ဒလအိမ်ခြံမြေ အတက်ဘက်ကိုဆက်လက်ဦးတည် - Property News in Myanmar from iMyanmarHouse.com
6641 Views

ဒလအိမ်ခြံမြေ အတက်ဘက်ကိုဆက်လက်ဦးတည်

ကိုရီးယား - မြန်မာ ချစ်ကြည်ရေးတံတား စီမံကိန်းကြောင့် ဒလမြို့နယ် ရှိ အိမ်ခြံမြေဈေးတွေတက်လာနိုင်တယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေက ပြောပါတယ်။

လက်ရှိမှာ ဒလမြို့နယ် အတွင်းက လမ်းမတန်း အိမ်ခြံမြေ ဈေးတွေဟာ ရန်ကုန်မြို့ အတွင်းက ဈေးတွေနဲ့တန်းတူဖြစ်နေပြီး ဈေးနှုန်းကြီးမြင့်နေတယ်လို့ ဒလမြို့နယ်အခြေစိုက် အိမ်ခြံမြေလုပ်ငန်းရှင် ဦးအေးမြင့်ကပြောပါတယ်။

“ ဒလတံတားစပြီး ပန္နက်ရိုက်တဲ့အချိန်ကစပြီးတော့ ဈေးတွေ တော်တော်လေးလှုပ်နေတာကို တွေ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ အရောင်းအ၀ယ်ဖြစ်သလားလို့မေးရင်တော့ အရောင်းအ၀ယ်က သေချာမဖြစ်သေးဘူးပေါ့နော်။ လမ်းမတန်းမှာဆိုရင် အရင်က သိန်းတစ်ထောင်နှစ်ထောင် အကွက်တွေက အခုဆိုရင်သိန်းလေးထောင် ငါးထောင်လောက် ခေါ်နေကြတာကို ကျွန်တော်တို့တွေ့ရတယ်။ ” လို့ ၎င်းကဆိုပါတယ်။

ဈေးတွေတက်လာတာကြောင့် အမှန်တကယ် ၀ယ်ယူနေထိုင်သူထက် အိမ်ခြံမြေ ၀ယ်ရောင်းသမားတွေလည်း ပိုများလာနိုင်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း ဒုတိယဥက္ကဌ ဦးသိန်းလှညိုကပြောပါတယ်။

ဒလတံတားကြီး တည်ဆောက်ဖို့ ပန္နက်တင် အခမ်အနားကို၂၀၁၈ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး သုံးနှစ်အတွင်းအပြီးတည်ဆောက်နိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒလမြို့နယ် အတွင်းက အိမ်ခြံမြေဈေးတွေအနေနဲ့ အတက်ဘက်ကို ဦးတည်နေတယ်လို့ အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ကိုင်သူတွေက ဆိုပါတယ်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service