အတိုးနှုန်းသက်သာသည့် ဂျပန်အိမ်ရာချေးငွေရယူရန် အိမ်ရာမရှိသေး - Property News in Myanmar from iMyanmarHouse.com
862 Views

အတိုးနှုန်းသက်သာသည့် ဂျပန်အိမ်ရာချေးငွေရယူရန် အိမ်ရာမရှိသေး

### Zawgyi Version ###

CHID ဘဏ်မှ ဂျပန်နိုင်ငံမှရယူထားသည့်ချေးငွေဖြင့် အတိုးနှုန်းသက်သာသည့်အရစ်ကျအိမ်ရာဝယ်ယူခွင့်များကို ဆောင်ရွက်ရန် သတ်မှတ်ချက်အတိုင်းဆောက်လုပ်ထားသည့် အိမ်ရာမရှိသေးကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှသိရသည်။

ဂျပန်နိုင်ငံမှ အိမ်ရာဝယ်ယူသူများအတွက် ချေးငွေယန်း ၄၄ ဘီလီယံကို ၀.၀၁ ရာခိုင်နှုန်းဖြင့် ထုတ်ချေးထားပြီးဖြစ်ပြီး ဆောက်လုပ်ရေးနှင့်အခြေခံအဆောက်အအုံများဖွံဖြိုးတိုးတက်ရေးဘဏ်(CHID) မှ ၈.၅ ရာခိုင်နုန်းဖြင့်ပြန်လည်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် မြို့ပြနှင့်အိမ်ရာဖွံဖြိုးမှုဦးစီးဌာနမှ ဆောက်လုပ်ထားသည့် အိမ်ရာများကိုသာ ၀ယ်ယူခွင့်ပြုသွားမည်ဖြစ်ပြီး နောက်ပိုင်းမှသာ ပုဂ္ဂလိကဆောက်လုပ်သည့်အိမ်ရာများကိုထုတ်ချေးသွားမည်ဖြစ်ကြောင်း CHID ဘဏ်မှသိရသည်။


အိမ်ရာများအတွက် ပုဂ္ဂလိကဘဏ်အရစ်ကျ ဘဏ်ချေးငွေ နှုန်းထားသည် ၁၃ ရာခိုင်နှုန်း ဖြစ်ပြီး CHID ဘဏ် နှုန်းထားသည် ၁၀ ရာခိုင်နှုန်းဖြစ်သည်။ချေးငွေသက်တမ်းမှာပုဂ္ဂလိကဘဏ်မှ ၁ နှစ်မှ ၂၅ နှစ်အထိသက်တမ်းရှိ ပြီး CHID ဘဏ် မှာ ၁၅ နှစ်အထိ သတ်မှတ်ထားကြောင်း သိရသည်။



### Unicode Version ###

CHIDB ဘဏ်မှ ဂျပန်နိုင်ငံမှရယူထားသည့်ချေးငွေဖြင့် အတိုးနှုန်းသက်သာသည့်အရစ်ကျအိမ်ရာဝယ်ယူခွင့်များကို ဆောင်ရွက်ရန် သတ်မှတ်ချက်အတိုင်းဆောက်လုပ်ထားသည့် အိမ်ရာမရှိသေးကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှသိရသည်။

ဂျပန်နိုင်ငံမှ အိမ်ရာဝယ်ယူသူများအတွက် ချေးငွေယန်း ၄၄ ဘီလီယံကို ဝ.၀၁ ရာခိုင်နှုန်းဖြင့် ထုတ်ချေးထားပြီးဖြစ်ပြီး ဆောက်လုပ်ရေးနှင့်အခြေခံအဆောက်အအုံများဖွံဖြိုးတိုးတက်ရေးဘဏ်(CHIDB) မှ ၈.၅ ရာခိုင်နုန်းဖြင့်ပြန်လည်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် မြို့ပြနှင့်အိမ်ရာဖွံဖြိုးမှုဦးစီးဌာနမှ ဆောက်လုပ်ထားသည့် အိမ်ရာများကိုသာ ဝယ်ယူခွင့်ပြုသွားမည်ဖြစ်ပြီး နောက်ပိုင်းမှသာ ပုဂ္ဂလိကဆောက်လုပ်သည့်အိမ်ရာများကိုထုတ်ချေးသွားမည်ဖြစ်ကြောင်း CHIDB ဘဏ်မှသိရသည်။

အဆိုပါချေးငွေဖြင့် ရောင်းချမည့်အိမ်ရာများသည် သာမန်အိမ်ရာများထက် တည်ဆောက်မှုအရည်အသွေးကောင်းမွန်မည်ဖြစ်ပြီး ဈေးနှုန်းအရလည်း ၂၀ ရာခိုင်နှုန်း မြင့်မားနိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ ကပြောသည်။

အိမ်ရာများအတွက် ပုဂ္ဂလိကဘဏ်အရစ်ကျဘဏ်ချေးငွေနှုန်းထားသည် ၁၃ ရာခိုင်နှုန်း ဖြစ်ပြီး CHIDB ဘဏ် နှုန်းထားသည် ၁၀ ရာခိုင်နှုန်းဖြစ်သည်။ချေးငွေသက်တမ်းမှာပုဂ္ဂလိကဘဏ်မှ ၁ နှစ်မှ ၂၅ နှစ်အထိသက်တမ်းရှိ ပြီး CHIDB ဘဏ် မှာ ၁၅ နှစ်အထိ သတ်မှတ်ထားကြောင်း သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။

Upcoming Property Events

mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service