင္း သိရသည္။

စင္ကာပူ AECOM ကုမၸဏီက စီမံကိန္းပံုစံကို ေရးဆြဲေပးထားၿပီး ထို မဟာဗ်ဴဟာစီမံကိန္းပံုစံတြင္ ႀကံ႕ခိုင္ေသာၿမိဳ႕၊ နည္းပညာအဆင့္ ျမင့္မားေသာၿမိဳ႕၊စိမ္းလန္းစိုျပည္ေသာၿမိဳ႕ႏွင့္ ျပည္သူမ်ားအတြက္ၿမိဳ႕ဟူ၍ မ႑ိဳင္ ေလးရပ္ျဖင့္ေရးဆြဲခဲ့သည္ဟု ရန္ကုန္တုိင္းအစိုးရပိုင္ကုမၸဏီျဖစ္သည့္ NYDC (ရန္ကုန္ၿမိဳ႕သစ္ဖြံ႕ၿဖိဳးေရးကုမၸဏီ) အမႈေဆာင္အရာရွိခ်ဳပ္ႏွင့္ ဒုတိယ ဥကၠ႒ ဦးသိမ္းေ၀ကေျပာထားသည္။

ရန္ကုန္ ၿမိဳ႕သစ္၏ Master Plan အား AECOM အဖြဲ႔ကစည္း စနစ္အက်ဆံုး၊ ထိေရာက္မႈအရွိဆံုး၊အေလအလြင့္အနည္းဆံုးႏွင့္ေျမကိုအသံုးခ်ႏိုင္ရန္အတြက္သာမက တည္ေဆာက္အေကာင္ အထည္ေဖာ္မည့္ လိုအပ္ေနေသာ အေျခခံအေဆာက္အအံုမ်ား၊ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ၊ ပတ္၀န္းက်င္စီမံခန္႔ခြဲႏုိင္မႈ၊ သယ္ယူပို႔ေဆာင္ေရး၊ လူမႈေရးႏွင့္ယဥ္ေက်းမႈတို႔ႏွင့္သက္ဆုိင္သည့္ အေဆာက္အအံုစီမံကိန္းမ်ားပါသည့္ ၿမိဳ႕သစ္တစ္ခု ကို စဥ္ဆက္မျပတ္ဟန္ ခ်က္ညီညီႏွင့္ေရရွည္ဖြံ႔ၿဖိဳးတိုးတက္ရန္ ရည္ရြယ္ၿပီးေစ့ေစ့စပ္စပ္ဂ႐ုတစိုက္ႏွင့္ဘက္ေပါင္းစံုက စဥ္းစားၿပီး ေရးဆြဲခဲ့ပါေၾကာင္း ၎ကဆိုထားသည္။

ယင္းစီမံကိန္း၏ လူမႈ - စီးပြားပင္မစီမံခ်က္တြင္ ေဖာ္ျပခဲ့သည့္အတိုင္း ၂၀၂၅ တြင္ ေနထုိင္သူဦးေရ ၁၈၀,၀၀၀ ရွိမည္ ၂၀၃၂ တြင္ အလုပ္အကိုင္ေလးသိန္းရွိမည္္ ၂၀၅၀ တြင္ ၿမိဳ႕သစ္တြင္ ၌လူဦးေရ ၁ ဒသမ၂ သန္းရွိလာၿပီး အလုပ္အကိုင္အားျဖင့္ ကိုးသိန္းဖန္တီးႏုိင္ရန္ျဖစ္ေၾကာင္းသိရသည္။

မဟာဗ်ဴဟာစီမံကိန္းတြင္ ရန္ကုန္ၿမိဳ့သစ္သည္ မဟာဗ်ဴဟာက်သည့္ ေနရာတြင္တည္ရွိၿပီး ကပၸလီပင္လယ္၏အေရးပါဆံုးအခန္းက႑တြင္ ရွိေနၿပီး ရန္ကုန္ၿမိဳ႕ေဟာင္းႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္မည္ျဖစ္ၿပီး မဟာရန္ကုန္ၿမိဳ႕ျပစီမံကိန္း အဓိကအစိတ္အပိုင္း တစ္ခုျဖစ္လာမည္ဟုလည္းဆိုထားသည္။

ထိုသို႔ မဟာဗ်ဴဟာက်တည္ရွိေနျခင္းေၾကာင့္ ၿမိဳ႕သစ္သည္ သေဘၤာမ်ားဆိုက္ကပ္၊ကုန္စည္ေထာက္ ပံ့ေရးလုပ္ငန္းႏွင့္၀န္ေဆာင္မႈက႑မ်ားတြင္ တ႐ုတ္ႏွင့္ ဥေရာပကို ခ်ိတ္ဆက္ေပးရန္စီးပြားေရးအတြက္ အဓိက ႏွလံုးခုန္ခ်က္တစ္ခုျဖစ္လာမည္ ဟုဆိုထားသည္။ရန္ကုန္ၿမိဳ႕သည္ အေရွ႕ေတာင္အာရွႏွင့္ေတာင္အာရွကို တစ္နာရီအတြင္း ေလေၾကာင္း ျဖင့္ ဆက္သြယ္ေပးႏုိင္သည့္ဇုန္အတြင္းက်ေရာက္ေနၿပီး အနာဂတ္ခရီးသြားလုပ္ငန္းအတြက္ လူဦးေရသန္း၄,၀၀၀ ကို ေလေၾကာင္းခရီးျဖင့္ ခ်ိတ္ဆက္ႏုိင္မည္ဟု ဆိုထားသည္။

