Local Property News | Posted by Si Thu Aung
### Zawgyi Version ###
တ႐ုတ္ CITIC ကုမၸဏီက ကေနဒါအေျခစိုက္ HATCH ကုမၸဏီကုိ ေက်ာက္ျဖဴေရနက္ ဆိပ္ကမ္းအတြက္ သဘာ၀ပတ္၀န္းက်င္ႏွင့္လူမႈဘ၀ထိခိုက္မႈမ်ား ေလ့လာဆန္းစစ္ျခင္းလုပ္ငန္း (ESIA) မ်ားကိုစီမံခန္႔ခြဲရန္ ငွားရမ္းထားေၾကာင္း ထုတ္ျပန္ထားသည္။
တ႐ုတ္ကုမၸဏီက ျမန္မာအစိုးရ၏ လိုအပ္ခ်က္ႏွင့္ ႏုိင္ငံတကာက်င့္၀တ္ေကာင္းမ်ား အတုိင္းေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ကို ေကာင္းမြန္သည့္ရလဒ္ေကာင္းမ်ားျဖင့္ စတင္ႏိုင္ရန္အတြက္ အဆုိပါကုမၸဏီကိုငွားရမ္းျခင္းျဖစ္ေၾကာင္း သိရသည္။
ကေနဒါ ကုမၸဏီ HATCH သဘာ၀ပတ္၀န္းက်င္ႏွင့္လူမႈဘ၀ထိခိုက္မႈမ်ား ေလ့လာဆန္းစစ္ျခင္းလုပ္ငန္း (ESIA) မ်ားကိုစီမံခန္႔ခြဲမႈအတြက္ အတုိင္ပင္ခံ ေဆာင္ရြက္မည္ျဖစ္ၿပီး ကုမၸဏီႏွစ္ခုၾကား သေဘာတူညီမႈ ကို ၂၀၁၉ ေမလ ၁၅ ရက္တြင္ ရရွိခဲ့ေၾကာင္းသိရသည္။
ဦးသိန္းစိန္ အစိုးရလက္ထက္ကတည္းက ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ေရနက္ဆိပ္ကမ္းႏွင့္ စက္မႈဇုန္စီမံကိန္းကို တ႐ုတ္ CITIC ကုမၸဏီအား လုပ္ကိုင္ခြင့္ျပဳခဲ့ၿပီး ၂၀၁၈ ႏို၀င္ဘာ ၈ ရက္တြင္ ေနျပည္ေတာ္၌ လက္ရွိျမန္မာအစိုးရႏွင့္ တ႐ုတ္ကုမၸဏီတို႔ ၎အထူးစီးပြားေရးဇုန္အတြက့္ မူေဘာင္သေဘာတူညီမႈလက္မွတ္ေရးထိုးခ့ဲေၾကာင္း သိရသည္။
ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္တြင္ ျမန္မာအစိုးရဘက္ကရွယ္ယာ ၃၀ ရာခိုင္ႏႈန္းႏွင့္တ႐ုတ္ကုမၸဏီကရွယ္ယာ ၇၀ ရာခိုင္ႏႈန္းပိုင္ဆိုင္ထားၿပီး ပထမအဆင့္တြင္ သေဘၤာေက်ာက္ခ်ရပ္နားစခန္း (ဆိပ္ခံတံတား) ႏွစ္ခု တည္ေဆာက္မည္ျဖစ္ၿပီး ကုန္က်စရိတ္ကို အေမရိကန္ေဒၚလာ ၁ ဒသမ ၃ ဘီလီယံထက္မပိုေစရန္ ေဆာင္ရြက္ မည္ဟု အစိုးရက ေျပာထားေၾကာင္းသိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ### တရုတ် CITIC ကုမ္ပဏီက ကနေဒါ အခြေစိုက် HATCH ကုမ္ပဏီကို ကျောက်ဖြူရေနက် ဆိပ်ကမ်းအတွက် သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘဝထိခိုက်မှုများ လေ့လာဆန်းစစ်ခြင်းလုပ်ငန်း (ESIA) များကိုစီမံခန့်ခွဲရန် ငှားရမ်းထားကြောင်း ထုတ်ပြန်ထားသည်။ တရုတ်ကုမ္ပဏီက မြန်မာအစိုးရ၏ လိုအပ်ချက်နှင့် နိုင်ငံတကာကျင့်ဝတ်ကောင်းများ အတိုင်းကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ကောင်းမွန်သည့် ရလဒ်ကောင်းများဖြင့် စတင်နိုင်ရန်အတွက် အဆိုပါကုမ္ပဏီကိုငှားရမ်းခြင်းဖြစ်ကြောင်း သိရသည်။ ကနေဒါ ကုမ္ပဏီ HATCH သဘာဝပတ် ဝန်းကျင်နှင့်လူမှုဘဝထိခိုက်မှုများ လေ့လာဆန်းစစ်ခြင်းလုပ် ငန်း (ESIA) များကိုစီမံခန့်ခွဲမှုအတွက် အတိုင်ပင်ခံ ဆောင်ရွက်မည်ဖြစ်ပြီး ကုမ္ပဏီနှစ်ခုကြား သဘောတူညီမှု ကို ၂၀၁၉ မေလ ၁၅ ရက်တွင် ရရှိခဲ့ကြောင်းသိရသည်။ ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်းကို တရုတ် CITIC ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ၂၀၁၈ နိုဝင်ဘာ ၈ ရက်တွင် နေပြည်တော်၌ လက်ရှိမြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီတို့ ၎င်းအထူးစီးပွားရေးဇုန်အတွက့် မူဘောင်သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် မြန်မာအစိုးရဘက်ကရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့်တရုတ်ကုမ္ပဏီကရှယ်ယာ ၇၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး ပထမအဆင့်တွင် သင်္ဘောကျောက်ချရပ်နားစခန်း (ဆိပ်ခံတံတား) နှစ်ခု တည်ဆောက်မည်ဖြစ်ပြီး ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံထက်မပိုစေရန် ဆောင်ရွက် မည်ဟု အစိုးရက ပြောထားကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com