နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အိမ်ခြံမြေ လုပ်ငန်းပေါင်း ၅၅ခုရှိလာ - Property News in Myanmar from iMyanmarHouse.com
1110 Views

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အိမ်ခြံမြေ လုပ်ငန်းပေါင်း ၅၅ခုရှိလာ

### Zawgyi Version ###








 

### Unicode Version ###

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုပေးခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲမှာ အိမ်ခြံမြေ လုပ်ငန်းပေါင်းဟာ ဇွန်လကုန်အထိ ၅၅ ခုရှိတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံကော်မရှင်ကသိရပါတယ်။

ဒီလုပ်ငန်းတွေရဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ကြေးငွေဟာ အမေရိကန်ဒေါ်လာ သန်းငါးထောင်ကျော် ရှိတယ်လို့ သိရပါတယ်။ ယခုခွင့်ပြုပေးလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၀င်ရောက်လုပ်ကိုင်နေတဲ့ ကဏ္ဍအသီးသီးရဲ့ ခြောက်ရာခိုင်နှုန်းကျော်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အထူးစီးပွားရေးဇုန်ဥပဒေအရ လုပ်ကိုင်ခွင့်ပြုပေးခဲ့တဲ့ အိမ်ခြံမြေလုပ်ငန်းကတော့ တစ်ခုရှိပြီး တန်ကြေးငွေဟာ အမေရိကန်ဒေါ်လာ သန်းသုံးဆယ်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က လက်ရှိဆောင်ရွက်နေဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲမှာတော့ ဇွန်လကုန်ပိုင်းအထိ အိမ်ခြံမြေကဏ္ဍမှာ လုပ်ငန်းပေါင်း လေးဆယ်ရှိတယ်လို့ ကော်မရှင်ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

ဒီလုပ်ငန်းတွေရဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ကြေးငွေဟာ အမေရိကန်ဒေါ်လာ သန်းလေးထောင်ကျော် အထိရှိနေတာပါ။ ဆောက်လုပ်ရေးကဏ္ဍမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှစ်ခုကိုလုပ်ကိုင်ခွင့်ပေးထားပြီး တန်ကြေးငွေဟာ အမေရိကန်ဒေါ်လာ ၃၇ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း ၀င်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအားလုံးထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍမှာ ၀င်ရောက်လုပ်ကိုင်မှုဟာ ၀ ဒဿမ ၀၅ ရာခိုင်နှုန်းသာရှိပြီး ၀င်ရောက်လုပ်ကိုင်မှု အနည်းဆုံးကဏ္ဍအဖြစ် တည်ရှိနေတာပါ။

နေရှင်းမြန်မာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service