လႈိင္သာယာ၊ ေ႐ႊျပည္သာႏွင့္ ဒဂုံၿမိဳ႕သစ္ ေလးၿမိဳ႕နယ္ရွိ က်ဴးေက်ာ္မ်ားအတြက္ အစိုးရပိုင္ေျမေပၚတြင္ က်ပ္သိန္း ၃၀ ဝန္းက်င္ျဖင့္ ေနအိမ္မ်ားေဆာက္လုပ္ႏိုင္ရန္ ျပင္ဆင္လ်က္ရွိဟု ဝန္ႀကီးခ်ဳပ္ေျပာၾကား - Property News in Myanmar from iMyanmarHouse.com
1910 Views

လႈိင္သာယာ၊ ေ႐ႊျပည္သာႏွင့္ ဒဂုံၿမိဳ႕သစ္ ေလးၿမိဳ႕နယ္ရွိ က်ဴးေက်ာ္မ်ားအတြက္ အစိုးရပိုင္ေျမေပၚတြင္ က်ပ္သိန္း ၃၀ ဝန္းက်င္ျဖင့္ ေနအိမ္မ်ားေဆာက္လုပ္ႏိုင္ရန္ ျပင္ဆင္လ်က္ရွိဟု ဝန္ႀကီးခ်ဳပ္ေျပာၾကား

### Zawgyi Version ###

လႈိင္သာယာ ေ႐ႊျပည္သာ ႏွင့္ ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္ရွိ က်ဴးေက်ာ္မ်ားအတြက္ အစိုးရပိုင္ေျမေပၚတြင္ က်ပ္သိန္း ၃၀ ဝန္းက်င္ ျဖင့္ ေနအိမ္မ်ားေဆာက္လုပ္ႏိုင္ရန္ ျပင္ဆင္လ်က္ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ဇြန္ ၂၉ ရက္က ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

က်ဴးေက်ာ္ေနထိုင္သူမ်ားကို ရွင္းလင္းရာတြင္ စနစ္တက်ေနရာတစ္ခုတြင္ စီမံခန႔္ခြဲႏိုင္ရန္အတြက္ ေဆာင္႐ြက္ေၾကာင္း၊ ယင္းကိစၥအတြက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ တိုင္းေဒသႀကီးအစိုးရႏွင့္ လူမႈအဖြဲ႕အစည္းမ်ားတြင္ တာဝန္ယူေဆာင္႐ြက္ေနၾကသည့္ NGO မ်ားႏွင့္ေပါင္းစည္းၿပီး က်ဴးေက်ာ္မ်ားအား ေျမကြက္ေနရာခ်ေပးရန္ ေဆာင္႐ြက္ေနေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာၾကားသည္။

“အဲဒီေျမကြက္ကို သူ႔ကို အပိုင္ေပးမွာလည္း မဟုတ္ပါဘူး။ ဒီေျမကြက္ေပၚမွာ သူ ေနလို႔ရမယ္။ အဲဒီေျမကြက္က အစိုးရပိုင္ဆိုင္ၿပီး Communiy ပိုင္အျဖစ္ပဲ ထားမွာ ျဖစ္ပါတယ္။ အဲဒီေနရာမွာ အခန္းငွားလို႔မရဘူး။ ေရာင္းစားလို႔မရဘူး။ ဒီေနရာကေန ေနာက္ထပ္အဆင့္ျမင့္တဲ့ေနရာကို သြားမယ္ဆိုရင္ ဒီေနရာကိုျပန္ေပးခဲ့ဖို႔ပဲ ျဖစ္ပါတယ္။သူ ဒီဘဝက မတိုးတက္ႏိုင္ေသးဘူးဆိုရင္ ဒီမွာေနလို႔ရပါတယ္။ အဲဒီအိမ္ေလးတစ္လုံးကို တည္ေဆာက္မယ္ဆိုရင္ က်ပ္ ၂၅ သိန္း ကေန သိန္း ၃၀ ေလာက္အထိကို ကုန္မွာျဖစ္ပါတယ္။ ဒါကိုေတာ့ ေခ်းေငြတစ္ခုရႏိုင္ဖို႔ ကြၽန္ေတာ္တို႔ေဆာင္႐ြက္ေပးမွာ ျဖစ္ပါတယ္။ Micro Finance နဲ႔ေဆာင္႐ြက္ဖို႔ ျပင္ဆင္ေန ပါတယ္” ဟု ဝန္ႀကီးခ်ဳပ္က ေျပာၾကားသည္။

