မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
777 Views

မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ လာမည့် ၂၀၁၉ ခုနှစ် ဇူလိုင်လ (၅ ၊ ၆ ၊ ၇) ရက် သောကြာ ၊ စနေ ၊ တနင်္ဂနွေ နေ့များတွင် “ မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး ” ကို မန္တလေးမြို့ရှိ မြို့တော်ခန်းမတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါပြပွဲတွင် မန္တလေး ၊ ရန်ကုန် ၊ တောင်ကြီး ၊ ပုသိမ် နှင့် ဘန်ကောက်မြို့များရှိ ကျပ်ငွေ သိန်း (၁၀၀) ကျော်မှ စသော တိုက်ခန်း ၊ ကွန်ဒို ၊ လုံးချင်း နှင့် မြေကွက်များကို အထူးပရိုမိုးရှင်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ လစဉ် (၅) သိန်းခန့် သွင်းရုံဖြင့် အိမ်ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးများ ၊ အတိုးမဲ့အရစ်ကျစနစ်များဖြင့် ဝယ်ယူခွင့်များ ရရှိမည်ဖြစ်သည်။ အထူးအစီအစဉ်အဖြစ် မန္တလေးမြို့ ရှိ မဟာအောင်မြေ ၊ ချမ်းအေးသာစံ ၊ အောင်မြေသာစံ ၊ ချမ်းမြသာစည် ၊ ပုသိမ်ကြီးမြို့နယ်များရှိ တိုက်ခန်း ၊ ကွန်ဒို ၊ လုံးချင်းများကို ဝယ်ယူသူများအတွက် ဆိုင်ကယ် ၊ ရေခဲသေတ္တာ ၊အဲကွန်း ၊အ၀တ်လျှော်စက် ၊ ၄၂လက်မ တီဗွီ တို့ ကံထူးနိုင်မည့် အခွင့်အရေးများဖြင့် ရောင်းချပေးသွားမည်။ YOMA Bank မှ Official Banking Partner အဖြစ်ပါဝင်ပြီး အိမ်ရာချေးငွေများ တစ်ထိုင်တည်း လျှောက်ထားနိုင်ရန် စီစဉ်ပေးထားမည်ဖြစ်သည်။

“ ယခုပွဲဟာ iMyanmarHouse.com အနေနဲ့ မန္တလေးမြို့မှာကျင်းပတဲ့ တတိယအကြိမ်မြောက် မြန်မာ့နိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့်လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး ဖြစ်ပါတယ်။ မန္တလေးမြို့မှာရှိတဲ့ အိမ်ရာတွေအပြင် ရန်ကုန်မြို့ မှ သိန်း ၂၀၀ မှ သိန်း ၅၀၀၀ ကျော်တန် တိုက်ခန်း ၊ ကွန်ဒိုတွေကို လေ့လာဝယ်ယူနိုင်မှာပါ။ ပွဲအတွင်းဘန်ကောက်က ကွန်ဒိုတွေလည်း လာလေ့လာစေချင်တယ်။ ပုသိမ်တို့ ၊ တောင်ကြီးတို့က အိမ်ရာတွေကိုလည်း အထူးနှုန်းတွေနဲ့ ပရိုမိုးရှင်းပေးသွားမှာမို့ မန္တလေးမြို့ သူ ၊ မြို့ သားများအတွက် ကျွန်တော်တို့ iMyanmarHouse.com ရဲ့  အိမ်ခြံမြေအရောင်းပြပွဲကို အခမဲ့ လာရောက်လေ့လာကြည့်ကြဖို့ကိုလည်း ဖိတ်ခေါ်ပါတယ် ” ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားခဲ့သည်။

Main Sponsor အဖြစ် CITY LOFT မှ အဓိကပါဝင်ပြသပြီး အခြားအိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၃ဝ) ကျော်မှ ပါဝင်ပြသမည်ဖြစ်သည်။ ပွဲကျင်းပမည့်ရက်များတွင် နံနက် (၁၀) နာရီမှ ည (၇) နာရီအထိ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှု လေ့လာဝယ်ယူနိုင်မည် ဖြစ်သည်။

မန္တလေးမြို့တွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး ( တတိယအကြိမ်မြောက်)

ကျင်းပမည့်ရက် - (၅) ရက် မှ (၇) ရက် ၊ ဇူလိုင်လ ၊ ၂ဝ၁၉ ခုနှစ် (သောကြာ ၊ စနေ ၊ တနင်္ဂနွေ)

ကျင်းပမည့်အချိန် - နံနက် (၁၀) နာရီ မှ ည (၇) နာရီအထိ

ကျင်းပမည့်နေရာ - မန္တလေးမြို့တော်ခန်းမ ၊ မန္တလေးမြို့။

မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက iMyanmarHouse.com ၏ Hot Line Number : 09 – 252605671~5 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service