ရန္ကုန္ၿမိဳ႕သစ္ႏွင့္ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္၊ ေရနက္ဆိပ္ကမ္းတို႔သည္ စင္ကာပူႏွင့္ကိုလ္းကတၱား ၿမိဳ႕မ်ားကိုခ်ိတ္ဆက္ႏုိင္မည္ဟုဆိုသည္။

ရန္ကုန္ၿမိဳ႕သစ္တြင္ အပိုင္းႏွစ္ပိုင္းပါ၀င္ၿပီး အပိုင္း (က)သည္ ရန္ကုန္ၿမိဳ႕ျပင္ပတ္လမ္း၏ အဓိကအပိုင္း၌ ပါ၀င္ေနၿပီး အပိုင္း (ခ) တြင္ ေလဆိပ္၊ အထူးစီးပြားေရးဇုန္ႏွင့္ေရနက္ ဆိပ္ကမ္းတို႔ပါ၀င္မည္ျဖစ္ၿပီး ႏွစ္ပိုင္းစလံုး ၿပီးစီးပါက လူဦးေရ ႏွစ္သန္းကိုအလုပ္အကိုင္ေပးႏုိင္မည္ဟုဆိုသည္။

ရန္ကုန္ၿမိဳ႕သစ္တြင္ လူတစ္ေထာင္လွ်င္ ပန္းၿခံဧရိယာ ၂ ဒသမ ၂ ဧကထားမည္ျဖစ္ၿပီးၿမိဳ့ေနလူဦးေရ ၉၅ ရာခိုင္ႏႈန္း သည္ ၁၀ မိနစ္အတြင္း ပန္းၿခံသုိ႔ ေလွ်ာက္သြားႏုိင္မည္ျဖစ္ၿပီး ၿမိဳ႕ေနလူဦးေရ ၉၇ ရာ ခိုင္ႏႈန္းသည္ ေပ ၈၀၀ ေက်ာ္အတြင္း စက္ဘီးကြန္ရက္ကို ရရွိမည္ျဖစ္ကာ ၿမိဳ႕ေနလူဦးေရ ၆၀ ရာခိုင္ႏႈန္းသည္ ၁၀ မိနစ္ အတြင္း အလုပ္ကို အေရာက္သြားႏုိင္မည့္ သယ္ယူပို႔ေဆာင္ေရးစနစ္လည္း တည္ေထာင္ထားသည္ဟု စီမံကိန္းတြင္ ေဖာ္ျပထားသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

NYDC ကုမ္ပဏီက ဇူလိုင် ၂၄ ရက်တွင် ရန်ကုန်မြို့သစ်တည်ဆောက်ရန် မဟာဗျူဟာစီမံကိန်းပုံစံ (Master Plan) ကို ပထမဆုံး ထုတ်ပြန်လိုက်ကြောင်းသိရသည်။ထုတ်ပြန်လိုက်သည့်ပုံစံတွင် လူဦးရေ ၁ ဒသမ ၂ သန်းအတွက် လုံခြုံပြီးနေချင်စဖွယ်ကောင်းသည့် မြို့တော်တစ်ခုအဖြစ် ရည်မှန်းရေးဆွဲထားကြောင်း သိရသည်။

စင်ကာပူ AECOM ကုမ္ပဏီက စီမံကိန်းပုံစံကို ရေးဆွဲပေးထားပြီး ထို မဟာဗျူဟာစီမံကိန်းပုံစံတွင် ကြံ့ ခိုင်သောမြို့၊ နည်းပညာအဆင့် မြင့်မားသောမြို့၊စိမ်းလန်းစိုပြည်သောမြို့နှင့် ပြည်သူများအတွက်မြို့ဟူ၍ မဏ္ဍိုင် လေးရပ်ဖြင့်ရေးဆွဲခဲ့သည်ဟု ရန်ကုန်တိုင်းအစိုးရပိုင်ကုမ္ပဏီဖြစ်သည့် NYDC (ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ) အမှုဆောင်အရာရှိချုပ်နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးသိမ်းဝေကပြောထားသည်။

ရန်ကုန်မြို့သစ်၏ Master Plan အား AECOM အဖွဲ့ကစည်း စနစ်အကျဆုံး၊ ထိရောက်မှုအရှိဆုံး၊အလေအလွင့်အနည်းဆုံးနှင့်မြေကိုအသုံးချနိုင်ရန်အတွက်သာမက တည်ဆောက်အကောင် အထည်ဖော်မည့် လိုအပ်နေသော အခြေခံအဆောက်အအုံများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲနိုင်မှု၊ သယ်ယူပို့ဆောင်ရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုတို့နှင့်သက်ဆိုင်သည့် အဆောက်အအုံစီမံကိန်းများပါသည့် မြို့သစ်တစ်ခု ကို စဉ်ဆက်မပြတ်ဟန် ချက်ညီညီနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီးစေ့စေ့စပ်စပ်ဂရုတစိုက်နှင့်ဘက်ပေါင်းစုံက စဉ်းစားပြီး ရေးဆွဲခဲ့ပါကြောင်း ၎င်းကဆိုထားသည်။

