စက်မှုဇုန် (၂၉) ဇုန် အဆင့်မြှင့်တင်ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
1531 Views

စက်မှုဇုန် (၂၉) ဇုန် အဆင့်မြှင့်တင်ဆောင်ရွက်မည်

### Zawgyi Version ###







 

### Unicode Version ###

 ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိမင်္ဂလာခန်းမတွင် ကျင်းပခဲ့သည့် သတင်းမီဒီယာများနှင့်တွေ့ဆုံသည့် အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်ကို အဆင့်မြှင့်တင်မှုများစတင်နေပြီဖြစ်ကြောင်း ပြောထားပါသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ”ရန်ကုန်မှာပြည်တွင်းစက်မှုဇုန်တွေအဖြစ် ရှိခဲ့တဲ့ စက်မှုဇုန် ၂၉ ခုက ခေတ်အဆက်ဆက် အခြေအနေအမျိုးမျိုးပေါ်ကနေ တည်ဆောက်ခဲ့တာဖြစ်တဲ့အတွက် ပြန်လည်ပြီး အဆင့်မြှင့်တင်ရမယ့် အခြေအနေရှိနေပါတယ်။ပုဂ္ဂလိကရော၊အစိုးရရော ပူးပေါင်းဆောင်ရွက်တဲ့ပုံစံမျိုးနဲ့ စက်မှုဇုန်တွေကို အဆင့်မြှင့်တင်ဖို့အတွက် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီတွေကို ကျွန်တော်တို့ဖွဲ့စည်းပြီး အခုအဆင့်မြှင့်တင်မှုတွေကို စတင်နေပြီဖြစ်ပါတယ်။

အဓိက အခက်ခဲဆုံးနဲ့အဓိကဖြေရှင်းရမယ့် အချက်တစ်ခုရှိပါ တယ်။အဲဒါကတော့ စက်မှုဇုန်တွေထဲမှာ ကျူးကျော်နေထိုင်နေတဲ့ပြဿနာပဲဖြစ်ပါတယ်။ဒါကြောင့် ကျူးကျော် နေထိုင်သူတဲ့သူတွေကို ရှင်းလင်းဖို့ဆောင်ရွက်နေပါတယ်။ကျူးကျော်နေထိုင်နေတဲ့သူတွေကို နေရာတစ်ခုမှာ စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့အတွက် ဆောင်ရွက်ပါမယ်”ဟုပြောသည်။

ထို့အပြင်စက်မှုဇုန်များအဆင့်မြှင့်တင်မှုနှင့်စပ်လျဉ်း၍ ရေဆိုးနှင့်အမှိုက်စွန့်ပစ်ရန်၊ရေကောင်းရေသန့်နှင့် လျှပ်စစ်မီးလုံလောက်စွာရရှိရန်၊လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်ရန်တို့အတွက် ထပ်မံဖြည့်ဆည်းဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ထိုသို့အဆင့်မြှင့်တင်နိုင်ရန် တိုင်းဒေသကြီးအစိုးရအနေဖြင့် စက်မှုဇုန်အဆင့်မြှင့် တင်ရေး ကော်မတီတစ်ရပ်ကိုဖွဲ့စည်းခဲ့ကြောင်း၊မိမိအနေဖြင့် နာယကအဖြစ်ပါဝင်ကြောင်း၊စက်မှုဇုန် ၂၉ ဇုန်လုံးတွင် ကြီး ကြပ်ရေးကော်မတီများကိုဖွဲ့စည်းနေကြောင်း ပြောထားပါသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service