Sustain Company မှတည်ဆောက်သည့် မင်းဓမ္မလမ်းအနီးရှိ Royal Theikdi ကွန်ဒိုအရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
745 Views
Sustain Company မှတည်ဆောက်သည့် မင်းဓမ္မလမ်းအနီးရှိ Royal Theikdi ကွန်ဒိုအရောင်းပြပွဲ
### Zawgyi Version ###
iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် မင်းဓမ္မလမ်းအနီးရှိ Royal Theikdi ကွန်ဒိုအရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ ဇွန်လ ( ၂၉ ၊ ၃၀ ) စနေ ၊ တနင်္ဂနွေ ရက်များတွင် ရန်ကုန်မြို့ Melia Hotel ၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ပြပွဲ (၂) ရက်အတွင်းတွင် ပထမဦးဆုံးဝယ်ယူသူ (၁၀) ဦးကို ၂၀% အထိ သက်သာခွင့်များနှင့်အတူ ဘဏ်နှင့်ချိတ်ဆက်ပြီး နှစ်ရှည်အရစ်ကျ ငွေပေးချေမှုစနစ်များဖြင့် ရောင်းချခဲ့ရာ ရောင်းအားကောင်းခဲ့ကြောင်း သိရသည်။
Royal Theikdi Condo ကို Sustain Co., Ltd. မှ အရည်အသွေးပြည့်မီစွာ တည်ဆောက်ထားပြီး 70% အထိ ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါကွန်ဒိုတွင် 973 sqft မှ 1265 sqft အထိ ကျယ်ဝန်းသော အခန်းများကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ Facilities များအနေဖြင့် ကားပါကင် ၊ ရေကူးကန် ၊ ကလေးကစားကွင်း ၊ အားကစားခန်းမ ၊ 24-hour generator ၊ 24-hour Security များ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ အနီးအနားတွင်လည်း ဝိတိုရိယ ဆေးရုံ ၊ MCC ခန်းမ ၊ ၉ မိုင် Ocean ၊ Junction 8 ၊ Airport တို့တည်ရှိသည်။
“ ဒီ Royal Theikdi Condo ဟာ ဂရန်မြေပေါ်မှာ ကွန်ဒိုမီနီယံဥပဒေအတိုင်းတည်ဆောက်ထားတာကြောင့် မြေအချိုးကျ ပိုင်ဆိုင်မှုရရှိမှာပါ။ မင်းဓမ္မလမ်း ၊ အင်းစိန်လမ်းမကြီး ၊ ပြည်လမ်းမကြီး တို့ကိုလည်း လွယ်ကူလျင်မြန်စွာ ဝင်ထွက်သွားလာနိုင်မှာဖြစ်လို့ Location အရ အားသာမှုရှိတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ရန်ကုန်မြို့၏ ဒုတိယစီးပွားရေးဇုန်မှာ တည်ရှိတာကြောင့် ရင်းနှီးမြုှပ်နှံဖို့အတွက် ဝယ်ယူမယ်ဆိုရင်လည်း ရွေးချယ်သင့်တဲ့ ကွန်ဒိုတစ်ခုပဲဖြစ်ပါတယ်။ Developer နဲ့ တိုက်ရိုက်ညှိနှိုင်းငွေချေစနစ်အပြင် Home Loan နဲ့ ( ၁၅ )နှစ်အထိ ငွေချေစနစ်များနဲ့ ရောင်းချခဲ့တာကြောင့် ဝယ်သူများအတွက် အဆင်ပြေစေပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။
“ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေတွေအပြင် ပြည်ပနိုင်ငံတွေမှာရှိတဲ့ အိမ်ခြံမြေများကိုလည်း ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာစီမံကိန်းတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက် ယုံကြည်အားပေးတဲ့ပရိသတ်ကြီးနဲ့ ခေတ်မှီဆန်းသစ်တဲ့ ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာတွေ ကြောင့်ပါ။ စီမံကိန်းတစ်ခုအောင်မြင်ဖို့အတွက် ထိရောက်တဲ့ အကြံဉာဏ်တွေ ပေးပြီး ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာပေါင်းစုံနဲ့ ရောင်းချပေးပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်နဲ့ ဖုန်းအက်ပလီကေးရှင်းတွေကို လစဉ် ဝင်ရောက်အသုံးပြုနေသူပေါင်း (၃.၈) သန်းကျော်ရှိပါတယ်။ iMyanmarHouse.com ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါဝင်ရောက် အသုံးပြုကာ အိမ်ခြံမြေတွေရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲလက်တွဲပြီး အလုပ်လုပ်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်၊ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၇၀၀) ကျော် ရှိပါတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးကိုကြိုဆိုပါတယ်။” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Upcoming Property Events
From 06 Sep To 07 Sep
Mingalar Market
From 13 Sep To 14 Sep
INNO CITY
From 13 Sep To 14 Sep
Magical World Apartment
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service