အိမ်ခြံမြေအသိပညာပေးသင်တန်း ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
3477 Views

အိမ်ခြံမြေအသိပညာပေးသင်တန်း ဖွင့်လှစ်

အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူကိုယ်စားလှယ်တွေအတွက် အိမ်ခြံမြေဆိုင်ရာအသိပညာပေးသင်တန်းတွေကို အခမဲ့သင်ကြားပေးနေတယ်လို့ သိရပါတယ်။

အိမ်ခြံမြေ ဆိုင်ရာပညာပေးသင်တန်းကို မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းနဲ့ မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ပူးပေါင်းပြီး အခမဲ့သင်ကြားပေးနေတာ ဖြစ်ပါတယ်။

ဒီသင်တန်းကို အိမ်ခြံမြေ အကျိုးဆောင် တွေအနေနဲ့ ပြည်သူတွေနဲ့ဆက်ဆံတဲ့အခါ ဆောင်ရွက်ပေးရမယ့် တာဝန်ဝတ္တရား၊ သိရှိသင့်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ စာချုပ်စာတမ်း၊ လယ်ယာမြေ၊ လူမှုဆက်ဆံရေးနဲ့ပတ်သက်တာတွေကို သိရှိစေဖို့အတွက် ရည်ရွယ်သင်ကြား ပေးတာဖြစ်တယ်လို့ သိရပါတယ်။

အိမ်ခြံမြေ ဆိုင်ရာအသိပညာပေးသင်တန်းတွေကို ရန်ကုန်မန္တလေး နဲ့ နေပြည်တော် မြို့တွေမှာ အပတ်စဉ်အလိုက် ဖွင့်လှစ်သင်ကြားပေးနေပြီး သက်ဆိုင်ရာအစိုးရဌာနမှ ပညာရှင်တွေ ကိုယ်တိုင်သင်ကြားပို့ချပေးတယ်လို့ သိရပါတယ်။

သင်တန်းမှာ မြေလွတ်မြေရိုင်းနဲ့ လယ်ယာမြေဆိုင်ရာဥပဒေ၊ ကျေးရွာနဲ့မြို့ပြမြေယာဂရန်၊ စည်ပင်သာယာ မြေယာလုပ်ထုံးလုပ်နည်းနဲ့ နည်းဥပဒေ၊ အိမ်ခြံမြေ၊ရောင်းဝယ်ခြင်း၊အကျိုးဆောင်ခြင်းနဲ့ပတ်သက်တဲ့ သိကောင်းစရာများ၊ အခွန်ဥပဒေနဲ့စာချုပ်စာတမ်းဥပဒေ၊ လူမှုဆက်ဆံ ရေးစတဲ့ဘာသာရပ်တွေသင်ကြားပို့ချပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း အိမ်ခြံမြေဆိုင်ရာအသိပညာပေးသင်တန်း (၄/၂၀၁၉)ကို မန္တလေးမြို့ Royal Mingalar Hotel မှာ မေလ(၂၁)ရက်မှ(၂၃) ရက်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အဆိုပါသင်တန်းမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူ(၁၅၀)ကျော် တက်ရောက်သင်ကြားလျက် ရှိတယ်လို့ သိရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service