ကျပ်ငွေ ( ၆.၃ ) ဘီလီယံကျော်ဖိုး ရောင်းချခဲ့သော ကန်တော်ကြီးအနီး အသင့်နေထိုင်နိုင်သည့် Kantharyar Residence အရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
19808 Views
ကျပ်ငွေ ( ၆.၃ ) ဘီလီယံကျော်ဖိုး ရောင်းချခဲ့သော ကန်တော်ကြီးအနီး အသင့်နေထိုင်နိုင်သည့် Kantharyar Residence အရောင်းပြပွဲကြီး
### Zawgyi Version ###
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် Asia Myanmar Consortium Development Co, Ltd. ( AMCD ) တို့ပူးပေါင်း၍ ကန်တော်ကြီးအနီး အသင့်နေထိုင်နိုင်သည့် Kantharyar Residence အရောင်းပြပွဲကြီးကို ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ ( ၅ ၊ ၆ ၊ ၇ ) ရက်များတွင် စီမံကိန်းတည်ရှိရာ မင်္ဂလာတောင်ညွှန့် မြို့နယ်၊ ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာလမ်းထောင့် ရှိ Kantharyar Office Tower တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
iMyanmarHouse.com
### Unicode Version ###
 မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် Asia Myanmar Consortium Development Co, Ltd. ( AMCD ) တို့ပူးပေါင်း၍ ကန်တော်ကြီးအနီး အသင့်နေထိုင်နိုင်သည့် Kantharyar Residence အရောင်းပြပွဲကြီးကို ၂၀၁၉ ခုနှစ် ၊ ဇူလိူင်လ ( ၅ ၊ ၆ ၊ ၇ ) ရက်များတွင် စီမံကိန်းတည်ရှိရာ မင်္ဂလာတောင်ညွှန့် မြို့နယ်၊ ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာလမ်းထောင့် ရှိ Kantharyar Office Tower တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ပြပွဲ (၃) ရက်အတွင်းတွင် ဝယ်ယူသူများကို အထူးသက်သာခွင့်များ နှင့်အတူ Yoma Home Loan ဖြင့် (၂၅) နှစ်အထိ အရစ်ကျ ငွေပေးချေမှုစနစ်များဖြင့် ရောင်းချခဲ့ကြောင်းသိရသည်။
Kantharyar Residence ကို Asia Myanmar Consortium Development Co, Ltd. ( AMCD ) မှ ၃.၃၅ ဧက ရှိသော မြေအကျယ်အဝန်းပေါ်တွင် တည်ဆောက်ထားပြီး ၁၀၀% ဆောက်လုပ်ပြီးစီး၍ BCC ကျပြီးဖြစ်ကာ အသင့်နေနိုင်မည်ဖြစ်သည်။ Kantharyar Residence ကွန်ဒိုတွင် Residence Tower ၊ Office Tower ၊ Service Apartment ၊ Wyndham 5 Star Hotel ၊ Shopping Centre ၊ JCGV ရုပ်ရှင်ရုံ ၊ လူ ၁၀၀၀ ဆန့်သည့် ရုပ်ရှင်ရုံ (၅) ရုံ တို့ပါဝင်ကြောင်း သိရသည်။ အနီးအနားတွင် ရွှေတိဂုံဘုရား ၊ ကန်တော်ကြီးဥယျာဉ် ၊ မဟာဝိဇယဘုရား ၊ မင်္ဂလာဈေး ၊ ယုဇနပလာဇာ တို့ တည်ရှိသည်။
“ ဒီ Kantharyar Residence မှာဆိုရင် 1485 sqft ကနေ 1608 sqft အထိကျယ်ဝန်းတဲ့ အခန်းများပါဝင်ပါတယ်။ ဒီ Residence ရဲ့ (၂၂) လွှာကနေ ကန်တော်ကြီး အလှကို ကြည့်ရှုခံစားနိုင်ပြီးတော့ ရွှေတိဂုံဘုရားကိုလည်း ထင်ရှားစွာ ဖူးမျှော်နိုင်မှာပဲဖြစ်ပါတယ်။ ဝယ်ယူပြီး (၇) နှစ်အတွင်း အရင်းကျေနိုင်မှာဖြစ်ပြီးတော့ အငှားဈေးကွက်ရှိတဲ့ စီမံကိန်းပဲဖြစ်ပါတယ်။ အခုလိုမျိုး အရောင်းပြပွဲ (၃) ရက်အတွင်းမှာ ကျပ်ငွေ (၆.၃) ဘီလီယံကျော်ဖိုး တန်ဖိုးရှိတဲ့ ကွန်ဒိုအခန်းများကို ရောင်းချပေးနိုင်ခဲ့တဲ့အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ တစ်ခဲနက် ဝယ်ယူအားပေးကြတဲ့ မိဘပြည်သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပကာ ရောင်းချပေးခဲ့သည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။ “ အခုအရောင်းပြပွဲက iMyanmarHouse.com နဲ့ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက်ပွဲပါ။ အရောင်းပြပွဲ (၄) ပွဲစလုံး အောင်မြင်ခဲ့တဲ့အတွက် အထူးဝမ်းမြောက်ပါတယ် ” ဟု AMCD ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးခင်မောင်ဖြူ မှလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
“ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေတွေအပြင် ပြည်ပနိုင်ငံတွေမှာရှိတဲ့ အိမ်ခြံမြေများကိုလည်း ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာစီမံကိန်းတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက် ယုံကြည်အားပေးတဲ့ပရိသတ်ကြီးနဲ့ ခေတ်မှီဆန်းသစ်တဲ့ ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာတွေ ကြောင့်ပါ။ စီမံကိန်းတစ်ခုအောင်မြင်ဖို့အတွက် ထိရောက်တဲ့ အကြံဉာဏ်တွေ ပေးပြီး ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာပေါင်းစုံနဲ့ ရောင်းချပေးပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်နဲ့ ဖုန်းအက်ပလီကေးရှင်းတွေကို လစဉ် ဝင်ရောက်အသုံးပြုနေသူပေါင်း (၃.၈) သန်းကျော်ရှိပါတယ်။ iMyanmarHouse.com ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါဝင်ရောက် အသုံးပြုကာ အိမ်ခြံမြေတွေရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲလက်တွဲပြီး အလုပ်လုပ်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်၊ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၇၀၀) ကျော် ရှိပါတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးကိုကြိုဆိုပါတယ်။ ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Upcoming Property Events
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 30 Aug To 31 Aug
Magical World Apartment
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service