တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေး ကာကွယ်ပေးရန် တရုတ်သံအမတ်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
600 Views

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေး ကာကွယ်ပေးရန် တရုတ်သံအမတ်ကြီးပြော

တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသည့် Beltand Road နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေး ကာကွယ်ပေးခြင်းက နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူေးပါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အနှစ်သာရပြည့်ဝစေနိုင်မည်ဟု ယုံကြည်ကြောင်း တရုတ်သံအမတ်ကြီး ဟုန်လျန်က ပြောကြားသည်။

တရုတ်နိုင်ငံသံရုံးသည် ပြည်ထဲရေးဝန်ကြီးဌာနထံ ရဲတပ်ဖွဲ့သုံး လုံခြုံရေးပစ္စည်းများ လှူဒါန်းခြင်း ကို မေလ ၁၃ ရက်တွင် နေပြည်တော် ၌ အခမ်းအနားဖြင့် ကျင်းပစဉ် အထက်ပါအတိုင်း ပြောကြားကြောင်း သံရုံးက ယမန်နေ့၌ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် ယခုအခါ အသွင်ကူးပြောင်းသည့် အရေးပါသော ကာလသို့ရောက်နေပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို မြန်မာ-တရုတ် နှစ်နိုင်ငံမြှင့်တင်ခြင်းသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် လွန်စွာအရေးကြီးကြောင်း တရုတ်သံအမတ်ကြီးက ပြောကြားသည်။

တရုတ်သံရုံး၏ လှူဒါန်းမှုသည် ရဲတပ်ဖွဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး တတ်စွမ်းသမျှ ကူညီပေးရန်နှင့် အထူးသဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများကို အားပေး ရန်ဖြစ်ကြောင်း ဟုန်လျန်က ပြောကြားသည်ဟု ဆိုသည်။

အထက်ပါ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေတက်ရောက်ပြီး နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဖက်ဆက်ဆံရေး တိုးတက်မှုအသစ်များ အဆက်မပြတ်ရရှိစေလိုကြောင်း ပြောကြားသည်ဟု တရုတ်သံရုံး ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တရုတ်သံရုံးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် ပေးအပ်သည့် ပစ္စည်းအမျိုးအစားများနှင့် တန်ဖိုးကိုထုတ်ပြန်ကြေညာခြင်းမရှိပေ။

ဟုန်လျန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး တာဝန်မှမကြာမီ ပြီးဆုံးမည်ဖြစ် ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် နေပြည်တော်ရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များနှင့် သီးခြားစီတွေ့ဆုံခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
maha
kt

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service