ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်ခြင်း နိုင်ငံတော် ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
1737 Views

ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်ခြင်း နိုင်ငံတော် ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည်

ရွှေမြန်မာ လေကြောင်းလိုင်းက ရင်းနှီးမြှုပ်နှံရန် နောက်ဆုတ်သွားခဲ့သည့် ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု မရှိပါက နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်ရန် စီစဉ်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရန်နှင့် ဒေသဖွံ့ဖြိုးရေးအထောက်အကူပြု နိုင်ရန် လေဆိပ်များ အဆင့်မြှင့်တင်ခြင်းကို ပြည်တွင်းလေဆိပ် ၃၁ ခု ရှိသည့်အနက် ၁၄ ခုကိုCIQ (Custom Immigration Quarantine) လေဆိပ်အဖြစ် လုပ်ဆောင်ရန် လျာထားသည်။ ၎င်းတို့အနက် ဟဲဟိုး၊ ကော့သောင်းနှင့် မော်လမြိုင်လေဆိပ်တို့ကို ပထမဆုံးနှင့် အမြန်ဆုံး အဆင့်မြှင့်တင်ရန် ရွေးချယ်၍ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်။

"ကော့သောင်းလေဆိပ်ကို မဖြစ်မနေလုပ်ဖို့ ရည်ရွယ်ထားတယ်။ ပုဂ္ဂလိက က မလုပ်ဘူးဆိုရင် နိုင်ငံတော် ဘတ်ဂျက်နဲ့လုပ်ဖို့ ဝန်ကြီးဌာနက ကုန်ကျစရိတ် မေးမြန်းနေတာရှိတယ်"ဟု ဦးရဲထွဋ်အောင်က ပြောသည်။

ပြည်တွင်း Golden Myanmar Airline ကုမ္ပဏီက ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် တင်ဒါအောင်မြင်ခဲ့သည်။ သို့သော် ကုမ္ပဏီက လုပ်ငန်းဆောင်ရွက်ရန် နောက်ဆုတ်သွားခဲ့ပြီး အာမခံငွေပေးသွင်း ထားသည့် ငွေကို လတ်တလောတွင် ပြန်လည်ထုတ်ပေးခြင်း မရှိသေးဘဲ နောက်ဆုတ်သည့် အကြောင်းအရာနှင့် ပတ်သက်၍ မေးမြန်းနေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ပြောသည်။

ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ က အမေရိကန်ဒေါ်လာ ၃၆ သန်း ရင်းနှီးမြှုပ်နှံရန် လျာထားပြီးGolden Myanmar Airline ကုမ္ပဏီက ၆၅ ရာခိုင်နှုန်းနှင့် စင်ကာပူကုမ္ပဏီဖြစ်သော KMA Resourcese က ၃၃ ရာခိုင်နှုန်း၊ တနင်္သာရီ Capital နှင့် ပေကျင်းဇံ လေဆိပ်က ၁ ရာခိုင်နှုန်းစီ ပူးပေါင်းရင်းနှီးမြှုပ်နှံရန် လျာထားခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် နောက်ဆုတ်သွားသည့် Golden Myanmar Airline ကုမ္ပဏီသို့ မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းခဲ့သော် လည်း ဖြေဆိုရန် တာဝန်ရှိသူမှာ ရက်ရှည် ပြည်ပခရီးထွက်နေသောကြောင့် မေးမြန်းနိုင်ခဲ့ခြင်း မရှိပေ။

ယခုအခါ ဟဲဟိုးနှင့် မော်လမြိုင် လေဆိပ်များ အဆင့်မြှင့်တင်ခြင်းစီမံကိန်း များအတွက် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းနေကြောင်း ဒုတိယညွှန်ကြားရေးမ·းချုပ်က ပြောသည်။

ဟဲဟိုးလေဆိပ်စီမံကိန်းအတွက်KBZ Group က တင်ဒါအောင်မြင်ထားပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၄၀ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ စီမံကိန်းကိုKBZ Group ကုမ္ပဏီက ၆၅ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီဖြစ်သည့်Toyota Tsusho ကုမ္ပဏီက ၃၅ ရာခိုင်နှုန်းဖြင့် ပူးပေါင်းမည်ဖြစ်သည်။

မော်လမြိုင် လေဆိပ် အဆင့်မြှင့်တင်ခြင်းကို ကွန်ဆိုတီယမ်အဖြစ် ဒေသခံ ကုမ္ပဏီHinthar Group Holding Co,Ltd က ထိုင်းကုမ္ပဏီဖြစ်သော BASE (Bangkok Aviation Services Enterprise) နှင့် ပူးပေါင်းအကောင်အထည် ဖော်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ သန်း ၂၀ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service