ကယားပြည်နယ်အတွင်းရှိ တင်ဒါရ ကုမ္ပဏီများ၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်များအား လွှတ်တော်ရေးရာ ကော်မတီက သွားရောက် စစ်ဆေးရာတွင် အရည်အသွေး မမီမှုများ တွေ့နေရဟုဆို - Property News in Myanmar from iMyanmarHouse.com
524 Views

ကယားပြည်နယ်အတွင်းရှိ တင်ဒါရ ကုမ္ပဏီများ၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်များအား လွှတ်တော်ရေးရာ ကော်မတီက သွားရောက် စစ်ဆေးရာတွင် အရည်အသွေး မမီမှုများ တွေ့နေရဟုဆို

ကယားပြည်နယ် တွင်းရှိ တင်ဒါရ ကုမ္ပဏီများ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် သက်ဆိုင်ရာ ဝန်ကြီးနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု စစ်ဆေးပြီးသော်လည်း လွှတ်တော်ရေးရာ ကော်မတီက သွားရောက်စစ်ဆေးရာတွင် အရည်အသွေးမမီမှုများ တွေ့နေရကြောင်း သိရသည်။

မေ ၂၇ ရက်က ပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမတွင် ပြည်သူ့ငွေစာရင်း စောင့်ကြည့် စစ်ဆေးရေးအဖွဲ့က ကုမ္ပဏီများနှင့် သက်ဆိုင်ရာ ဌာနများအား ခေါ်ယူ၍ လိုအပ်ချက်များ တင်ပြကြရန် ကြားနာ စစ်ဆေးကြောင်း သိရသည်။

“တွေ့ရှိချက်ကို ကျွန်တော်တို့က ဌာနဆိုင်ရာ ခေါ်တယ်။ ကုမ္ပဏီခေါ်တယ်။ QC အဖွဲ့ကို ခေါ်တယ်။ ကျွန်တော်တို့ကို ဘာပြောသလဲဆိုတော့ ဝန်ကြီးတွေ လာစစ်ပြီးသွားပြီတဲ့။ မနေ့က လာတာတဲ့။ ဝန်ကြီးတွေ လာစစ်တာ ဘာကို လာစစ်သွားသလဲ ဆိုတော့ မြန်မြန်ပြီးဖို့အတွက် ပြောသွားပါတယ်တဲ့။ ကုမ္ပဏီက ဖြစ်ကတတ်ဆန်း လုပ်သွားရင် မြန်မြန်ပြီးမှာပဲ။ အရည်အသွေးပိုင်း ဘယ်လို ခင်းထားလဲ။ ဘယ်လိုလုပ်ထားလဲ ဝန်ကြီးတစ်ယောက်အနေနဲ့ သိသင့်သိထိုက်တယ်”ဟု ပြည်သူ့ငွေစာရင်း စောင့်ကြည့် စစ်ဆေးရေး ကော်မတီ အတွင်းရေးမှူး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

အရည်အသွေး မမီရခြင်းမှာ ကုမ္ပဏီက အများဆုံး တာဝန်ရှိပြီး ကုမ္ပဏီ အင်ဂျင်နီယာများ၏ လုပ်ငန်းကျွမ်းကျင်မှုများနှင့်လည်း သက်ဆိုင်ကြောင်း၊ တင်ဒါပေးသော ဌာနဆိုင်ရာ များကလည်း အချိန်မီ စစ်ဆေးပါက ဆုံးရှုံးမှုမရှိနိုင်ကြောင်းလည်း ဦးအောင်နိုင်ဦးက ပြောကြားသည်။

ထိုသို့ အရည်အသွေး မပြည့်မီမှုများ ရှိနေသော ကုမ္ပဏီများအားခေါ်ယူ ကြားနာပြီးနောက် ကုမ္ပဏီ တာဝန်ရှိသူများက ပြန်လည် ပြင်ဆင်ပေးမည်ဟု ကတိပေးကြပြီး ဌာနဆိုင်ရာများကလည်း ၎င်းတို့၏ လူအင်အား အားနည်းချက်များ ရှိနေသေးကြောင်း၊ လုပ်ငန်းခွင်များအား သွားရောက်စစ်ဆေးရာတွင် Estimate နှင့် Drawing တောင်းပါက အဆင်သင့်မပေးသည်ကို တွေ့ရကြောင်း တင်ပြကြသည်ဟု သိရသည်။

ကယားပြည်နယ် လွှတ်တော်မှ ဖွဲ့စည်းပေးထားသော လွှတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့် စစ်ဆေးရေး ကော်မတီသည် NLD အစိုးရသစ် တက်လာပြီးနောက် အရပ်သားများ၊ ပညာရှင်များနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့ထားသော ကော်မတီဖြစ်ပြီး ပြည်နယ်တွင်းရှိ တင်ဒါလုပ်ငန်းများအား သွားရောက် စစ်ဆေးရာတွင် အရည်အသွေးမမီမှုများ တွေ့ရကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service