နိုင်ငံခြားဘဏ်ခွဲများ ထပ်မံခွင့်ပြုဦးမည် - Property News in Myanmar from iMyanmarHouse.com
993 Views

နိုင်ငံခြားဘဏ်ခွဲများ ထပ်မံခွင့်ပြုဦးမည်

ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ချေးငွေရရှိနိုင်မှုအခွင့်အလမ်း ပိုမိုရရှိလာစေရန် နိုင်ငံခြား ဘဏ် ခွဲများကို သင့်လျော်သည့်အရေအတွက်အထိ ထပ်မံခွင့်ပြုရန်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဌဦးစိုးသိန်းက ပြောသည်။

မေ ၁၇ ရက်ကကျင်းပခဲ့သော အစိုးရ၏တတိယနှစ်အတွင်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

ခွင့်ပြုမည့်အရေအတွက်နှင့် ခွင့်ပြုမည့်အချိန်ကို ပြောကြားခဲ့ခြင်းမရှိသေးသော်လည်း ထပ်မံဖွင့်လှစ်မည့်နိုင်ငံခြားဘဏ်ခွဲများကို ဘဏ်ခွဲ (Branch) အနေနှင့်သာမက Subsidiary (လက်အောက်ခံ) အနေဖြင့်ပါ ခွင့်ပြု ပေးသွားမည်ဟု၎င်းက ပြောသည်။

ယခင်က Branch အနေဖြင့်ခွင့်ပြုထားခဲ့သည့် နိုင်ငံခြားဘဏ်ခွဲ ၁၃ ခုအနေဖြင့်လည်း Subsidiary အဖြစ်သို့ ပြောင်းလဲဖွင့်လှစ်လိုပါက ခွင့်ပြုပေးသွားမည်ဟုဆိုသည်။

Branch အဖြစ်ဖွင့်လှစ်ခြင်းသည် နိုင်ငံခြားတွင်ရှိသော ဘဏ်တစ်ခုက ဘဏ်ခွဲတစ်ခုအနေဖြင့်သာ လာရောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး Subsidiary အနေဖြင့်ဖွင့်လှစ်ခြင်းသည် မြန်မာနိုင်ငံ၏ ဥပဒေ အရ ဖွဲ့စည်းတည်ထောင်ရမည့် ဘဏ်ခွဲအဖြစ်ရှိမည်ဖြစ်သည်။

''ဘာကွာသွားလဲဆိုရင် Branch က အလွယ်တကူရုပ်သိမ်းသွားလို့ရတယ်။ Subsidiary ကတော့ ဒီမှာတည်ထောင်ထားတဲ့ဟာဖြစ်လို့ ရုပ်သိမ်းလို့မရပါဘူး။ တကယ်လို့သူက ရောင်းမယ်၊ လွှဲမယ်၊ ရှယ်ယာတချို့ခွဲလို့ရတယ်။ ဒီလိုဟာမျိုးပဲ လုပ်လို့ရပါတယ်''ဟု ဦးစိုးသိန်းက ပြောကြားသည်။

Subsidiary အဖြစ်ခွင့်ပြုခြင်းသည် မြန်မာနိုင်ငံအတွက် ပိုမိုခိုင်မာမှုရှိကြောင်းလည်း ၄င်းကဆက်လက်ပြောကြားသည်။

နိုင်ငံခြားဘဏ်ခွဲများသည် Subsidiary အဖြစ်လာရောက်တည်ထောင်ဖွင့်လှစ်ပါက Branch အဖြစ်ဖွင့်လှစ်ခြင်းထက် အခွင့်အရေးများလည်း ပိုမိုရရှိစေမည်ဖြစ်သည်။

''Subsidiary တွေကို ဘာခွင့်ပြုပေးမလဲဆိုရင် Retail Banking ကိုပါခွင့်ပြုပေးမှာဖြစ်ပါတယ်။ Subsidiary အနေနဲ့ဖွဲ့စည်းတည်ထောင်တဲ့ နိုင်ငံခြားဘဏ်ခွဲတွေဟာ ပြည်တွင်းဘဏ်များနည်းတူ Function အပြည့်အဝကိုဆောင်ရွက်ခွင့်ရမှာဖြစ်ပါတယ်''ဟု ဦးစိုးသိန်းက ပြောသည်။

ထို့ကြောင့် ပြည်တွင်းတွင်ဖွင့်လှစ်ထား ပြီးဖြစ်သော နိုင်ငံခြားဘဏ်ခွဲ Branch များသည်လည်း Subsidiary အဖြစ်သို့ ပြောင်းဖွင့်လိုပါကလည်း ခွင့်ပြုမည်ဖြစ်သည်။

ဗဟိုဘဏ်သည် ပြည်တွင်းသို့လာရောက်ဖွင့်လှစ်ထားသော ဘဏ်ခွဲ (Branch) ၁၃ ခုအား မူလက နိုင်ငံခြားစီးပွားရေး အဖွဲ့အစည်း (Foreign Corporate) များ၊ နိုင်ငံခြားတွင်ဖွဲ့စည်းပြီး မြန်မာနိုင်ငံတွင်လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားစီးပွားရေးအဖွဲ့အစည်းများကိုသာ ငွေချေးခွင့်ပြုပေးခဲ့သော်လည်း နောက်ပိုင်းတွင်မူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများပါ ငွေထုတ်ချေးနိုင် ရန် ဖြေလျှော့ပေးခဲ့သည်။

'' ပြည်တွင်းကော်ပိုရိတ်များရဲ့ ချေးငွေရရှိနိုင်မှုအခြေအနေ တိုးတက်ကောင်းမွန်လာအောင်ဆိုပြီး ပြည်တွင်းကော်ပိုရိတ်တွေကိုချေးဖို့အစီအစဉ်ကို ကျွန်တော်တို့ဖြေလျှော့ပေးခဲ့ပါတယ်'' ဟု ဆိုသည်။

ထို့ပြင် ပြည်တွင်းပုဂ္ဂလိကဘဏ် များအနေဖြင့် ပြည်ပဘဏ်များသို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဆိုပါကလ ည်း မတည်ငွေရင်း၏ ၃၅ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံခွင့်ပြုရန်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service