ရင်းနှီးမြှပ်နှံသူတွေနဲ့ နေစရာအခက်အခဲဖြစ်နေသူတွေကို မြေယာတွေရောင်းမယ် - Property News in Myanmar from iMyanmarHouse.com
5870 Views

ရင်းနှီးမြှပ်နှံသူတွေနဲ့ နေစရာအခက်အခဲဖြစ်နေသူတွေကို မြေယာတွေရောင်းမယ်

### Zawgyi Version ###








 

### Unicode Version ###

ရန်ကုန်တိုင်း အတွင်းကို လာရာက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ့်သူတွေနဲ့ နေရေးအခက်အခဲရှိတဲ့သူတွေအတွက် တိုင်းအစိုးရအနေနဲ့ မြေယာ တွေထုတ်ရောင်းသွားဖို့ ပြင်ဆင်နေတယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒီလိုထုတ်ရောင်းရာမှာ ရန်ကုန်တိုင်းအတွင်း ရင်းနှီးမြှုပ်နှံပြီး ဥပဒေအရ ခြောက်လအတွင်း တည်ဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်မှသာ မြေဧကတွေကို သတ်မှတ်ချက်နဲ့ အညီ ထုတ်ရောင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ ဘာကြောင့်လဲဆိုရင် လာရောက်ရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အလမ်း ကျွန်တော်တို့ပေးနိုင်ဖို့လိုပါတယ်။ မြေငှားရတာတွေ စက်ရုံငှားရမ်းရတာတွေ အလွန်အင်မတန်ဈေးကြီးတယ်ဆိုတဲ့ အခြေအနေတွေကို ကျွန်တော်တို့ဖြေလျော့ပေးနိုင်ဖို့ အကောင်းဆုံးဆောင်ရွက်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားရမှာဖြစ်ပါတယ်” လို့ ဦးဖြိုးမင်းသိန်းကပြောပါတယ်။

မြေတွေထုတ်ရောင်းဖို့အတွက် မြေယာဧက သောင်းချီအဆင်သင့်ရှိနေပြီး ရောင်းချလိုက်တဲ့မြေတွေကို ဝယ်ယူပြီး မြေဈေးကစားခြင်းလုပ်ဆောင်တာကိုတော့ ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဟာ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ချင်စရာ အကောင်းဆုံးနေရာတစ်ခုဖြစ်တဲ့အပြင် အာရှတိုက်မှာပါ အကောင်းဆုံး ရင်းနှီးမြှုပ်နှံချင်စရာ နေရာတစ်ခုဖြစ်အောင် တိုင်းအစိုးရက ရည်မှန်းထားတယ်လို့ သိရပါတယ်။

ဒါကြောင့် တိုင်းအစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အကောင်းဆုံးအခွင့်အလမ်းတွေနဲ့ ဝန်ဆောင်မှုတွေပေးနိုင်မှသာ ရန်ကုန်တိုင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံမှာဖြစ်တာကြောင့်လို့ သိရပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service