စတော့အိတ်ချိန်းမှာနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ ကိုပါဝင်လာဖို့ ဆွဲဆောင်မယ် - Property News in Myanmar from iMyanmarHouse.com
1159 Views

စတော့အိတ်ချိန်းမှာနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ ကိုပါဝင်လာဖို့ ဆွဲဆောင်မယ်

ရန်ကုန် စတော့အိတ်ချိန်းတွင်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်နိုင်ရေး အဆိုပါလုပ်ငန်းများနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ချေးငွေသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဈေးကွက်ဖွံ့ဖြိုးလာစေရေး ဂျပန်နိုင်ငံ နှင့် ဆွေးနွေးပြီးနောက် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ စတော့ဈေးကွက် ဝင်လာစေရန် စဉ်းစား ခြင်းဖြစ်ကြောင်း ဦးဌေးချွန်က ပြောသည်။

‘‘ဒီလုပ်ငန်းစဉ်အတိုင်း သွားမယ်ဆိုရင်သူတို့ (နိုင်ငံပိုင် စီးပွား ရေးလုပ်ငန်း)နဲ့ ဆွေးနွေးသွားရမယ်။ အရင်ဆုံး အစိုးရကို တင်ပြရဦးမယ်။ ဘယ်လိုပုံစံသွားမလဲဆိုတာလည်း စဉ်းစားရဦးမယ်’’ ဟု ၎င်းက ပြောသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်ပါက အများပိုင်ကုမ္ပဏီ အဖြစ် ပထမဦးဆုံးပြောင်းလဲရမည်ဖြစ်သည်။ ထို့နောက်မှသာ စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ဦးဌေးချွန်က ပြောသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအနက် အကျိုးအမြတ်ရနေသည့် လုပ်ငန်းများကို ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်စေပြီး အများပြည်သူကို ရှယ်ယာ များ ဖိတ်ခေါ်ရန် စီစဉ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကသိရပါတယ်။

ရှယ်ယာဈေးကျဆင်းပြီး အရောင်းအဝယ်အေးနေသည့် ရန်ကုန်စတော့အိတ်ချိန်း ပိုမိုအသက်ဝင်ရန် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို အများပိုင်ပြုလုပ်ပြီး စတော့အိတ်ချိန်း၌ စာရင်းဝင် ကုမ္ပဏီအဖြစ် အစိုးရက ဆောင်ရွက်သင့်ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၌ မြန်မာအစိုးရနှင့် အကျိုးတူဆောင်ရွက်နေသည့် ဂျပန် Daiwa Securities ကုမ္ပဏီ က ၂၀၁၇ မေလအတွင်း အကြံပြုခဲ့သည်။

နေရှင်းမြန်မာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service