ရန်ကုန်မြို့ပတ်ရထားလမ်းဘေးတစ်လျှောက် နေချင့်စဖွယ်ဖြစ်ရေး မြို့ပြအိမ်ရာစီမံကိန်းများကိုပါပေါင်းစပ်နိုင်ရန် ဆောင်ရွက်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
900 Views

ရန်ကုန်မြို့ပတ်ရထားလမ်းဘေးတစ်လျှောက် နေချင့်စဖွယ်ဖြစ်ရေး မြို့ပြအိမ်ရာစီမံကိန်းများကိုပါပေါင်းစပ်နိုင်ရန် ဆောင်ရွက်နေဟုဆို

ရန်ကုန်မြို့ ပတ်ရထားလမ်းနှင့် ဘူတာရုံများ အဆင့်မြှင့်တင်ရာ၌ လမ်းဘေးတစ်လျှောက်နေ ချင်စဖွယ်ဖြစ်ရန်အတွက် မြို့ပြအိမ်ရာစီမံကိန်းများကိုပါ ပေါင်းစပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက် နေသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ပန္နက်တင်အခမ်းအနား

ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းအဆင့် မြှင့်တင်ခြင်း (စီမံကိန်းအဆင့်- ၁) နှင့် ရန်ကုန် မြို့ပတ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ဆောင်ရွက်ခြင်းများအတွက် ပန္နက်တင်အခမ်း အနားကို မေ ၁၈ ရက်က ရန်ကုန်ဘူတာကြီး စခန်းသာဧည့်ခန်းမရှေ့ မင်္ဂလာနေရာ၌ ပြုလုပ်ရာတွင် ၎င်းကထည့်သွင်းပြောဆိုသည်။

" မြို့ပတ်ရထားလမ်းနဲ့ ဆက်စပ်နေတဲ့ ဘူတာရုံတွေအားလုံး အဆင့်မြှင့်နိုင်ဖို့အတွက် ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ဘူတာရုံသက်သက်မဟုတ်ဘဲနဲ့ နေချင့်စဖွယ် ဖြစ်လာနိုင်တဲ့ နေရာတွေဖြစ်ဖို့အတွက် မြို့ပြ အိမ်ရာစီမံကိန်းတွေနဲ့ပါ ပေါင်းစပ်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ မြို့ပတ်ရထား လမ်းကို ပိုပြီးအဆင့်မြှင့်တင်နိုင်ဖို့ ကြိုးစားနေသလို မြို့ပတ်ရထားလမ်းနဲ့ ကားလမ်းတွေနဲ့ ချိတ်ဆက်တဲ့နေရာမှာရှိနေတဲ့ မီးပွိုင့်စနစ်တွေ ချိတ်ဆက်နိုင်ဖို့ကြိုးစားနေပါတယ်"ဟု ဝန်ကြီး ချုပ်က ပြောဆိုသည်။

ချိတ်ဆက်ဆောင်ရွက်နေ

မြို့ပတ်ရထားလမ်း ပိုမိုအဆင့်မြင့်လာပါက ရထား၊ ကား၊ ရေကြောင်းများကို ချိတ်ဆက် ဆောင်ရွက်နေကြောင်း၊ ယင်းသို့ ဆောင်ရွက်နေခြင်းကြောင့် ရန်ကုန်မှာ နေ့စဉ်ကြုံဆုံနေရသော ယာဉ်ကြောကျပ်တည်းမှု၊ လမ်းမပေါ်၌ အချိန်ပေးနေရမှုများကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံဆောင်ရွက်ပေးမှုဖြင့် ဖြေလျှော့သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

"ရထားလမ်းတွေ အဆင့်မြှင့်တင်မှုပြီးစီးသွားရင်တော့ ကုန်စည်စီးဆင်းမှုကုန်ကျစရိတ် က သက်သာသွားမှာဖြစ်ပါတယ်။ ကုန်ကျစရိတ်သက်သာမှုက စားသုံးသူတွေအတွက် အထောက် အကူဖြစ်သလို ကျွန်တော်တို့နိုင်ငံအတွက် ကုန်စည်စီးဆင်းမှုကိုလည်း ပိုပြီးအထောက်အကူဖြစ်မှာပါ။ ရန်ကုန် - မန္တလေးရထားလမ်းက အရေးကြီးတဲ့လမ်းဖြစ်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။

ပြေးဆွဲချိန်လျှော့ချ

ရန်ကုန်မြို့ပတ်လမ်း ၂၉ မိုင်ခွဲကို လက်ရှိတွင် ၂ နာရီ မိနစ် ၅၀ ကြာ ပြေးဆွဲနေရာမှ အဆင့်မြင့်လမ်းပိုင်း ပြီးစီးသွားပါက ၁ နာရီ မိနစ် ၅၀ ဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး ပြေးဆွဲချိန် တစ်နာရီခန့် လျှော့ချသွားမည်ဖြစ်ကြောင်း၊ ယင်းအဆင့်မြှင့်တင်ခြင်းလမ်းပိုင်းကို ဂျပန် ဦဗချေးငွေနှင့် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

တိုးမြှင့်ပြေးဆွဲမည်

စီမံကိန်းပြီးစီးပါက ရထားတစ်စင်းနှင့် တစ်စင်း ၁၀ မိနစ်မှ ၁၂ မိနစ်ခြားတစ်စင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း၊ ရထားလမ်း ပိုင်းများပြီးစီးသွားပါက ရထားမိုင်နှုန်းကို ကီလိုမီတာ ၆၀ နှုန်းအထိ တိုးမြှင့် ပြေးဆွဲပေး မည်ဖြစ်ကြောင်းလည်း မြန်မာ့မီးရထားမှ သိရသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service