မိုးရာသီအိမ်ပြင်ဆင်သူများလို့ အိမ်ဆောက်ပစ္စည်းတချို့ ဈေးတက် - Property News in Myanmar from iMyanmarHouse.com
2059 Views

မိုးရာသီအိမ်ပြင်ဆင်သူများလို့ အိမ်ဆောက်ပစ္စည်းတချို့ ဈေးတက်

အခုရက်ပိုင်း အိမ်ဆောက်ပစ္စည်းတချို့ဈေးတက်နေပြီး ဈေးကွက်မှာတော့ အရင်နှစ်ကထက် တိုးတက်ပြောင်းလဲလာခဲ့တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်တွေက သိရပါတယ်။

အိမ်ဆောက်ပစ္စည်းအရောင်းအဝယ်ဈေးကွက်မှာ မိုးရာသီနီးတာကြောင့် အိမ်ပြင်ဆင်သူတွေလည်း ဝယ်ယူသူရှိပြီး ကိုယ်ပိုင်ဆောက်လုပ်တာတွေ၊ ကန်ထရိုက်ဆောက်တာတွေ မတ်လ လောက်ကစပြီး အရောင်းအဝယ်အနည်းငယ်ပြန် ကောင်းလာခဲ့ပါတယ်။ ယခင်နှစ်ကထက်စာရင်ယခုနှစ်ပိုင်းမှာ အရောင်းအဝယ် က ၅၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင် နှုန်းလောက်အထိ အရောင်းအဝယ် ပြန်ကောင်းလာခဲ့ပါတယ်။

“ အရောင်းအဝယ်ပိုင်းက ဒီအချိန်တွေဆိုအရောင်းအဝယ်ကောင်းတဲ့ ကာလပဲဖြစ်ပါတယ်၊ မနှစ်ကဆို ဈေးဦးမပေါက်တာတောင်ရှိခဲ့တယ်၊ ဒီနှစ်ပိုင်းမှာတော့ အရင်နှစ်ကထက် ၂၅ ရာခိုင်နှုန်းလောက်အထိ တိုးလာခဲ့ပါတယ်” လို့ လဟိန်းမင်းတိုး အုတ်သဲကျောက်ရောင်းဝယ်ရေးဆိုင်မန်နေဂျာကိုကျော်စိုး က ပြောပါတယ်။

အရောင်းအဝယ်ပြန်ကောင်းလာတာနဲ့အတူဈေးနှုန်းတွေ အနည်းငယ်ပြန်တက်လာခဲ့ပါတယ်။ ပစ္စည်းတွေအလိုက်ဈေးနှုန်းတွေမှာ ကျပ်၂ဝဝ ဈေးတက်တာတွေ၊ ကျပ် ၁ဝဝဝ ဈေးတက် တာတွေ ရှိနေပါတယ်။ဘိလပ်မြေဈေးဆိုပြီးခဲ့တဲ့လက ကြံ့ဘိလပ်မြေ အယ်လ်ဖာဘိလပ်မြေ ကျပ် ၂ဝဝ လောက်တက်တယ်၊ ကျပ် ၆၄ဝဝ လောက်ကနေကျပ် ၆၆ဝဝ လောက် အထိ တက်သွားတာပါ။

အုတ်ဈေးကလည်း ၁၀၈ ကျပ် ကနေ ၁၁၁ကျပ်လောက်အထိတက်ပြီး သဲဈေးနှုန်းလည်း တစ်ကျင်းကို ကျပ် ၈ဝဝဝကနေ ကျပ် ၁၀,ဝဝဝ လောက်အထိ ဈေးတက်ခဲ့ပါတယ်။

“ကျွန်တော်တို့ဘိလပ်မြေ ပစ္စည်းမှာတဲ့အခါ ပစ္စည်းလုံလုံလောက်လောက် မရခဲ့တာတွေ ရှိတယ်၊ မီးပြတ်တာတွေကြောင့် ဘိလပ်မြေစက်ရုံတွေ ပုံမှန်မလည်ပတ်နိုင်ဘူးလို့ ကြားတယ်၊ ကိုယ်စားလှယ်ဆီကယူရောင်းတာ ကြောင့် အခုရက်ပိုင်းပစ္စည်းနည်းတော့ မှာတာ ကြာတာတွေရှိတယ်” လို့ လဟိန်းမင်းတိုး အုတ်သဲ ကျောက်ရောင်း ဝယ်ရေးဆိုင် မန်နေဂျာ ကိုကျော်စိုးကပြောပါတယ်။

ကျောက်ဈေးနှုန်းကတော့ အခုရက်ပိုင်းအနည်းငယ်ပြန်ကျနေပါတယ်။ ဈေးနှုန်းမှာ ကျောက်တစ်ကျင်းကို ကျပ် ၆၈,ဝဝဝ ကနေ ကျပ် ၆၂,ဝဝဝ အထိ ဈေးကျသွားပါတယ်။ အုတ်ဈေးနှုန်းကတော့ လက်ရှိမှာအုတ်ဖုတ်တဲ့ရာသီမဟုတ်တာကြောင့် အုတ်အနည်းငယ်ရှားပါးပြီး ဈေးအနည်းငယ်တက်တဲ့ ကာလပါ။

အရောင်းအဝယ်ပိုင်းကတော့ ပုံမှန်မရှိဘဲ ရောင်းရတဲ့နေ့တွေရှိသလိုမရောင်းဖြစ်တဲ့နေ့တွေလည်း ရှိနေပါတယ်။ မိုးတွင်းပိုင်းမှာတော့ အရောင်းအဝယ်က ပါးတတ်ပါတယ်။

 

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service