အထပ္ျမင့္အေဆာက္အအုံသစ္အျဖစ္ ရုပ္ရွင္ရုံပါထည့္သြင္းၿပီး ျပင္ဆင္တည္ေဆာက္မည့္ ပေဒသာရုပ္ရွင္ရုံ - Property News in Myanmar from iMyanmarHouse.com
715 Views

အထပ္ျမင့္အေဆာက္အအုံသစ္အျဖစ္ ရုပ္ရွင္ရုံပါထည့္သြင္းၿပီး ျပင္ဆင္တည္ေဆာက္မည့္ ပေဒသာရုပ္ရွင္ရုံ

### Zawgyi Version ###

ပုဂၢလိကပိုင္ျဖစ္သြားေသာ ေတာင္ဥကၠလာပ ရွိ ပေဒသာရုပ္ရွင္ရုံကို ဝယ္ယူသူမ်ားက အထပ္ျမင့္အေဆာက္အအုံအသစ္အျဖစ္ျပင္ဆင္ တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။

ျပင္ဆင္တည္ေဆာက္မည့္ အေဆာက္အအုံသစ္၏ ေလးထပ္တြင္ လူဦးေရ (၂၆၀) ဆံ့ ရုပ္ရွင္ရုံတစ္ရုံ ထည့္သြင္းတည္ေဆာက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

အထပ္ျမင့္မတည္ေဆာက္မီ ေလွ်ာက္ထားဆဲကာလအတြင္း လက္ရွိရုပ္ရွင္ရုံအေဟာင္းကို ရုပ္ရွင္ျပန္လည္ျပသႏိုင္ေရး စီစဥ္ေဆာင္ရြက္လွ်က္ရွိသည္။ယခုႏွစ္ ဇြန္ ၂၅ ရက္ေန႔က ပေဒသာရုပ္ရွင္ရုံ၏ေနာက္ဆုံးအေျခအေနသည္ ဝယ္ယူထားသူမွ စည္ပင္သာယာေရးေကာ္မတီသို႔ အေဆာက္အအုံေဆာက္လုပ္ခြင့္ ေလွ်ာက္ ထားဆဲျဖစ္ေၾကာင္း သိရသည္။

ေတာ္လွန္ေရးေကာင္စီလက္ထက္ ၁၉၆၈ခုႏွစ္က ေတာင္ဥကၠလာပရွိ လွ၊ေအာင္သိဒၶိႏွင့္ပေဒသာ ရုပ္ရွင္ရုံ တို႔ရွိခဲ့ၿပီး လွရုပ္ရွင္ရုံကို ပုဂၢလိကသို႔ေရာင္းခ်ခဲ့ၿပီး အထည္ခ်ဳပ္လုပ္ငန္း ေဆာင္ရြက္ခြင့္ရထားသည္။

၁၉၇၄ ခုႏွစ္၌ မုန္တိုင္းဒဏ္ေၾကာင့္ပ်က္စီးခဲ့ေသာ ေအာင္သိဒၶိရုပ္ရွင္ရုံမွာ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန၊ ရုပ္ရွင္ျမွင့္တင္ေရးဌာနခြဲ(ယခင္ ျမန္မာ့ရုပ္ရွင္လုပ္ငန္း) ဝန္ထမ္းအိမ္ရာေဆာက္လုပ္၍ ၁၉၉၉ ခုႏွစ္ ကတည္းက ဝန္ထမ္းမ်ားေနထိုင္လွ်က္ရွိေၾကာင္း သိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ပုဂ္ဂလိကပိုင်ဖြစ်သွားသော တောင်ဥက္ကလာပ ရှိ ပဒေသာရုပ်ရှင်ရုံကို ဝယ်ယူသူများက အထပ်မြင့်အဆောက်အအုံအသစ်အဖြစ်ပြင်ဆင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ပြင်ဆင်တည်ဆောက်မည့် အဆောက်အအုံသစ်၏ လေးထပ်တွင် လူဦးရေ (၂၆၀) ဆံ့ ရုပ်ရှင်ရုံတစ်ရုံ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

အထပ်မြင့်မတည်ဆောက်မီ လျှောက်ထားဆဲကာလအတွင်း လက်ရှိရုပ်ရှင်ရုံအဟောင်းကို ရုပ်ရှင်ပြန်လည်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိသည်။ယခုနှစ် ဇွန် ၂၅ ရက်နေ့က ပဒေသာရုပ်ရှင်ရုံ၏နောက်ဆုံးအခြေအနေသည် ဝယ်ယူထားသူမှ စည်ပင်သာယာရေးကော်မတီသို့ အဆောက်အအုံဆောက်လုပ်ခွင့် လျှောက် ထားဆဲဖြစ်ကြောင်းသိရသည်။ တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၈ခုနှစ်က တောင်ဥက္ကလာပရှိ လှ၊အောင်သိဒ္ဓိနှင့်ပဒေသာ ရုပ်ရှင်ရုံ တို့ရှိခဲ့ပြီး လှရုပ်ရှင်ရုံကို ပုဂ္ဂလိကသို့ရောင်းချခဲ့ပြီး အထည်ချုပ်လုပ်ငန်း ဆောင်ရွက်ခွင့်ရထားသည်။

၁၉၇၄ ခုနှစ်၌ မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သော အောင်သိဒ္ဓိရုပ်ရှင်ရုံမှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ(ယခင် မြန်မာ့ရုပ်ရှင်လုပ်ငန်း) ဝန်ထမ်းအိမ်ရာဆောက်လုပ်၍ ၁၉၉၉ ခုနှစ် ကတည်းက ဝန်ထမ်းများနေထိုင်လျှက်ရှိကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service