ရန်ကုန်မြို့အတွင်းပတ်လမ်းအား တင်ဒါ ခေါ်ယူသည့်အဆင့် ရောက်ရှိနေပြီး အပြင်ပတ်လမ်းကို နယ်နိမိတ် သတ်မှတ်နိုင်ရန် ဆောင်ရွက် - Property News in Myanmar from iMyanmarHouse.com
926 Views

ရန်ကုန်မြို့အတွင်းပတ်လမ်းအား တင်ဒါ ခေါ်ယူသည့်အဆင့် ရောက်ရှိနေပြီး အပြင်ပတ်လမ်းကို နယ်နိမိတ် သတ်မှတ်နိုင်ရန် ဆောင်ရွက်

ရန်ကုန်မြို့ အတွင်းပတ်လမ်းအား တင်ဒါခေါ်ယူသည့်အဆင့်သို့ ရောက်ရှိနေပြီး အပြင်ပတ်လမ်းကို နယ်နိမိတ် သတ်မှတ်နိုင်ရန်နှင့် စနစ်တကျ ပုံဖော်နိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ ကျွန်တော်တို့ အပြင်ပတ်လမ်း တည်ဆောက်ဖို့၊ အတွင်းပတ်လမ်း တည်ဆောက်ဖို့ဆိုပြီး စဉ်းစားထားတာ ရှိပါတယ်။ အပြင်ပတ်လမ်းကြီးက ရန်ကုန်မြို့ကို အပြင်ကနေ ပတ်သွားနိုင်တဲ့ အခြေအနေ တစ်ခုရှိဖို့ လိုအပ်ပါတယ်။ အတွင်းပတ်လမ်းကတော့ အတွင်းမှာ အလွယ်တကူ သွားလာနိုင်မယ့် Express Way တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်။ အတွင်းပတ်လမ်းကတော့ တင်ဒါ ခေါ်ယူနေပြီ ဖြစ်ပါတယ်။ အပြင်ပတ်လမ်း ကတော့ နယ်နိမိတ် သတ်မှတ်နိုင်ဖို့နဲ့ သတ်မှတ်နေရာတွေကို စနစ်တကျ ပုံဖော်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်း ကြိုးပမ်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ပိုမိုဖွံ့ဖြိုးရန်အတွက် ပိုမို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် အပြင်ပတ်လမ်း၊ အတွင်းပတ်လမ်းများ တည်ဆောက်ရန် လိုအပ်သည်ဟု ဆုံးဖြတ်ထားခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့ ပတ်ရထားလမ်း အားလုံး အဆင့်မြှင့်တင် ဆောင်ရွက်နေသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ မြို့ပတ်ရထားများသည် လူဦးရေ လေးသောင်းမှ ရှစ်သောင်းခန့်သာ သယ်ယူပို့ဆောင်ပေးနိုင်သေးကြောင်း၊ အဆင့်မြှင့်တင်ပြီးပါက သိန်းနှင့်ချီသည့် ပြည်သူများအား သယ်ယူပို့ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဒီလို ဆောင်ရွက်တဲ့ နေရာမှာ ရထားနဲ့ ဘူတာရုံတွေနဲ့ ကားတွေ ချိတ်တွဲဖို့ လိုတယ်။ ရထားရယ်၊ ကားလမ်းရယ်၊ ရေလမ်းတွေကို ချိတ်တွဲဖို့ လိုတယ်။ ဒီအတွက်လည်း မကြာသေးခင်က ကျွန်တော်တို့ AFC က အကူအညီနဲ့ ဆောင်ရွက်ဖို့ဆိုပြီးတော့ ပုစွန်တောင် ကို လေ့လာခဲ့ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ပုဇွန်တောင်မြို့နယ် သည် ပုဇွန်တောင်ဈေး၊ ကားလမ်း၊ ရထားလမ်းနှင့် ငမိုးရိပ်ချောင်းတို့ ရှိနေသဖြင့် ကားလမ်း၊ ရထားလမ်း၊ ရေလမ်းတို့ကို ချိတ်တွဲနိုင်မည့် နေရာဖြစ်ကြောင်း၊ ယင်းအပြင် ကြည့်မြင်တိုင် ဘူတာသည် ကြည့်မြင်တိုင် ရထားလမ်းနှင့် ကားလမ်း ရှိကြောင်း၊ မြစ်နှင့်အနီးဆုံး ရန်ကုန်မြစ် ရှိကြောင်း၊ ယခုကဲ့သို့ နေရာများ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားနေကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဒါကတော့ သယ်ယူပို့ဆောင်မှုကို ဦးစားပေးပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။ ဒီလို ဧရိယာတွေ ပေါ်ထွန်းလာဖို့အတွက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

 

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

From 03 Jun To 30 Jun

AREA ONE Online Sales Event

shwe-wutthmone
myat-ingyin

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service