ပုဂၢလိကႏွင့္အက်ိဳးတူပူးေပါင္းၿပီး ရန္ကုန္ရွိ စည္ပင္ပိုင္ေစ်း ၃၀ ေက်ာ္ကုိ ၂၀၂၀ တြင္ အဆင့္ျမွင့္တင္မည္ - Property News in Myanmar from iMyanmarHouse.com
5264 Views

ပုဂၢလိကႏွင့္အက်ိဳးတူပူးေပါင္းၿပီး ရန္ကုန္ရွိ စည္ပင္ပိုင္ေစ်း ၃၀ ေက်ာ္ကုိ ၂၀၂၀ တြင္ အဆင့္ျမွင့္တင္မည္

### Zawgyi Version ###

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ တြဲဖက္အတြင္းေရးမွဴးက ရန္ကုန္ၿမိဳ႕ရွိ စည္ပင္ပိုင္ေစ်း ၃၀ ေက်ာ္ကုိ လာမည့္ ၂၀၂၀ ျပည့္ႏွစ္တြင္ ပုဂၢလိကႏွင့္အက်ိဳးတူပူးေပါင္းသည့္စနစ္ (PPP)၊ ပုဂၢလိကစီမံလုပ္ ပိုင္ခြင့္ေပးသည့္စနစ္ျဖင့္အဆင့္ျမႇင့္တင္မည္ျဖစ္ေၾကာင္း ေျပာထားသည္။

ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္သာယာေရး ေကာ္မတီလက္ေအာက္ရွိေစ်း ၁၀ ခုကုိ ပုဂၢလိက၏စီမံလုပ္ပိုင္ခြင့္ (Marketing Operator) ေပးရန္ စီစဥ္ထားၿပီး ေဈး၂၁ ေစ်းကုိမူ ပုဂၢလိကႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္ရြက္မည္ျဖစ္ေၾကာင္းသိရေသာ္လည္း အဆင့္ျမႇင့္တင္မည့္ ေစ်းမ်ား၏အမည္စာရင္းကုိမူ ၎က ထုတ္ေဖာ္ေျပာၾကားျခင္းမရွိေပ။

ဇူလုိင္ ၁၅ ရက္က ျပဳ လုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေဈးမ်ားကိုအဆင့္ျမွင့္တင္မႈလုပ္ရာတြင္ ႏုိင္ငံေတာ္ေငြေၾကးကုန္က်မႈမရွိေစရန္ PPP စနစ္ျပဳလုပ္ရျခင္းျဖစ္ၿပီး ပုဂၢလိက၏ စီမံလုပ္ပုိင္ခြင့္ျပဳလုပ္ရျခင္းမွာ ပုိုမိုစနစ္တက်ျဖစ္ေစရန္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ တြဲဖက္အတြင္းေရးမွဴးက ေျပာထားသည္။

၎က ‘‘ ကုမၸဏီတစ္ခုကို အပ္လိုက္ရင္ သူကစီမံမယ္။ အက်ိဳးအျမတ္တစ္ခုကုိလည္း စည္ပင္သာယာကုိသြင္းရမယ္။ ေအာ္ပေရတာစနစ္နဲ႔သြားရင္ စည္ပင္က တုိက္႐ိုက္ႀကီးၾကပ္မႈမရွိေတာ့ပါ ဘူး’’ေျပာထားၿပီး၊ေစ်းအမ်ားစု၏ ေရွ႕လမ္းေဘးမ်ားတြင္ ေစ်းေရာင္းခ်မႈမ်ားရွိေနသည္မ်ားအား ေျဖရွင္းေဆာင္ရြက္ရန္ ႀကိဳးစားလုပ္ေဆာင္ေနျခင္းအေပၚ ‘‘ေစ်းေတြရဲ႕အေနအထားအရ ေလွကားေတြက အဆင္မေျပဘူးျဖစ္ေနတယ္။ ေစ်း၀ယ္သူက အဲဒီအေပၚထပ္ကုိတက္ၿပီးေတာ့ ေစ်းမ၀ယ္ၾကဘူး။ အေပၚထပ္မွာ ေရာင္းတဲ့ေစ်းသည္က အလုိအေလ်ာက္ လမ္းေဘးေစ်းသည္ျဖစ္သြားတယ္’’ ဟုလက္ရွိ ေစ်းမ်ားတြင္ ျဖစ္ေပၚေနသည့္ အေျခအေနကိုရွင္းျပၿပီး ယင္းေၾကာင့္ ေစ်း၏ဖြဲ႕စည္းတည္ေဆာက္ပုံစနစ္မ်ားေျပာင္းလဲ၍ အဆင့္ျမႇင့္တင္ရန္စီစဥ္ရ ျခင္းျဖစ္ေၾကာင္း ေျပာထားသည္။

ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္သာယာေရးေကာ္မတီက စီမံကြပ္ကဲမႈမ်ားလုပ္ေဆာင္ေနသည့္ေစ်းမ်ားမွာ လက္ရွိတြင္ ၁၈၀ ခန္႔ရွိေၾကာင္းသိရသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူးက ရန်ကုန်မြို့ရှိ စည်ပင်ပိုင်ဈေး ၃၀ ကျော်ကို လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ပုဂ္ဂလိကနှင့်အကျိုးတူပူးပေါင်းသည့်စနစ် (PPP)၊ ပုဂ္ဂလိကစီမံလုပ် ပိုင်ခွင့်ပေးသည့်စနစ်ဖြင့်အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ပြောထားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိဈေး ၁၀ ခုကို ပုဂ္ဂလိက၏စီမံလုပ်ပိုင်ခွင့် (Marketing Operator) ပေးရန် စီစဉ်ထားပြီး ဈေး၂၁ ဈေးကိုမူ ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရသော်လည်း အဆင့်မြှင့်တင်မည့် ဈေးများ၏ အမည်စာရင်းကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ဇူလိုင် ၁၅ ရက်က ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဈေးများကိုအဆင့်မြှင့်တင်မှုလုပ်ရာတွင် နိုင်ငံတော်ငွေကြေးကုန်ကျမှုမရှိစေရန် PPP စနစ်ပြုလုပ်ရခြင်းဖြစ်ပြီး ပုဂ္ဂလိက၏ စီမံလုပ်ပိုင်ခွင့်ပြု လုပ်ရခြင်း မှာ ပိုမိုစနစ်တကျဖြစ်စေရန်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူးက ပြောထားသည်။

၎င်းက ‘‘ ကုမ္ပဏီတစ်ခုကို အပ်လိုက်ရင် သူကစီမံမယ်။ အကျိုးအမြတ်တစ်ခုကိုလည်း စည်ပင်သာယာကိုသွင်းရမယ်။ အော်ပရေတာစနစ်နဲ့သွားရင် စည်ပင်က တိုက်ရိုက်ကြီးကြပ်မှုမရှိတော့ပါ ဘူး’’ပြောထားပြီး၊ဈေးအများစု၏ ရှေ့လမ်းဘေးများတွင် ဈေးရောင်းချမှုများရှိနေသည်များအား ဖြေရှင်းဆောင်ရွက်ရန် ကြိုးစား လုပ်ဆောင်နေခြင်းအပေါ် ‘‘ဈေးတွေရဲ့အနေအထားအရ လှေကားတွေက အဆင်မပြေဘူးဖြစ်နေတယ်။ ဈေးဝယ် သူက အဲဒီအပေါ်ထပ်ကိုတက်ပြီးတော့ ဈေးမဝယ်ကြဘူး။ အပေါ်ထပ်မှာ ရောင်းတဲ့ဈေးသည်က အလိုအလျောက် လမ်းဘေးဈေးသည်ဖြစ်သွားတယ်’’ ဟုလက်ရှိ ဈေးများတွင် ဖြစ်ပေါ်နေသည့် အခြေအနေကိုရှင်းပြပြီး ယင်းကြောင့် ဈေး၏ဖွဲ့စည်း တည်ဆောက်ပုံစနစ်များပြောင်းလဲ၍ အဆင့်မြှင့်တင်ရန်စီစဉ်ရ ခြင်းဖြစ်ကြောင်း ပြောထားသည်။

ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီက စီမံကွပ်ကဲမှုများလုပ်ဆောင်နေသည့်ဈေးများမှာ လက်ရှိတွင် ၁၈၀ ခန့်ရှိကြောင်းသိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service