ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများ အစုရှယ်ယာဝယ်ယူခွင့်ပြုမည့် ညွှန်ကြားချက်ကို မကြာမီ ထုတ်ပြန်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
787 Views

ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများ အစုရှယ်ယာဝယ်ယူခွင့်ပြုမည့် ညွှန်ကြားချက်ကို မကြာမီ ထုတ်ပြန်မည်ဟုဆို

ရန်ကုန် စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများ အစုရှယ်ယာဝယ်ယူခွင့်ပြုမည့် အမိန့်ညွှန်ကြားချက်ကို မကြာမီလပိုင်းအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း ချေးငွေသက်သေခံလက် မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။

မေလ ၁၇ ရက်က ရန်ကုန် စတော့အိတ်ချိန်းတွင် ပြုလုပ်သည့် Myanmar Stock Market Outlook and Trend 2019 ၌ ဦးဌေးချွန်က ပြောကြားခဲ့သည်။

၂၀၁၇ တွင် စတင်ပြဋ္ဌာန်းခဲ့ သည့် ကုမ္ပဏီများဥပဒေအရ ပြည်တွင်းကုမ္ပဏီများတွင် နိုင်ငံခြားသားများက အစုရှယ်ယာ ၃၅ ရာ ခိုင်နှုန်းပိုင်ဆိုင်ခွင့်ရှိခြင်းကြောင့် စတော့အိတ်ချိန်းတွင်လည်း ပါဝင်နိုင်ရေးဖြစ်သည်ဟု ၎င်းကဆိုသည်။

‘‘အမြန်ဆုံးထွက်ဖို့ ကြိုးစားနေတယ်။ SECM က အကုန်လုပ် ပြီးသွားပြီ။ အမိန့်ရောက်ရင်ထုတ်ရုံပဲ။ ဝန်ကြီးဌာနက ခွင့်ပြုချက်ရရင် ထွက်ဖို့ပဲ ရှိတော့တယ်’’ဟု ဦးဌေးချွန်က ပြောသည်။

လက်ရှိတွင် ရန်ကုန်စတော့ အိတ်ချိန်း၌ စာရင်းဝင်အများပိုင်ကုမ္ပဏီငါးခုရှိပြီး ၎င်းတို့သည် FMI ကုမ္ပဏီ၊ သီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ (MTSH)၊ မြန်မာနိုင်ငံသားများဘဏ်၊ ပထမပုဂ္ဂလိကဘဏ်နှင့် MTH တယ်လီကွန်းကုမ္ပဏီတို့ဖြစ်သည်။

ထို့ပြင် ယခုနှစ်အတွင်း ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ (Logistics Company) တစ်ခုကလည်း ရန်ကုန်စတော့အိတ်ချိန်း သို့ စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်လာရန် ရှိနေသည်ဟု ဦးဌေးချွန်က ပြောသည်။

Great Horker အများပိုင် ကုမ္ပဏီ၊ Ever Flow River (EFR)Logistics ကုမ္ပဏီနှင့် Myanmar Agro Exchange ကုမ္ပဏီတို့လည်း ရန်ကုန်စတော့အိတ်ချိန်း သို့ ထပ်မံဝင်ရောက်ရန် ရှိနေသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ မတ်လ၌ ပထမဆုံး စာရင်းဝင်ကုမ္ပဏီအဖြစ် FMI ကုမ္ပဏီက ဝင်ရောက်ခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service