အစိုးရအေနျဖင့္ Micro Finance ေခ်းေငြ အတိုးႏႈန္းကို အနည္းဆုံးျဖစ္ေအာင္ ညႇိႏႈိင္းေဆာင္႐ြက္ေပးမည္ျဖစ္ၿပီး အိမ္သာ စနစ္တက်ျဖစ္ေစရန္၊ ေရရရွိရန္၊ လွ်ပ္စစ္မီးေပးႏိုင္ရန္ ေဆာင္႐ြက္ေပးမည္ျဖစ္ကာ ရန္ကုန္တိုင္း အတြင္း ေနေရးခက္ခဲသူမ်ားကို ေနရာထိုင္ရာတြင္ အဆင္ေျပႏိုင္သည့္ အဆင့္တစ္ဆင့္အျဖစ္ ဖန္တီးေပးရန္ ျပင္ဆင္ေနေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာၾကားသည္။

“ဒီလိုပုံစံမ်ိဳးနဲ႔ စက္မႈဇုန္ ေတြထဲမွာရွိတဲ့ က်ဴးေက်ာ္ေတြ၊ လမ္းမေပၚမွာ ေရာက္ေနတဲ့ က်ဴးေက်ာ္ေတြကို ရွင္းလင္းဖို႔ ျပင္ဆင္ပါတယ္။ ဒါကို လႈိင္သာယာ ၊ ေ႐ႊျပည္သာ နဲ႔ ဒဂုံ ေလးၿမိဳ႕နယ္မွာ ေဆာင္႐ြက္ဖို႔အတြက္ စၿပီးစာရင္းျပဳစုတာ။ သူတို႔နဲ႔ေတြ႕ၿပီး ေဆြးေႏြးတာ၊ တိုင္ပင္တာေတြကို ကြၽန္ေတာ္တို႔ေဆာင္႐ြက္ေနပါတယ္။ ဒီအေျခအေနေတြေပၚကေန တျဖည္းျဖည္းခ်င္းတိုးျမႇင့္ၿပီး ေဆာင္႐ြက္သြားဖို႔ ေမွ်ာ္လင့္ပါတယ္” ဟု ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာၾကားသည္။

အဆိုပါေနအိမ္မ်ားေဆာက္လုပ္ေပးမည့္ ၿမိဳ႕နယ္တစ္ၿမိဳ႕နယ္စီတြင္ ေနအိမ္တစ္ေသာင္းစီ ပထမအဆင့္တြင္ ေဆာင္႐ြက္ေပးရန္ စီစဥ္ထားၿပီး က်ဴးေက်ာ္ Smart Card ရွိၿပီးသူမ်ားႏွင့္ အမွန္တကယ္ ေနေရးအခက္ အခဲျဖစ္ေၾကာင္း အခ်က္အလက္ရွိသူမ်ားကို ထည့္သြင္း စဥ္းစားေပးမည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာၾကားသည္။

 

