New City Development ကုမ္ပဏီက ဒဂုံမြို့သစ်အရှေ့ပိုင်း မလစ်ကျေးရွာအနီးတွင် မြို့တော်သစ် အသေးစားစက်မှုဥယျာဉ်စီမံကိန်းတည်ဆောက်ရန် အစီအစဉ်ရှိကြောင်း ကြေညာ - Property News in Myanmar from iMyanmarHouse.com
1543 Views

New City Development ကုမ္ပဏီက ဒဂုံမြို့သစ်အရှေ့ပိုင်း မလစ်ကျေးရွာအနီးတွင် မြို့တော်သစ် အသေးစားစက်မှုဥယျာဉ်စီမံကိန်းတည်ဆောက်ရန် အစီအစဉ်ရှိကြောင်း ကြေညာ

မြို့တော်သစ်အသေးစား စက်မှုဥယျာဉ်စီမံကိန်းတည်ဆောက်ရန်စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ လူမှုဘ၀နှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုများကို လေ့လာဆန်းစစ်ခြင်းနှင့် စီမံကိန်းသက်ရောက်မည့် ဧရိယာတစ်ခုလုံး စစ်တမ်းကောက်ယူခြင်းများကို အများပြည်သူသို့ ဇွန်လ ၂၂ ရက်တွင် ရှင်းလင်းတင်ပြမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ပြောထားပါသည်။

၂၀၁၅ တွင် တည်ထောင်ခဲ့သည့် New City Development ကုမ္ပဏီက ယခုစီမံကိန်းကို မြေဧက ၅၅၀ ခန့်ပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။

ဒဂုံမြို့သစ် အရှေ့ပိုင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က‘‘ဒီစီမံကိန်းက အစိုးရဘက်က ဦးဆောင်ပြီး ဖော်ဆောင်တဲ့ စီမံကိန်းပါ’’ ဟုပြောသည်။ New City Development ကုမ္ပဏီကိုအနေနှင့် ယခုစီမံကိန်းအပါအ၀င် မြေဧက ၇၀၀ ရှိသည့် ဇရပ်ကွင်းဥယျာဉ် စက်မှုဇုန်၊ မြေဧက ၅၀၀ ရှိသည့် ရှမ်းတဲကြီးအကြီးစားစက်မှုဇုန်နှင့် ဧက ၅၀၀ ရှိသည့် ဒလဘန်း စက်မှုဥယျာဉ်တို့ကို လုပ်ကိုင်ခွင့်ရထားကြောင်းသိရသည်။ တိုင်းအစိုးရက ဒဂုံမြို့သစ်အရှေ့ပိုင်း တွင် အရှေ့ဒဂုံခေတ်မီစက်မှုဇုန် (၁) နှင့် (၂) ကိုအကောင် အထည်ဖော်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ဇုန် (၁)သည်မြေဧက ၂,၈၅၀ ကျယ်ဝန်းပြီး ကုန်သွယ်မှုနှင့်ကုန်ထုတ်လုပ်မှုတိုးတတ်ရန်အတွက် အသေးစားစက်မှု လုပ်ငန်းများနှင့် စီးပွားရေးဇုန်တည်ထောင်ရန် ဖြစ်သည်ဟုသိရသည်။

ဇုန် (၂) သည်မြေ ၆,၅၅၅ဧက ရှိပြီး စက်မှုဇုန် နှင့် စီးပွားရေးဇုန်များတည်ထောင်ရန်ဖြစ်ကြောင်း၊ လူနေအိမ်ရာများပါဝင်မည်ဖြစ်ပြီး စီမံကိန်းအကြိုလေ့လာမှုများ ပြု လုပ်ခဲ့ပြီး ၂၀၁၉ နှစ်စပိုင်းတွင် စီမံကိန်းဖြစ်နိုင်ခြေရှိ၊ မရှိလေ့လာခဲ့သည်။

A.N.T ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service