မြို့သစ်တည်ဆောက်မှုတွေနဲ့ အတူ အိမ်ရာတွေပေါ်ပေါက်လာမှာလား - Property News in Myanmar from iMyanmarHouse.com
862 Views

မြို့သစ်တည်ဆောက်မှုတွေနဲ့ အတူ အိမ်ရာတွေပေါ်ပေါက်လာမှာလား

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရသစ် လက်ထက်၌ မြို့သစ်တည်ဆောက်မှုများ တဖြည်းဖြည်း တိုးပွားများပြားလာကြောင်းနှင့် မြို့သစ်တည်ရာတွင် ပြည်တွင်းသာမက ပြည်ပရင်းနှီးမြှုပ်နှံမှုများပင် ပါဝင်လာပြီုဖစ်သည်။

မြို့သစ်များ၏ ဂုဏ်အင်္ဂါများ ပိုမိုဆန်းသစ်လာသကဲ့သို့ အစိုးရနှင့် အကျိုးတူဆောင်ရွက်ပုံနည်းလမ်းများမှာလည်းလွန်စွာများပြားလာပြီဖြစ်သည်။

Green City, Eco- City, Green and Eco-City, Smart City, Resort City စသည် ဖြင့် ခေတ်နှင့်အညီ အရည်အသွေးအသစ်များ ပြောင်းလဲတည်ဆောက်ရန်နှင့် အဆင့်မြှင့်တင် တည်ဆောက်ရန်အတွက် အပြိုင်အဆိုင်အမည်နာမသစ်များ ဖော်ညွှန်းလာကြ၏။

လက်တွေ့အား ဖြင့် မည်သည့်အတိုင်းအတာအထိအကောင်အထည်ဖော်နိုင်မည် ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်သည်။

အချို့စီမံကိန်းများကို ပြည်ထောင်စုအစိုးရက တာဝန်ယူအကောင်အထည်ဖော်ကြောင်း နှင့် အချို့ကို သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရက အကောင်အထည်ဖော်လျှက်ရှိသည်။

မြို့သစ်များတည်ဆောက်ရာတွင် မည်သူတို့၏ အကျိုးစီးပွားကို ရည်ရွယ်၍တည်ဆောက်ခြင်း ဖြစ်ပါသနည်းဟူသော မေးခွန်းကို ဦးစွာဖြေဆိုသင့်၏။ ' ပြည်သူတို့ ၏ နေရေး’ အကျိုးစီးပွားကို အဓိ ကထား၍ တည်ဆောက်သည်ဟု ဆိုလျှင် ယေဘုယျအားဖြင့် မှန်ကန်သော အဖြေရပြီဟု ဆိုနိုင်၏။ သို့သော် ‘ ပြည်သူတို့၏ နေရေး’ ကို ထပ်မံပြီး ဖွင့်ဆိုရန် လိုအပ်နေသေး၏။

နေရေးလိုအပ်ချက်ရှိသော ပြည်သူတို့တွင် ဝင်ငွေများသူ၊ ဝင်ငွေအလယ်အလတ်ရှိသူ နှင့် ဝင်ငွေနည်းသူဟူ၍ ဝင်ငွေ ကွာခြားချက်ရှိပေရာ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံ၌ ဝင်ငွေနည်းပြည် သူတို့သည် အရေအတွက်အများ ဆုံးဖြစ်သကဲ့သို့ နေရေးအခက်အခဲအများဆုံး ကြုံတွေ့နေကြရ ကြောင်း အထူးပြောရန်မလိုပေ။

ဥပမာအားဖြင့် စီးပွားရေးမြို့တော် ရန်ကုန်မြို့ တွင်  ၂၀၁၂ ခုနှစ်၌ လစဉ်ဝင်ငွေ ကွာခြားမှုလေ့လာ တွေ့ရှိချက်အရ ၇၇ ရာခိုင်နှုန်း သော ပြည်သူတို့သည် လစဉ်ဝင်ငွေ သုံးသိန်းနှင့်အောက်သာရရှိ ကြောင်း သိရှိရပေသည်။

သို့ဖြစ်၍ စာရေးသူတို့ မြန်မာနိုင်ငံတွင် ပြည်ထောင်စုအဆင့်မှဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှဖြစ်စေ မြို့သစ်တည်ရာ၌ ဝင်ငွေနည်းပြည်သူတို့၏ နေရေး အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း တွေ့ရှိရပေသည်။ ဤသည်ကို ယထာဘူ တကျသော မြို့ပြတည်ဆောက်ရေး ဓမ္မဓိဋ္ဌာန်အမြင်ဟု ဖော်ညွှန်း လိုပေသည်။

ရန်ကုန်မြို့ သည် မြန်မာနိုင်ငံတွင် လူဦးရေအများဆုံးမြို့ကြီး ဖြစ်သကဲ့သို့ ဝင်ငွေနည်းပြည်သူ အများဆုံးတည်ရှိကြောင်း အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်ပေသည်။

ဝင်ငွေနည်းပြည်သူတို့ သည် အိမ်ရာလိုအပ်ချက်အများဆုံးသော အုပ်စုလည်းဖြစ်၏။ စုစုပေါင်း ၁ ဒသမ ၅ သိန်းခန့်ရှိသော ကျူးကျော်အိမ်ရာများ၌ နေထိုင်နေကြကုန်သော လူဦးရေ ငါးသိန်းကျော်၏ နေရေးဒုက္ခကို အဖြေရှာရေးမှာ တိုင်းဒေသကြီး အစိုးရအတွက် အကြီးဆုံးစိန်ခေါ်မှုဖြစ်၏။

အခြားသော ၁၀ ပေပတ်လည်မျှ ရှိသည့် အိမ်ခန်းများကို လစာငွေ လေးသောင်းခန့်ပေးပြီး  ငှားရမ်း နေထိုင်ရရှာသည့် လူဦးရေမှာလည်း မြို့သစ်အားလုံးပေါင်းလျှင် သိန်းဂဏန်းရှိနိုင်ပြန်၏။

လစာနည်း အစိုးရဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂလိကလုပ်ငန်းများမှ ပုံမှန်ဝင် ငွေရလစာနည်း အလုပ်သမား မိသားစုများစွာတို့မှာလည်း တစ်လုံးတည်းငွေမသွင်းနိုင်၍ တန်ဖိုး နည်းအရောင်းအိမ်ရာများနှင့် အလှမ်းဝေးနေကြဆဲဖြစ်၏။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service