ရန္ကုန္ၿမိဳ႕တြင္ အထပ္အျမင့္ဆုံး သံမဏိအေဆာက္အအုံတစ္ခုျဖစ္လာမည့္ M Tower အား ပထမဆုံးဖြင့္လွစ္မည္ - Property News in Myanmar from iMyanmarHouse.com
12355 Views

ရန္ကုန္ၿမိဳ႕တြင္ အထပ္အျမင့္ဆုံး သံမဏိအေဆာက္အအုံတစ္ခုျဖစ္လာမည့္ M Tower အား ပထမဆုံးဖြင့္လွစ္မည္

### Zawgyi Version ###

ဇြန္ ၂၉ ရက္က ရန္ကုန္ၿမိဳ႕တြင္ ေခတ္မီအဆင့္ျမင့္႐ုံး ခန္းအေဆာက္အအုံမ်ား၊ အပန္းေျဖစရာ ကုန္တိုက္မ်ား၊ ပထမဆုံးႏွင့္ အႀကီးဆုံးငါးျပတိုက္စသည့္ စီမံကိန္းမ်ားႏွင့္ စပ္လ်ဥ္းသည့္ ေဆာင္႐ြက္ခ်က္မ်ားအား ရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ ဝယ္ယူရန္ အလားအလာရွိသူမ်ား Mottama Development Group က မိတ္ဆက္ရွင္းလင္းခဲ့သည္။

Mottama Development Group မွ တည္ဆာက္ေနသည့္ ႏိုင္ငံတကာစီမံကိန္း ငါးခုအနက္ ရန္ကုႏ္ ၿမိဳ႕တြင္ အထပ္အျမင့္ဆုံးသံမဏိ အေဆာက္အအုံတစ္ခုျဖစ္လာမည့္ လွည္းတန္းလမ္းဆုံ၊ ျပည္လမ္းမေပၚတြင္တည္ရွိသည့္ M Tower ကို ပထမဆုံးဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

မိတ္ဆက္ရွင္းလင္းပြဲတြင္ Mottama Development Group ၏ ဥကၠ႒ဦးရန္ဟိုက “ကြၽန္ေတာ္တို႔ရဲ႕ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းေတြက ရန္ကုန္ၿမိဳ႕ရဲ႕ လူေနမႈဘဝကို အဆင့္ျမႇင့္တင္ေပးႏိုင္မွာပါ။ တစ္ခ်ိန္တည္းမွာပဲ ဝယ္ယူသူေတြကို အရည္အေသြးျပည့္မီတဲ့ အေဆာက္အအုံစီမံကိန္းေတြနဲ႔ ဝန္ေဆာင္မႈေတြကို ေပးအပ္ျခင္းကေန အလုပ္အကိုင္အခြင့္အလမ္းေတြျဖစ္ေပၚလာေစၿပီး ကြၽမ္းက်င္မႈအတတ္ပညာေတြနဲ႔ လုပ္ခလစာေတြကို ျမႇင့္တင္ေပးႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ကေတာ့ ဆန္းသစ္တီထြင္မႈေတြနဲ႔ ကုမၸဏီရဲ႕ဖြံ႕ၿဖိဳး တိုးတတ္မႈသာမက လုပ္ငန္းက႑တစ္ခုလုံးနဲ႔ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ အေထာက္အကူျပဳတဲ့ ၂၁ ရာစုရဲ႕ ဝန္ထမ္းေတြကို ပ်ိဳးေထာင္ေပးဖို႔ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ျမန္မာႏိုင္ငံသားေတြအတြက္ ပိုမိုေကာင္းမြန္တဲ့လူေနမႈ ဘဝေတြနဲ႔ အခြင့္အလမ္းေကာင္းေတြကို ရရွိေစရန္အတြက္ စီးပြားေရးက႑ကိုလည္း ျမႇင့္တင္ေပးလိုပါတယ္”ဟုေျပာပါသၫ္။

MDG အေနႏွင့္ယခု M Tower အပါအဝင္ ပထမဆုံးၿမိဳ႕ျပင္လူေနမႈပုံစံ အပန္းေျဖစရာကုန္တိုက္ျဖစ္ လာမည့္ အမွတ္(၃)လမ္းမႀကီးႏွင့္ဘက္စ္ကားဂိတ္အနီးရွိ Terminal M၊ေရႊတိဂုံဘုရားအနီးကန္ေတာ္ႀကီး ဥယ်ာဥ္မွာတည္ေဆာက္ထာသည့္ ေရေအာက္ဥမင္လႈိဏ္ေခါင္းပါသည့္ ႏိုင္ငံတကာအဆင့္မီ ငါးျပတိုက္ႀကီး၊ ရန္ကုန္ဆိပ္ကမ္းအနီး စီးပြားေရးအခ်က္အခ်ာက်သည့္ေနရာတြင္ ေခတ္မီရုံးခန္းအေဆာက္အအုံမ်ားပါဝင္သည့္ Habour Trade Tower ႏွင့္ေလဆိိပ္အနီးျပည္လမ္းမေပၚရွိ M Tower တို႔ကို ႏိုင္ငံတကာအဆင့္မီတည္ေဆာက္ေနျခင္းျဖစ္သည္။

