သန္လ်င္တံတား အမွတ္ ၃ လာမည့္ ၂၀၂၂ ခုနွစ္အျပီး တည္ေဆာက္မည္ - Property News in Myanmar from iMyanmarHouse.com
11240 Views

သန္လ်င္တံတား အမွတ္ ၃ လာမည့္ ၂၀၂၂ ခုနွစ္အျပီး တည္ေဆာက္မည္

### Zawgyi Version ###

သာေကတ နွင့္ သန္လ်င္ကုိဆက္သြယ္ထားသည့္ သန္လ်င္တံတား အမွတ္ ၃ ကုိလာမည့္ ၂၀၂၂ ခုနွစ္တြင္အျပီး တည္ေဆာက္သြားမည္ ဟုေဆာက္လုပ္ေရး၀န္ႀကီးဌာန ဒုတိယျပည္ေထာင္စု၀န္ႀကီးဦးေက်ာ္လင္းက ေျပာသည္။

အဆိုပါတံတားစီမံကိန္းကုိ ဂ်ပန္ေဆာက္လုပ္ေရးကုမၸဏီ ၃ ခုမွ လုပ္ငန္းအပိုင္းလိုက္အေကာင္ထည္ေဖာ္ေနျခင္း ျဖစ္ျပီး သန္လ်င္ နွင့္ သာေကတ ကုိဆက္သြယ္ေပးမည့္ Landmark စီမံကိန္းအျဖစ္ေဆာက္လုပ္ေနျခင္း ျဖစ္သည္။

တံတားေဆာက္လုပ္ရန္စုစုေပါင္းကုန္က်စရိတ္မွာ အေမရိကန္ေဒၚလာ သန္း၂၉၀ ခန့္ကုန္က်မည္ျဖစ္ျပီး လက္ရွိတြင္ ဂ်ပန္နိုင္ငံ ဂ်ိဳက္ကာေခ်းေငြ အတိုးနွဳန္း ၀.၀၁ ရာခိုင္နွဳန္းမွ ၁.၅ ရာခိုင္နွဳန္းၾကားျဖင့္ ပထမအရစ္ က်ပ္သန္း ၅ ေသာင္း ရရွိျပီးျဖစ္ေၾကာင္း ဇန္န၀ါရီလ ၁ရက္ေန႕က လႊတ္ေတာ္တြင္ ေျပာၾကားခဲ့သည္။

တံတားအမ်ိဳးအစားမွာ Cable Stayed Bridge , Steel Box Girder+PC Girder နွင့္ Flyover Bridge ပံုစံျဖစ္ျပီး ၂၀၁၈-၂၀၁၉ ဘ႑ာနွစ္တြင္စတင္အေကာင္ထည္ေဖာ္သည့္စီမံကိန္းျဖစ္သည္။

တံတားအရွည္ ၃၅၀၀ မီတာ ၊ ပင္မတံတား Cable Stayed Bridge ကုိစတင္ေဆာက္ရြက္ေနျပီး ခ်ည္းကပ္လမ္းကုိ ရူခင္းသာပတ္လမ္း ၊ ရတနာလမ္းကုိျဖတ္ျပီး သာေကတအ၀ိုင္းတြင္ ဆံုမွတ္ထားရွိသည္။

တည္ေဆာက္ေရးတြင္ ခ်ည္းကပ္လမ္း နွင့္ပင္မတံတား အပုိင္း ၃ ခုခြဲျခားျပီး တင္ဒါကုိ သန္လ်င္ဘက္ ခ်ည္းကပ္လမ္းအတြက္ Sumitomo Mitsui Construction ၊ ပင္မတံတားကုိ Yokogawa Bridge Corporation နွင့္ သာေကတဘက္ ခ်ည္းကပ္တံတားကုိ Tokyu Construction မွ တင္ဒါေအာင္ျမင္ထားေၾကာင္းေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ သိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

သာကေတ နှင့် သန်လျင်ကိုဆက်သွယ်ထားသည့် သန်လျင်တံတား အမှတ် ၃ ကိုလာမည့် ၂၀၂၂ ခုနှစ်တွင်အပြီး တည်ဆောက်သွားမည် ဟုဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီးဦးကျော်လင်းက ပြောသည်။

အဆိုပါတံတားစီမံကိန်းကို ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ ၃ ခုမှ လုပ်ငန်းအပိုင်းလိုက်အကောင်ထည်ဖော်နေခြင်း ဖြစ်ပြီး သန်လျင် နှင့် သာကေတ ကိုဆက်သွယ်ပေးမည့် Landmark စီမံကိန်းအဖြစ်ဆောက်လုပ်နေခြင်း ဖြစ်သည်။

တံတားဆောက်လုပ်ရန်စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း၂၉၀ ခန့်ကုန်ကျမည်ဖြစ်ပြီး လက်ရှိတွင် ဂျပန်နိုင်ငံ ဂျိုက်ကာချေးငွေ အတိုးနှုန်း ဝ.၀၁ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းကြားဖြင့် ပထမအရစ် ကျပ်သန်း ၅ သောင်း ရရှိပြီးဖြစ်ကြောင်း ဇန်နဝါရီလ ၁ရက်နေ့က လွှတ်တော်တွင် ပြောကြားခဲ့သည်။

တံတားအမျိုးအစားမှာ Cable Stayed Bridge , Steel Box Girder+PC Girder နှင့် Flyover Bridge ပုံစံဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်စတင်အကောင်ထည်ဖော်သည့်စီမံကိန်းဖြစ်သည်။

တံတားအရှည် ၃၅၀၀ မီတာ ၊ ပင်မတံတား Cable Stayed Bridge ကိုစတင်ဆောက်ရွက်နေပြီး ချည်းကပ်လမ်းကို ရူခင်းသာပတ်လမ်း ၊ ရတနာလမ်းကိုဖြတ်ပြီး သာကေတအဝိုင်းတွင် ဆုံမှတ်ထားရှိသည်။

တည်ဆောက်ရေးတွင် ချည်းကပ်လမ်း နှင့်ပင်မတံတား အပိုင်း ၃ ခုခွဲခြားပြီး တင်ဒါကို သန်လျင်ဘက် ချည်းကပ်လမ်းအတွက် Sumitomo Mitsui Construction ၊ ပင်မတံတားကို Yokogawa Bridge Corporation နှင့် သာကေတဘက် ချည်းကပ်တံတားကို Tokyu Construction မှ တင်ဒါအောင်မြင်ထားကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ

Upcoming Property Events

mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service