ရန်ကုန်မြို့၌ ဟိုတယ်များ ကြယ်ပွင့်အဆင့်သတ်မှတ်ခြင်းကို စတင်ဆောင်ရွက်တော့မည် - Property News in Myanmar from iMyanmarHouse.com
994 Views

ရန်ကုန်မြို့၌ ဟိုတယ်များ ကြယ်ပွင့်အဆင့်သတ်မှတ်ခြင်းကို စတင်ဆောင်ရွက်တော့မည်

မြန်မာနိုင်ငံရှိ ဟိုတယ်များကို နိုင်ငံတကာနည်းတူ ကြယ်ပွင့်အဆင့် သတ်မှတ်မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးမှ ဟိုတယ်များအား စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်း၏ ပြောပြချက်အရ သိရသည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံ ရှိ ဟိုတယ်များ အဆင့်အတန်းမြင့်မားရေးနှင့် အရည်အသွေး တိုးတက်ကောင်းမွန်စေရေး ရည်ရွယ်ခြင်းဖြစ်ပြီး ကြယ်ပွင့်အဆင့်သတ်မှတ်ရာတွင် ဝန်ဆောင်မှုပိုင်းနှင့် ဟိုတယ်အပြင်အဆင်အပါအဝင် လိုအပ်သည့်အချက်များကို လေ့လာစိစစ်မည်ဖြစ်သည်။

'' ဒီအစီအစဉ်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်ဖြစ်ပါတယ်။ အသင်းအဖွဲ့အားလုံး ပူးပေါင်းပြီး လုပ်ဆောင်ကြမှာပါ။ လောလောဆယ် စတင်ဆွေးနွေးနေပါပြီ။ ရန်ကုန်မှာရှိတဲ့ ဟိုတယ်တွေကနေစပြီး လုပ်မှာပါ'' ဟု ဦးရန်ဝင်းက ပြောသည်။

လက်ရှိတွင် ဟိုတယ်များ ကြယ်ပွင့်အဆင့်သတ်မှတ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကြယ်ပွင့်အဆင့် သတ်မှတ်ရာတွင် မိုတယ်များ၊ တည်းခိုခန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် လိုင်စင်မရှိသော ဟိုတယ်များကို ထည့်သွင်းသတ်မှတ်မည် မဟုတ်ကြောင်း သိရသည်။

ဟိုတယ်များ ကြယ်ပွင့်အဆင့်သတ်မှတ်ခြင်းလုပ်ငန်းကို ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်သည့်အပြင် နိုင်ငံတကာမှ ပညာရှင်တချို့ကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။

လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး၌ လိုင်စင်ရ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းပေါင်း ၃ဝဝကျော်ရှိပြီး အခန်းခ ဈေးနှုန်းများမှာ အနည်းဆုံး ငွေကျပ် နှစ်သောင်းမှ သိန်းဂဏန်း အထက်ထိရှိကြောင်း သိရသည်။

Credit: Myawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service