MDG ကုမၸဏီသည္ ရန္ကုန္အေျခစိုက္ကုမၸဏီတစ္ခုျဖစ္ၿပီး ရုံးခန္းအေဆာက္အအုံမ်ား၊အပန္းေျဖေနရာ မ်ားစသည့္ အႀကီးစားအိမ္ျခံေျမဖြံ႔ၿဖိဳးတိုးတတ္မႈမ်ားကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနၿပီး ၎၏မိခင္ကုမၸဏီမွာ Mottama Holdings ျဖစ္သည္။မိခင္ကုမၸဏီအေနႏွင့္ကုန္သြယ္ေရးလုပ္ငန္း၊ဖြံ႔ၿဖိဳးတိုးတတ္ေရးလုပ္ငန္း၊ စက္ရုံအလုပ္ရုံလုပ္ငန္းမ်ားႏွင့္စုေပါင္းဖြဲစည္းထားေသာ စီးပြားေရးလုပ္ငန္းစုတစ္ခုျဖစ္ေၾကာင္း သိရသည္။

မိုးယံလင္းထင္ မွ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

 

### Unicode Version ###

ဇွန် ၂၉ ရက်က ရန်ကုန်မြို့တွင် ခေတ်မီအဆင့်မြင့်ရုံး ခန်းအဆောက်အအုံများ၊ အပန်းဖြေစရာ ကုန်တိုက်များ၊ ပထမဆုံးနှင့် အကြီးဆုံးငါးပြတိုက်စသည့် စီမံကိန်းများနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရင်းနှီးမြှုပ်နှံသူများနှင့် ဝယ်ယူရန် အလားအလာရှိသူများ Mottama Development Group က မိတ်ဆက်ရှင်းလင်းခဲ့သည်။

Mottama Development Group မှ တည်ဆာက်နေသည့် နိုင်ငံတကာစီမံကိန်း ငါးခုအနက် ရန်ကုန် မြို့တွင် အထပ်အမြင့်ဆုံးသံမဏိ အဆောက်အအုံတစ်ခုဖြစ်လာမည့် လှည်းတန်းလမ်းဆုံ၊ ပြည်လမ်းမပေါ်တွင်တည်ရှိသည့် M Tower ကို ပထမဆုံးဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

မိတ်ဆက်ရှင်းလင်းပွဲတွင် Mottama Development Group ၏ ဥက္ကဋ္ဌဦးရန်ဟိုက “ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေက ရန်ကုန်မြို့ရဲ့ လူနေမှုဘဝကို အဆင့်မြှင့်တင်ပေးနိုင်မှာပါ။ တစ်ချိန်တည်းမှာပဲ ဝယ်ယူသူတွေကို အရည်အသွေးပြည့်မီတဲ့ အဆောက်အအုံစီမံကိန်းတွေနဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်ခြင်းကနေ အလုပ်အကိုင်အခွင့်အလမ်းတွေဖြစ်ပေါ်လာစေပြီး ကျွမ်းကျင်မှုအတတ်ပညာတွေနဲ့ လုပ်ခလစာတွေကို မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ဆန်းသစ်တီထွင်မှုတွေနဲ့ ကုမ္ပဏီရဲ့ဖွံ့ဖြိုး တိုးတတ်မှုသာမက လုပ်ငန်းကဏ္ဍတစ်ခုလုံးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုတဲ့ ၂၁ ရာစုရဲ့ ဝန်ထမ်းတွေကို ပျိုးထောင်ပေးဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံသားတွေအတွက် ပိုမိုကောင်းမွန်တဲ့လူနေမှု ဘဝတွေနဲ့ အခွင့်အလမ်းကောင်းတွေကို ရရှိစေရန်အတွက် စီးပွားရေးကဏ္ဍကိုလည်း မြှင့်တင်ပေးလိုပါတယ်”ဟုပြောပါသည်။

MDG အနေနှင့်ယခု M Tower အပါအဝင် ပထမဆုံးမြို့ပြင်လူနေမှုပုံစံ အပန်းဖြေစရာကုန်တိုက်ဖြစ် လာမည့် အမှတ်(၃)လမ်းမကြီးနှင့်ဘက်စ်ကားဂိတ်အနီးရှိ Terminal M၊ရွှေတိဂုံဘုရားအနီးကန်တော်ကြီး ဥယျာဉ်မှာတည်ဆောက်ထာသည့် ရေအောက်ဥမင်လှိုဏ်ခေါင်းပါသည့် နိုင်ငံတကာအဆင့်မီ ငါးပြတိုက်ကြီး၊ ရန်ကုန်ဆိပ်ကမ်းအနီး စီးပွားရေးအချက်အချာကျသည့်နေရာတွင် ခေတ်မီရုံးခန်းအဆောက်အအုံများပါဝင်သည့် Habour Trade Tower နှင့်လေဆိပ်အနီးပြည်လမ်းမပေါ်ရှိ M Tower တို့ကို နိုင်ငံတကာအဆင့်မီတည်ဆောက်နေခြင်းဖြစ်သည်။

MDG ကုမ္ပဏီသည် ရန်ကုန်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး ရုံးခန်းအဆောက်အအုံများ၊အပန်းဖြေနေရာ များစသည့် အကြီးစားအိမ်ခြံမြေဖွံ့ဖြိုးတိုးတတ်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ၎င်း၏မိခင်ကုမ္ပဏီမှာ Mottama Holdings ဖြစ်သည်။မိခင်ကုမ္ပဏီအနေနှင့်ကုန်သွယ်ရေးလုပ်ငန်း၊ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံလုပ်ငန်းများနှင့်စုပေါင်းဖွဲစည်းထားသော စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်ကြောင်း သိရသည်။

မိုးယံလင်းထင် မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service