ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP) ကိုစတင်မိတ်ဆက် - Property News in Myanmar from iMyanmarHouse.com
1252 Views


 ### Zawgyi Version ###

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စက်မှုလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံချက် မိတ်ဆက်ပွဲ အခမ်းအနား ကို ဇွန် ၂၆ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သည်။



(MIPP) သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒလမ်းညွှန်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း၏ အခြေပြုကိစ္စရပ်ပေါ် အခြေခံ တွက်ချက်ထားသည့် ရင်းနှီးမြှုပ်နှံမှု ဦးတည်ချက်များ ဖြစ်ကြောင်း၊ဦးတည်ချက်များမှာ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ၊၊ ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိနှစ်စဉ် ဒေါ် လာ ၈ ဒသမ ၅ ဘီလီယံ၊ ၂၀၂၆-၂၀၂၇ မှ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ် ဒေါ်လာ ၁၂ ဒသမ ၃ ဘီလီယံနှင့် ၂၀၃၁-၂၀၃၂ မှ ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံ အသီးသီးခန့်မှန်းထားကြောင်းလည်း ပြောထားသည်။



 

### Unicode Version ###

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စက်မှုလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံှံမှု မြှင့်တင်ရေး စီမံချက် မိတ်ဆက်ပွဲ အခမ်းအနား ကို ဇွန် ၂၆ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြား ကုမ္ပဏီများ အဆင်ပြေလွယ်ကူပြီး အခက်အခဲမရှိစေရန်အတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP) ကိုစတင်မိတ် ဆက် ဆောင်ရွက်နေကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP) ကို ဦးစီးကော်မတီလည်း ဖွဲ့ထား ကြောင်း၊သက်ဆိုင်ရာလုပ်ငန်း ကော်မတီလည်း ငါးခုဖွဲ့ပြီး စီမံကိန်းများ အောင်မြင်အောင် ယခုကစမိတ်ဆက်ပြီး တော့ စလုပ်မည် ဖြစ်ကြောင်း၊အောင်မြင်မည်ဆိုလျှင် မိမိတို့နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံပေါင်းစုံ က ကုမ္ပဏီများလည်း လာရောက်သည့် အခါတွင် အဆင်ပြေအောင်၊လွယ်ကူအောင်၊ အခက်အခဲများလည်း မရှိအောင် ကျွန်တော်တို့က လုပ်နေတာ ဖြစ်ပါကြောင်း၊ခေတ်မီဖွံ့ဖြိုးတိုးတတ်ပြီး သာယာဝပြောတဲ့နိုင်ငံဖြစ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့်နည်းပညာလိုအပ်သည့်အပြင် လက်ရှိတွင် JICA အကူအညီဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေး စီမံကိန်း (MIPP) ကိုလုပ်ဆောင်နေပါကြောင်းတို့ကိုပြောထားသည်။

(MIPP) သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒလမ်းညွှန်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံှံမှု စီမံကိန်း၏ အခြေပြုကိစ္စရပ်ပေါ် အခြေခံ တွက်ချက်ထားသည့် ရင်းနှီးမြှုပ်နှံှံမှု ဦးတည်ချက်များ ဖြစ်ကြောင်း၊ဦးတည်ချက်များမှာ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ၊၊ ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိနှစ်စဉ် ဒေါ် လာ ၈ ဒသမ ၅ ဘီလီယံ၊ ၂၀၂၆-၂၀၂၇ မှ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ် ဒေါ်လာ ၁၂ ဒသမ ၃ ဘီလီယံနှင့် ၂၀၃၁-၂၀၃၂ မှ ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံ အသီးသီးခန့်မှန်းထားကြောင်းလည်း ပြောထားသည်။ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စက်မှုလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံချက်ကို စက်မှုဖွံ့ဖြိုးတိုးတက်မှု မူဝါဒများ ခိုင်မာစေရန်၊ ပြည်တွင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအကြား ချိတ်ဆက်ဆောင်ရွက်မှုများ မြှင့်တင်ရန်၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆွဲဆောင်ရန်၊ စီမံချက်၏ သတ်မှတ်နယ်ပယ်အတွင်းရှိ စက်မှု လုပ်ငန်းများ၏ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လုပ်မှု၊ ဖြန့်ဖြူးမှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန်နှင့် မြန်မာနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စက်မှုလုပ်ငန်းများကို မြှင့်တင်ရန် ရည်ရွယ်၍ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service