ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်း (၆၂) ဧကမှာ ခွင့်ပြုထား - Property News in Myanmar from iMyanmarHouse.com
2219 Views

ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်း (၆၂) ဧကမှာ ခွင့်ပြုထား

ကရင်ပြည်နယ်က ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအတွက် လတ်တလော မြေဧရိယာ (၆၂) ဧကသာ ခွင့်ပြုထားတယ်လို့ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ပြောပါတယ်။

ဒီကနေ့ ဘားအံမြို့ မှာပြုလုပ်တဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ တတိယတစ်နှစ်တာကာလဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြောသွားခဲ့တာပါ။

ဒါပေမယ့် ရင်းနှီးမြှုပ်နှံတဲ့ တရုတ်ကုမ္ပဏီ (Yatia International Trading Company) ရဲ့ထုတ်ပြန်ချက်မှာတော့ မြို့သစ်စီမံကိန်းကို စုစုပေါင်း မြေဧရိယာ ဧကပေါင်း ၂၅၀၀၀ လောက် တည်ဆောက်သွားမှာလို့ သိရပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း ပထမအဆင့်ကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC)က ခွင့်ပြုထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏကတော့ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော်ရှိတယ်လို့ ကုမ္ပဏီကထုတ်ပြန်ထားတာပါ။

လက်ရှိ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းမှာတော့ အိမ်အလုံးပေါင်း ၆၀ နီးပါးတည်ဆောက်ပြီးပြီဖြစ်ပြီး အင်တာတိန်းမန့်စီးတီးနဲ့ ကာစီနိုရုံတွေကိုတော့ လာမယ့် ၂၀၂၀ ကျရင် ဖွင့်လှစ်နိုင်မယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမယ့် မြို့သစ်စီမံကိန်းထဲမှာပါဝင်လာမယ့် ကာစီနိုလောင်းကစားဝိုင်းတွေဟာ တရားမဝင်ဘူးလို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က အခုလိုပဲပြောပါတယ်။

ဒီမြို့သစ်စီမံကိန်းထဲမှာတော့ သိပ္ပံနည်းပညာလုပ်ငန်းဇုန် အပန်းဖြေဇုန် တိုင်းရင်းသားယဉ်ကျေးမှုဇုန် ကုန်စည်ပို့ဆောင်ရေးဇုန် နဲ့ ဒေသစိုက်ပျိုးရေးဇုန်တို့ပါရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်တိုက် ၊ ဟိုတယ် ၊ ကေတီဗွီ လူနေအိမ် ကာစီနို အွန်လိုင်းဂိမ်းငယ်စတာတွေ ပါဝင်တယ်လို့ သိရပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စတင်တည်ဆောက်ခဲ့ပြီး စီမံကိန်းအားလုံးပြီးစီးဖို့ နောက်ထပ် ၇ နှစ်လောက်ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service