ၿမိဳ႕သစ္စီမံကိန္းတစ္ခု စစ္ေတြၿမိဳ႕တြင္ အေကာင္အထည္ေဖာ္ရန္စီစဥ္ - Property News in Myanmar from iMyanmarHouse.com
3567 Views

ၿမိဳ႕သစ္စီမံကိန္းတစ္ခု စစ္ေတြၿမိဳ႕တြင္ အေကာင္အထည္ေဖာ္ရန္စီစဥ္

### Zawgyi Version ###

ရခိုင္ျပည္နယ္ ၏ ျမိဳ႕ေတာ္ စစ္ေတြျမိဳ႕ ၏ အေရွ႕ေျမာက္ဘက္ရွိ ေက်းေတာေက်းရြာႏွင့္ ေရႊမင္းဂံေက်းရြာ အနီး ေျမဧက ၇၀ဝ၀ ေပၚတြင္ Gold Coast KTMG Development ကုမၸဏီက အေမရိကန္ေဒၚလာ ၃၈ ဘီလီယံ အကုန္အက်ခံကာအေကာင္အထည္ေဖာ္ရန္ စီစဥ္ေနျခင္းျဖစ္ၿပီး ျပည္ေထာင္စုအစိုးရထံ စီမံကိန္းအေကာင္အထည္ ေဖာ္ခြင့္ရရန္ တင္ျပထားၿပီျဖစ္ေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠ႒က ေျပာထားရာတြင္ ကုမၸဏီအေနနဲ႔လိုအပ္တဲ့ေျမဧက ၇၀ဝ၀ ကို ရရွိေအာင္ ပထမဆံုးႀကိဳးစားရမွာျဖစ္ေၾကာင္း၊ရလာသည့္အခါ လႊတ္ေတာ္ႏွင့္အစိုးရအဖြဲ႔၏ ေထာက္ခံခ်က္ႏွင့္လုပ္ပိုင္ခြင့္ရဖို႔အတြက္ကို အထက္ကို တင္ျပရမွာျဖစ္ေၾကာင္း၊တင္ျပၿပီးလို႔ ရတယ္ဆိုရင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဝင္လာဖို႔ရွိေၾကာင္း သိရပါသည္။

စီမံကိန္း ေဆာင္ရြက္ခြင့္ရရွိမည္ဆိုပါက ၂၀၂၀ ျပည့္ႏွစ္တြင္ စတင္အေကာင္အထည္ေဖာ္ၿပီး ၂၀၃၀ ျပည့္ႏွစ္တြင္ အၿပီးတည္ေဆာက္သြားမည္ဟုလည္း သိရသည္။စီမံကိန္းအေကာင္အထည္ေဖာ္မည့္ ကုမၸဏီအေနႏွင့္ယခုစီမံကိန္းတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္အတြက္ ျပင္သစ္၊ အေမရိကန္၊ အဂၤလန္ႏွင့္ ဩစေၾတးလ်ႏိုင္ငံတို႔မွ ကုမၸဏီမ်ားကိုလည္း ဖိတ္ေခၚထားေၾကာင္း သိရသည္။

အက်ိဳးဆက္အေနႏွင့္လည္း ရခိုင္ျပည္မွာရွိတဲ့ လူငယ္မ်ား အလုပ္လက္အကိုင္ရရွိလာႏိုင္ေၾကာင္း၊ ပညာေရးအတြက္ အခြင့္အလမ္းေတြ ပိုမိုရရွိလာႏိုင္ၿပီးၿပီး တျခားစီးပြားေရး လုပ္ငန္းလည္း တိုးတက္လာမွာ ျဖစ္သည့္အတြက္ လႊတ္ေတာ္က အၿမဲတမ္းၾကိဳဆိုေၾကာင္းေျပာျပထားပါသည္။

လက္ရွိတြင္လည္း၂၀၁၆ ခုႏွစ္ မတ္လတြင္ ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္ (MIC) ၏ ခြင့္ျပဳခ်က္ရ ၿပီးျဖစ္သည့္ ေျမဖို႔ေျမယာစီမံကိန္းကို ကိုရီးယားကုမၸဏီတစ္ခုျဖစ္ေသာ BXT ကုမၸဏီႏွင့္ ရခိုင္ျပည္နယ္အစိုးရ တို႔ပူးေပါင္း၍ ေျမကြက္မ်ားကိုေရာင္းခ်ေပးေနေၾကာင္း သိရသည္။

 

ခြန္ေနာင္လြင္ထူး မွ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ ၏ အရှေ့မြောက်ဘက်ရှိ ကျေးတောကျေးရွာနှင့် ရွှေမင်းဂံကျေးရွာ အနီး မြေဧက ၇၀ဝ၀ ပေါ်တွင် Gold Coast KTMG Development ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၃၈ ဘီလီ ယံ အကုန် အကျခံကာအကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရထံ စီမံကိန်းအကောင်အထည် ဖော်ခွင့်ရရန် တင်ပြထားပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြောထားရာတွင် ကုမ္ပဏီအနေနဲ့လိုအပ်တဲ့မြေဧက ၇၀ဝ၀ ကို ရရှိအောင် ပထမဆုံးကြိုးစားရမှာဖြစ်ကြောင်း၊ရလာသည့်အခါ လွှတ်တော်နှင့်အစိုးရအဖွဲ့၏ ထောက်ခံချက်နှင့်လုပ်ပိုင်ခွင့်ရဖို့အတွက်ကို အထက်ကို တင်ပြရမှာဖြစ်ကြောင်း၊တင်ပြပြီးလို့ ရတယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ရှိကြောင်း သိရပါသည်။

စီမံကိန်း ဆောင်ရွက်ခွင့်ရရှိမည်ဆိုပါက ၂၀၂၀ ပြည့်နှစ်တွင် စတင်အကောင်အထည်ဖော်ပြီး ၂၀၃၀ ပြည့်နှစ်တွင် အပြီးတည်ဆောက်သွားမည်ဟုလည်း သိရသည်။စီမံကိန်းအ ကောင်အထည်ဖော်မည့် ကုမ္ပဏီအ နေနှင့်ယခုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ပြင်သစ်၊ အမေရိကန်၊ အင်္ဂ လန်နှင့် ဩစတြေးလျနိုင်ငံတို့မှ ကုမ္ပဏီများကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။

အကျိုးဆက်အနေနှင့်လည်း ရခိုင်ပြည် မှာရှိတဲ့ လူငယ်များ အလုပ်လက်အကိုင်ရရှိလာနိုင်ကြောင်း၊ ပညာရေးအတွက် အခွင့်အလမ်းတွေ ပိုမိုရရှိလာနိုင်ပြီးပြီး တခြားစီးပွားရေး လုပ်ငန်းလည်း တိုးတက်လာမှာ ဖြစ်သည့်အတွက် လွှတ်တော်က အမြဲတမ်း ကြိုဆိုကြောင်းပြောပြထားပါသည်။

လက်ရှိတွင်လည်း၂၀၁၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ရ ပြီးဖြစ်သည့် မြေဖို့မြေယာစီမံကိန်းကို ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သော BXT ကုမ္ပဏီနှင့် ရခိုင်ပြည်နယ်အစိုးရ တို့ပူးပေါင်း၍ မြေကွက်များကိုရောင်းချပေးနေကြောင်း သိရသည်။

 

ခွန်နောင်လွင်ထူး မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service