ယင်းစီမံကိန်း၏ လူမှု - စီးပွားပင်မစီမံချက်တွင် ဖော်ပြခဲ့သည့်အတိုင်း ၂၀၂၅ တွင် နေထိုင်သူဦးရေ ၁၈၀,၀၀၀ ရှိမည် ၂၀၃၂ တွင် အလုပ်အကိုင်လေးသိန်းရှိမည် ၂၀၅၀ တွင် မြို့သစ်တွင် ၌လူဦးရေ ၁ ဒသမ၂ သန်းရှိလာပြီး အလုပ်အကိုင်အားဖြင့် ကိုးသိန်းဖန်တီးနိုင်ရန်ဖြစ်ကြောင်းသိရသည်။

မဟာဗျူဟာစီမံကိန်းတွင် ရန်ကုန်မြို့သစ်သည် မဟာဗျူဟာကျသည့် နေရာတွင်တည်ရှိပြီး ကပ္ပလီပင်လယ်၏အရေးပါဆုံးအခန်းကဏ္ဍတွင် ရှိနေပြီး ရန်ကုန်မြို့ဟောင်းနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ပြီး မဟာရန်ကုန်မြို့ပြစီမံကိန်း အဓိကအစိတ်အပိုင်း တစ်ခုဖြစ်လာမည်ဟုလည်းဆိုထားသည်။

ထိုသို့ မဟာဗျူဟာကျတည်ရှိနေခြင်းကြောင့် မြို့သစ်သည် သင်္ဘောများဆိုက်ကပ်၊ကုန်စည်ထောက် ပံ့ရေးလုပ်ငန်းနှင့်ဝန်ဆောင်မှုကဏ္ဍများတွင် တရုတ်နှင့် ဥရောပကို ချိတ်ဆက်ပေးရန်စီးပွားရေးအတွက် အဓိက နှလုံးခုန်ချက်တစ်ခုဖြစ်လာမည် ဟုဆိုထားသည်။ရန်ကုန်မြို့သည် အရှေ့တောင်အာရှနှင့်တောင်အာရှကို တစ်နာရီအတွင်း လေကြောင်း ဖြင့် ဆက်သွယ်ပေးနိုင်သည့်ဇုန်အတွင်းကျရောက်နေပြီး အနာဂတ်ခရီးသွားလုပ်ငန်းအတွက် လူဦးရေသန်း၄,၀၀၀ ကို လေကြောင်းခရီးဖြင့် ချိတ်ဆက်နိုင်မည်ဟု ဆိုထားသည်။

ရန်ကုန်မြို့သစ်နှင့်ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းတို့သည် စင်ကာပူနှင့်ကိုလ်းကတ္တား မြို့များကိုချိတ်ဆက်နိုင်မည်ဟုဆိုသည်။

ရန်ကုန်မြို့သစ်တွင် အပိုင်းနှစ်ပိုင်းပါဝင်ပြီး အပိုင်း (က)သည် ရန်ကုန်မြို့ပြင်ပတ်လမ်း၏ အဓိကအပိုင်း၌ ပါဝင်နေပြီး အပိုင်း (ခ) တွင် လေဆိပ်၊ အထူးစီးပွားရေးဇုန်နှင့်ရေနက် ဆိပ်ကမ်းတို့ပါဝင်မည်ဖြစ်ပြီး နှစ်ပိုင်းစလုံး ပြီးစီးပါက လူဦးရေ နှစ်သန်းကိုအလုပ်အကိုင်ပေးနိုင်မည်ဟုဆိုသည်။

ရန်ကုန်မြို့သစ်တွင် လူတစ်ထောင်လျှင် ပန်းခြံဧရိယာ ၂ ဒသမ ၂ ဧကထားမည်ဖြစ်ပြီးမြို့နေလူဦးရေ ၉၅ ရာခိုင်နှုန်း သည် ၁၀ မိနစ်အတွင်း ပန်းခြံသို့ လျှောက်သွားနိုင်မည်ဖြစ်ပြီး မြို့နေလူဦးရေ ၉၇ ရာ ခိုင်နှုန်းသည် ပေ ၈၀၀ ကျော်အတွင်း စက်ဘီးကွန်ရက်ကို ရရှိမည်ဖြစ်ကာ မြို့နေလူဦးရေ ၆၀ ရာခိုင်နှုန်းသည် ၁၀ မိနစ် အတွင်း အလုပ်ကို အရောက်သွားနိုင်မည့် သယ်ယူပို့ဆောင်ရေးစနစ်လည်း တည်ထောင်ထားသည်ဟု စီမံကိန်းတွင် ဖော်ပြထားသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service