မကွေးပြည်သူ့ဆေးရုံကြီး ခုတင် (၅၀ဝ) ဆံ့ အဆင့်မြှင့်တင်မည် ကုန်ကျငွေ ကျပ် ၄၃၅၀ ဒသမ  ၄ သန်းဖြင့် ငါးထပ်ဆောင်ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
696 Views

မကွေးပြည်သူ့ဆေးရုံကြီး ခုတင် (၅၀ဝ) ဆံ့ အဆင့်မြှင့်တင်မည် ကုန်ကျငွေ ကျပ် ၄၃၅၀ ဒသမ  ၄ သန်းဖြင့် ငါးထပ်ဆောင်ဆောက်လုပ်

မကွေးတိုင်းဒေသကြီး မကွေးမြို့ ပြည်သူ့ ဆေးရုံကြီးအား ခုတင် (၅၀ဝ) ဆံ့ဆေးရုံကြီး အဖြစ် အဆင့်မြှင့်တင်ရန် ငါးထပ်တိုးချဲ့ဆောင်သစ်ကို ပြည်ထောင်စုရန်ပုံငွေ ကျပ် ၄၃၅၀ ဒသမ ၄၈ သန်းဖြင့် ဆောက်လုပ်နေကြောင်း မကွေးတိုင်းဒေသကြီး အဆောက်အအုံအထူးအဖွဲ့ (၅) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထူးထံမှ သိရသည်။

လက်ရှိ မကွေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ခုတင် (၃၀ဝ) ဆံ့ဆေးရုံကြီးအဖြစ် လူနာများအား ကုသပေးနေသော်လည်း တက်ရောက်ကုသနေသည့်လူနာများမှာ များပြားနေ၍ ယခုလို တိုးချဲ့ဆောက်လုပ်ခြင်း ဖြစ်သည်။

ရာခိုင်နှုန်း ၈၀ ပြီးစီး

" မကွေးမြို့ ပြည်သူ့ဆေးရုံကြီးကို ခုတင် (၅၀ဝ)ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ဖို့အတွက် အထွေထွေရောဂါကုသဆောင်နဲ့ လူနာခုတင် (၂၄၂) ခုတင်ပါ ငါးထပ်အဆင့်မြှင့် ဆေးရုံအဆောက်အအုံကြီးကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကစတင်ကာ ပြည်ထောင်စုရန်ပုံငွေ ကျပ် ၄၃၅၀ ဒသမ ၄၈ သန်းနဲ့ ဆောက်လုပ် ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၆၂ ဒသမ ၄ သန်းထပ်မံပံ့ပိုးခဲ့ပြီး ဆောက်လုပ်ခဲ့တာ အခု မေလအတွင်း လုပ်ငန်းပြီးစီးမှုရာခိုင်နှုန်း ၈၀ အထိပြီးစီးနေပြီဖြစ်ပါတယ်" ဟု ဦးတင်ထူးက ပြောဆိုသည်။

အပြီးဆောက်မည်

" ယင်းငါးထပ်အဆောက်အအုံကြီးမှာ အလျား ပေ ၂၀ဝ၊ အနံ ၁၆၁ ပေ၊ အမြင့် ၆၂ ပေဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြို့ပြလုပ်ငန်းအားလုံးနဲ့ အတွင်းရေရရှိရေး၊ အတွင်းလျှပ်စစ်လုပ်ငန်းများ ပြီးစီးမှာဖြစ်ပါတယ်။ ကျန်ရှိတဲ့လုပ်ငန်းများမှာ ဓာတ်လှေကား နှစ်စင်း၊ ကားပါကင်၊ ကွန်ကရစ်လမ်းစတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ကျန်လုပ်ငန်းတွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောဆိုသည်။

အထွေထွေရောဂါ

အဆိုပါဆေးရုံ ငါးထပ်အဆောက်အအုံတွင် မြေညီထပ်၌ အခန်း ၃၂ ခန်း၊ ပထမထပ်တွင် အခန်း ၂၅ ခန်း၊ ဒုတိယထပ်တွင် အခန်း ၂၁ ခန်း၊ တတိယထပ်တွင်အခန်း ၂၆ ခန်း၊ စတုတ္ထထပ်တွင် အခန်း ၂၂ ခန်းပါဝင်ပြီး အထပ်တိုင်းတွင် တာဝန်ကျဆရာဝန်ခန်း၊ တာဝန်ကျသူနာပြုခန်း၊ ရေချိုးခန်း၊ အိမ်သာ ပါရှိမည်ဖြစ်ကြောင်း၊ အထပ်တိုင်းတွင် ရောဂါ အလိုက်ကုသဆောင်၊ လူနာဆောင်များပါရှိပြီး အထွေထွေရောဂါမျိုးစုံကို ကုသဆောင်ရွက် ပေးမည့်ဆေးရုံကြီးဖြစ်ကြောင်း သိရသည်။

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service