ရန်ကုန်မိုးပျံရထားလမ်းတည်ဆောက်ရေး ငွေလိုအပ်ပါက ဂျပန်အစိုးရက ကူညီရန်စဉ်းစားနေဟု JICA ရုံးအကြီးအကဲပြော - Property News in Myanmar from iMyanmarHouse.com
5940 Views

ရန်ကုန်မိုးပျံရထားလမ်းတည်ဆောက်ရေး ငွေလိုအပ်ပါက ဂျပန်အစိုးရက ကူညီရန်စဉ်းစားနေဟု JICA ရုံးအကြီးအကဲပြော

ရန်ကုန် မိုးပျံရထားလမ်း တည်ဆောက်ရေး ဂျပန်အစိုးရ ချေးငွေ ယန်း ဘီလီယံ ၈၀၀ (ဒေါ်လာ ၇ ဘီလီယံကျော်) ထဲမှ သုံးစွဲကာ လိုအပ်ပါက ထပ်မံချေးပေးရေး စဉ်းစားရန်ရှိသည် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မြန်မာရုံး အကြီးအကဲ မစ္စတာ မာစယုကီကာရစဝက ပြောသည်။

ဂျပန်အစိုးရက ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း (YUMRT)အပါအဝင် ၂၀၁၆ မှ ၂၀၂၀ အထိ အကောင်အထည်ဖော်မည့် မြို့ပြဆိုင်ရာစီမံကိန်း များအတွက် မြန်မာနိုင်ငံကို ယန်း ဘီလီယံ ၈၀၀ ထုတ်ချေးထား သည်။

‘‘ မြန်မာဘက်ကနေ ဂျပန်ဘက်ကို ငွေကြေးအရ ကူညီပေးပါဆိုရင် ဒါကို အသေအချာ အလေးအနက်ထားစဉ်းစားပြီး ကူညီပေးမှာပါ။ ကူညီပေးဖို့ကိုလည်း ကျွန်တော်တို့က မျှော်လင့်ထားပါ တယ်။ ဂျပန်ဝန်ကြီးချုပ်ကနေပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ တွေ့ဆုံခဲ့စဉ်က ဒီလိုမျိုးကူညီပေးဖို့ကို ၂၀၁၆ က ကတိကဝတ်ပြု ပြီးသားဖြစ်ပါတယ်’’ဟု မာစယုကီကာရစဝက ပြောသည်။

လှိုင်သာယာမြို့နယ် တောင်ဥက္ကလာပမြို့နယ် အထိ တည်ဆောက်မည့် မိုးပျံရထားလမ်းကို ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း (YUMRT)ဟု အမည်ပေးထားပြီး လက်ရှိတွင် JICA က ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းများ စတင်ဆောင်ရွက်နေ သည်။ ယင်းစီမံကိန်းသည် ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှု လျော့ပါးရေးအရေးပါသဖြင့် အမြန်ဆုံးအကောင်အထည်ဖော် ရန် လိုအပ်သည်ဟု မာစယုကီ ကာရစဝက ဆိုသည်။

‘‘ ဒီလိုစီမံကိန်းလုပ်ငန်းကာလအတွင်း စီမံကိန်းတည်ရှိရာ နယ်မြေအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေက ဖြစ်တတ်ပါတယ်။ တစ်ချိန် ကားစီးရေပိုများလာပြီး ယာဉ်ကြောကျပ်တည်းမှု ဆိုးရွား လာမှ အကောင်အထည်ဖော်မယ်ဆိုရင် အဆင်မပြေနိုင်ပါဘူး’’ဟု ၎င်းက ပြောသည်။

အဆိုပါ စီမံကိန်းသည် မဟာရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးတိုးတက်ဖွံ့ဖြိုးမှု အစီအစဉ်တွင် ပါဝင်ကာ လက်ရှိ အကြိုလေ့လာ မှု လုပ်ငန်းများအတွက် ကန်ဒေါ်လာ သိန်းချီ သုံးစွဲထားကြောင်း JICA မြန်မာရုံး အကြီးအကဲက ဆိုသည်။ စီမံကိန်း အကောင်အထည်ဖော်ပါက ကန်ဒေါ်လာ ဘီလီယံနှင့်ချီကုန်ကျနိုင်မည်ဟု JICA က ခန့်မှန်းထားသည်။

လက်ရှိတွင် စီမံကိန်း တည်ဆောက်ရန် လှိုင်သာယာ- ပါရမီလမ်းပိုင်း၌ မြေသိမ်းဆည်းမည့် လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မေလ ၃ ရက်တွင် ကြေညာထားသည်။

ရထားလမ်းအတွက် မြေသိမ်းရန် လိုအပ်သော လမ်းအကျယ်သည် ရန်ကုန်-ပုသိမ်လမ်း ပိုင်းတွင် ၂၉ မီတာ (၉၅ ပေ)နှင့် ပါရမီလမ်းတွင် ၂၂ မီတာ (၇၂ ပေ)ဖြစ်သည်။

ထို့ကြောင့် မြေသိမ်းဆည်းရာတွင် လှိုင်သာယာဘူတာ ပရဝဏ်အတွင်း မြေ ၅၄ ဧက ကျော်၊ ရန်ကုန်-ပုသိမ်လမ်းတစ် လျှောက်၌ ရထားလမ်းအလယ် မျဉ်းမှ ဘေးတစ်ဖက်စီသို့ ၁၄ မီတာခွဲ (၄၇ ပေခွဲ)၊ ပါရမီလမ်း ဘေးတစ်ဖက်စီတွင် ၁၁ မီတာ (၃၆ ပေ) ပါဝင်မည်ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

သို့သော် ယင်းစီမံကိန်းတည်ဆောက်ရေးလုပ်ငန်း စတင်မည့် ကာလကို ထုတ်ပြန်ခြင်းမရှိသေးပေ။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service