မန္တလေးကို လုံခြုံမှုရှိသည့် မြို့တော်တစ်ခုဖြစ်စေရေး Safe City ပရောဂျက်အား ဟွာဝေးနှင့်ပူးပေါင်းဆောင်ရွက်ရန် စဉ်းစားနေဟု ဝန်ကြီးချုပ်ပြော - Property News in Myanmar from iMyanmarHouse.com
692 Views

မန္တလေးကို လုံခြုံမှုရှိသည့် မြို့တော်တစ်ခုဖြစ်စေရေး Safe City ပရောဂျက်အား ဟွာဝေးနှင့်ပူးပေါင်းဆောင်ရွက်ရန် စဉ်းစားနေဟု ဝန်ကြီးချုပ်ပြော

မန္တလေးမြို့ ကို တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံမှုရှိသည့် မြို့တော်တစ်ခုဖြစ်စေမည့် Safe City ပရောဂျက်အား တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီဟွာ ဝေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်ဆိုရန် သုံးသပ်နေကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ဇွန်လ ၂၁ ရက်က ကျင်းပသည့် မန္တလေးတိုင်းလွှတ်တော် အစည်းအဝေးအပြီးတွင် ဒေါက်တာဇော်မြင့်မောင်က အထက်ပါအတိုင်း ဖြေကြားသည်။

‘‘ ဟွာဝေးက နောက်ဆုံးတစ်ခေါက်လာတွေ့သွားပြီ။ ကျွန် တော်တို့ကတော့ မန္တလေးကိုဘေးကင်းလုံခြုံမှု (Safe) ဖြစ်စေချင် တယ်။ ဟွာဝေးနဲ့ဆိုတော့ အမေရိကန်နဲ့ တရုတ်တို့ဖြစ်နေတဲ့ကြား ထဲမှာ Safe City လုပ်ချင်တော့ ဝေဖန်မှုတွေရှိတယ်။ ကျွန်တော်တို့လည်း အပြန်ပြန်စဉ်းစားနေတယ်။ ဘာလို့လဲဆိုတော့ Google တွေ၊ ဘာတွေက ရှိသေးတာပေါ့။ ခြုံငုံသုံးသပ်ဖို့လိုသေးတယ်။ စာချုပ် မချုပ်ရသေးပါဘူး’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မန္တလေးတိုင်း အစိုးရအဖွဲ့ အနေဖြင့် ဟွာဝေးနှင့် ပူးပေါင်းကာ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ ဘေးကင်းလုံခြုံရေး မန္တလေးတစ်မြို့လုံး စီစီတီဗီများ တပ်ဆင်၍ ထိန်းချုပ်ခန်း (Control Room) မှတစ်ဆင့်အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နိုင်မည့် နည်းပညာအသုံးပြုကာ ဆောင်ရွက်နိုင်ရေး စီစဉ်နေပြီး လက်ရှိတွင် စာချုပ်ချုပ်ဆိုနိုင်ရန် ပြန် လည်သုံးသပ်မှုများ ပြုလုပ်နေကြောင်း ၎င်းကပြောသည်။

‘‘ Safe ဖြစ်တယ်ဆိုတဲ့ ရာဇဝတ်မှုတွေ ပပျောက်ဖို့လုပ်ရမယ့် တာဝန် ကျွန်တော်တို့မှာရှိတယ်။ သူတို့ (ဟွာဝေး) ကတော့ ဘာမှမလုပ်သေးဘဲနဲ့ အကြိုလေ့လာမှု လုပ်ပေးပြီးတော့ ဘယ်နေရာတွေ စီစီတီဗီ တပ်သင့်တယ်ဆိုတဲ့ ပရောဂျက်ကြီးက ကျွန်တော်တို့ ဆီမှာ ရှိနေပြီဖြစ်ပါတယ်။ လုံခြုံရေးအရ နည်းပညာက သူများ လက်ထဲမှာ ဆိုတာကိုလည်း စဉ်းစားပါတယ်။ ဘယ်လောက်ထိ လုံခြုံစိတ်ချမှုရှိလဲဆိုတာ ကြည့် ရမှာပေါ့’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

Safe City ပရောဂျက်ကို ဟွာဝေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စာချုပ်ချုပ် ဆိုရန် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်ရယူ၍ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်မည်ဖြစ် ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ သဘောတူညီချက်ရယူရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။ ဂျပန်နိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီ Hitachi မှ မန္တလေးတိုင်းအတွင်း အများပြည် သူလုံခြုံရေးနှင့် မှုခင်းကျဆင်းရေး အရေးပေါ်ကိစ္စများ ဖြစ်ပေါ်လာပါကအချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်မည့် နည်းပညာသုံးစွဲနိုင် ရန် တိုင်းအစိုးရသို့ကူညီရန် ကမ်း လှမ်းသဖြင့် ၂၀၁၈ နှစ်လယ်ပိုင်းကစတင်၍ အချို့မြို့နယ်များတွင် အသုံးပြုနေသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service