Credit: Eleven Media Group

### Unicode Version ###

လှိုင်သာယာ ၊ ရွှေပြည်သာ နှင့် ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ကျူးကျော်များအတွက် အစိုးရပိုင်မြေပေါ်တွင် ကျပ်သိန်း ၃၀ ဝန်းကျင် ဖြင့် နေအိမ်များဆောက်လုပ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန် ၂၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ကျူးကျော်နေထိုင်သူများကို ရှင်းလင်းရာတွင် စနစ်တကျနေရာတစ်ခုတွင် စီမံခန့်ခွဲနိုင်ရန်အတွက် ဆောင်ရွက်ကြောင်း၊ ယင်းကိစ္စအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရနှင့် လူမှုအဖွဲ့အစည်းများတွင် တာဝန်ယူဆောင်ရွက်နေကြသည့် NGO များနှင့်ပေါင်းစည်းပြီး ကျူးကျော်များအား မြေကွက်နေရာချပေးရန် ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“အဲဒီမြေကွက်ကို သူ့ကို အပိုင်ပေးမှာလည်း မဟုတ်ပါဘူး။ ဒီမြေကွက်ပေါ်မှာ သူ နေလို့ရမယ်။ အဲဒီမြေကွက်က အစိုးရပိုင်ဆိုင်ပြီး Communiy ပိုင်အဖြစ်ပဲ ထားမှာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ အခန်းငှားလို့မရဘူး။ ရောင်းစားလို့မရဘူး။ ဒီနေရာကနေ နောက်ထပ်အဆင့်မြင့်တဲ့နေရာကို သွားမယ်ဆိုရင် ဒီနေရာကိုပြန်ပေးခဲ့ဖို့ပဲ ဖြစ်ပါတယ်။သူ ဒီဘဝက မတိုးတက်နိုင်သေးဘူးဆိုရင် ဒီမှာနေလို့ရပါတယ်။ အဲဒီအိမ်လေးတစ်လုံးကို တည်ဆောက်မယ်ဆိုရင် ကျပ် ၂၅ သိန်း ကနေ သိန်း ၃၀ လောက်အထိကို ကုန်မှာဖြစ်ပါတယ်။ ဒါကိုတော့ ချေးငွေတစ်ခုရနိုင်ဖို့ ကျွန်တော်တို့ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ Micro Finance နဲ့ဆောင်ရွက်ဖို့ ပြင်ဆင်နေ ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

အစိုးရအနေဖြင့် Micro Finance ချေးငွေ အတိုးနှုန်းကို အနည်းဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး အိမ်သာ စနစ်တကျဖြစ်စေရန်၊ ရေရရှိရန်၊ လျှပ်စစ်မီးပေးနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကာ ရန်ကုန်တိုင်း အတွင်း နေရေးခက်ခဲသူများကို နေရာထိုင်ရာတွင် အဆင်ပြေနိုင်သည့် အဆင့်တစ်ဆင့်အဖြစ် ဖန်တီးပေးရန် ပြင်ဆင်နေကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“ဒီလိုပုံစံမျိုးနဲ့ စက်မှုဇုန် တွေထဲမှာရှိတဲ့ ကျူးကျော်တွေ၊ လမ်းမပေါ်မှာ ရောက်နေတဲ့ ကျူးကျော်တွေကို ရှင်းလင်းဖို့ ပြင်ဆင်ပါတယ်။ ဒါကို လှိုင်သာယာ ၊ ရွှေပြည်သာနဲ့ ဒဂုံ လေးမြို့နယ်မှာ ဆောင်ရွက်ဖို့အတွက် စပြီးစာရင်းပြုစုတာ။ သူတို့နဲ့တွေ့ပြီး ဆွေးနွေးတာ၊ တိုင်ပင်တာတွေကို ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ ဒီအခြေအနေတွေပေါ်ကနေ တဖြည်းဖြည်းချင်းတိုးမြှင့်ပြီး ဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါနေအိမ်များဆောက်လုပ်ပေးမည့် မြို့နယ်တစ်မြို့နယ်စီတွင် နေအိမ်တစ်သောင်းစီ ပထမအဆင့်တွင် ဆောင်ရွက်ပေးရန် စီစဉ်ထားပြီး ကျူးကျော် Smart Card ရှိပြီးသူများနှင့် အမှန်တကယ် နေရေးအခက် အခဲဖြစ်ကြောင်း အချက်အလက်ရှိသူများကို ထည့်သွင်း စဉ်းစားပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service