ရန်ကုန် - ဒလ တံတားစီမံကိန်း ဒလဘက်ကမ်း၌ အောက်ခံဘိုးပိုင်တူးခြင်းလုပ်ငန်း စတင်ပြုလုပ် လုပ်ငန်းများ ၂၀၂၂ ၌ အပြီးဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
1961 Views

ရန်ကုန် - ဒလ တံတားစီမံကိန်း ဒလဘက်ကမ်း၌ အောက်ခံဘိုးပိုင်တူးခြင်းလုပ်ငန်း စတင်ပြုလုပ် လုပ်ငန်းများ ၂၀၂၂ ၌ အပြီးဆောင်ရွက်မည်

### Zawgyi Version ###

ရန်ကုန် - ဒလ တံတားစီမံကိန်း အတွက် ဒလ ဘက်ကမ်း၌ အောက်ခံဘိုးပိုင်တူးခြင်းလုပ်ငန်းကို ဇွန် ၂၈ ရက်ကစတင်ခဲ့ပြီး တံတားတည်ဆောက်ရေးစီမံကိန်းကာလအား ၂၀၂၂ နှစ်ကုန်ပိုင်းအထိမျှော်မှန်း ထားကြောင်း သိရသည်။

"တံတားတည်ဆောက်ရေးကာလကို ၂၀၂၂ နှစ်ကုန်ပိုင်းအထိ မှန်းထားပါတယ်။ မေလမှာ ဒီတံတားစီမံကိန်းစခဲ့တယ်။ ခန့်မှန်းကာလ ၄၁ လအတွင်းမှာ အပြီးတည် ဆောက်သွားမှာပါ။ ဒီနေ့ကစပြီး ပိုင်စိုက်ထူခြင်းနဲ့ အောက်ခြေလုပ်ငန်းတွေကိုဆောင်ရွက်သွားမှာပါ" ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒလ တံတားစီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့ဝင် ဦးသက်ဝေအောင်က ပြောဆိုသည်။

ထိခိုက်မှုအနည်းဆုံးဖြစ်ရန်

ရန်ကုန် - ဒလ တံတား စီမံကိန်းသည် ရန်ကုန်မြို့လယ်၌ တည်ဆောက်နေခြင်းဖြစ်၍ ပြည်သူများထိခိုက်မှုအနည်းဆုံးဖြစ်ရန် အချိန်ယူညှိနှိုင်းတိုင်ပင်ကာ နိုင်ငံတကာစံချိန်စံနှုန်း ဖြင့် တစ်ဆင့်ပြီးတစ်ဆင့်တည်ဆောက်နေရခြင်းဖြစ်သည်။

"အခုလုပ်ငန်းတွေစတင်တာမြင်ရတော့ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တော့ မရှိတော့ဘူး"ဟု ဒလမြို့နယ်နေ ဦးသောင်းထွန်းက ပြောဆိုသည်။

ရန်ကုန် - ဒလ တံတား စီမံကိန်းတည်ဆောက်ရန် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်ကတည်းက စတင်ဆွေးနွေးခဲ့ကြသော်လည်း ချေးငွေကိစ္စများကြောင့် စီမံကိန်းအကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့ရပြီးမှ ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်သည်။

ပိုမိုဖွံ့ဖြိုးလာမည်

အဆိုပါတံတားစီမံကိန်းပြီးစီးပါက ဧရိယာအကျယ်အဝန်း ၈၆ ဒသမ ၅ စတုရန်း မိုင်ရှိသည့် ဒလမြို့နယ်၏ မြို့ပြဖွံ့ဖြိုးမှုအပါအဝင် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဒလမြို့နယ်နှင့် တစ်ဆက်တည်းရှိနေသည့် တွံတေး ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များသည်လည်း ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ–ကိုရီးယား ချစ်ကြည်ရေးအဖြစ် ဒလတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံ၏ချေးငွေဖြင့် တည်ဆောက် နေခြင်းဖြစ်သည်။

Credit: The Myanmar Times

 

### Unicode Version ###








Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service