စစ်ကိုင်းတိုင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများ လေထုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်စေရေး သေချာကြပ်မတ်ပြီးမှ ခွင့်ပြုမည်ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်ပြော - Property News in Myanmar from iMyanmarHouse.com
935 Views

စစ်ကိုင်းတိုင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများ လေထုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်စေရေး သေချာကြပ်မတ်ပြီးမှ ခွင့်ပြုမည်ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်ပြော

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြမည့် စီမံကိန်း၊ အလုပ်ရုံနှင့်စက်ရုံများ လေထုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေရေးအတွက် နည်းပညာများ အသုံးပြုကာ တာဝန်ယူမှုများကို သေချာစိစစ်ကြပ်မတ်ပြီးမှသာ ခွင့်ပြုသွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် က ပြောကြားသည်။

ဇွန် ၅ တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန့်ကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြား ခြင်းဖြစ်သည်။

''တိုင်းဒေသကြီးအတွင်း မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ၊ စက်မှုဇုန်နဲ့ သတ္တုတွင်းစီမံကိန်းတွေလည်း လေထုညစ်ညမ်းမှုကို အတတ်နိုင်ဆုံး လျှော့ချတဲ့ အစိမ်းရောင်းနည်းပညာတွေ အစားထိုးသုံးရမှာပါ ''ဟု ၎င်း ကပြောသည်။ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု စီမံကိန်းတစ်ခုဖြစ်သော ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သုံးသော အက်စစ်ငွေ့များ လေထုအတွင်း ပျံ့နှံ့၍ သီးနှံစိုက်ခင်းများပျက်သည်ဟုဆိုကာ ဒေသခံများက နိုင်ငံတော်သမ္မတ၏ မုံရွာခရီးစဉ်တွင် တိုင်ကြားမှု ပြုလုပ်ခဲ့ကြသည်။

ယင်းကြောင့် တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကြေးနီစီမံကိန်းအနီးရှိ ကျောက်ဖြူတိုင်ရွာအနီး၌ လေထုတိုင်းတာရာ ဆာလ်ဖာ ဒိုင်အောက်ဆိုက်များနေပြီး ဆာလဖျူရစ် အက်စစ်ဓာတ် နှင့် ဆက်နွှယ်နေသည်ကိုတွေ့ရကြောင်း တိုင်းဒေသကြီးသဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဌေးက ပြောဆိုသည်။

အခမ်းအနားတွင် ရွှေဘို၊ မုံရွာနှင့် ထီးချိုင့်မြို့တို့မှ ရေဆိုး သန့်စင်မှုစနစ် တပ်ဆင်လုပ်ဆောင်သော စက်ရုံလေးရုံ၊ ထင်းအသုံးပြုမှု ရပ်ဆိုင်းပြီး Waste to Energy စနစ်သုံး သော ကျောက္ကာရေနံချက်ဖိုမှ လုပ်ငန်းရှင်တစ်ဦးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လိုက်နာသော အစိုးရကျောင်း ကိုးကျောင်းနှင့် ကိုယ်ပိုင် ကျောင်းသုံးကျောင်းတို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဂုဏ်ပြုချီးမြှင့်လွှာပေးအပ်ခဲ့ ကြောင်း သိရသည်။

 

Credit: Yangon Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service