ဆောက်လုပ်ရေးလုပ်ငန်းများ၌ စည်ပင်ရေအသုံးပြုသည့်ကုမ္ပဏီ အရေးယူမည် - Property News in Myanmar from iMyanmarHouse.com
1120 Views

ဆောက်လုပ်ရေးလုပ်ငန်းများ၌ စည်ပင်ရေအသုံးပြုသည့်ကုမ္ပဏီ အရေးယူမည်

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် မြို့ပေါ်ရပ်ကွက်များအတွင်း စည်ပင်သာယာရေးအဖွဲ့က မီးစက်ဖြင့်ရေပေးဝေလျက်ရှိရာတွင် ဆောက်လုပ်ရေးကုမ္ပဏီများမှ ၎င်းတို့လုပ်ငန်း၌ စည်ပင်ရေသုံးစွဲသည်ကို စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က မြန်မာတိုင်းမ် နေ့စဉ်သို့ ပြောဆိုသည်။

ကွင်းဆင်းစစ်ဆေး

"အခုလိုနွေရာသီမီးပြတ်ချိန်မှာ မြို့ရေပေး ဝေရေးအဆင်ပြေအောင်လို့ မီးစက်ဝယ်ယူပြီး အများပြည်သူရေလုံလောက်စွာရရှိရေးအတွက် ရေပေးဝေရေးလုပ်ဆောင်နေတာပါ။ ကုမ္ပဏီ တွေအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ စည်ပင်ရေသုံးစွဲခွင့်မပြုပါဘူး။ ကွင်းဆင်းစစ်ဆေးလို့ စည်ပင်ရေသုံးစွဲတာတွေ့ရှိရင် အဲဒီကုမ္ပဏီကို Black List လုပ်သွားမယ်"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဝယ်ယူအသုံးပြုရန်

လျှပ်စစ်မီးလုံလောက်စွာမရရှိသည့် နွေရာသီ၌ မြို့ရေပေးဝေရေးလုပ်ငန်းများ အခက်အခဲဖြစ်နေမှုကို ဖြေရှင်းနိုင်ပေးနိုင်ရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်နှင့် မြို့လူထုကို အချိန်ပြည့် ရေပေးဝေနိုင်ရေး အတွက် ဧပြီ ၂၅ ရက်က ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများပါဝင်သည့် အထူးအစည်းအဝေးတစ်ရပ်ပြုလုပ် ၍ မီးစက်သစ်ဝယ်ယူအသုံးပြုရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

စဉ်ဆက်မပြတ်

ယင်းသဘောတူဆုံးဖြတ်ချက်အရ လျှပ်စစ် မီးမကြာခဏပြတ်တောက်မှုများနှင့် ကြုံတွေ့နေရသည့် နွေရာသီတွင် ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်နေ ပြည်သူများအား စဉ်ဆက်မပြတ် ရေပေးဝေ သွားနိုင်ရေးအတွက် ကျောက်ဆည်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေများမှ ငွေကျပ်သိန်း ၉၈၀ ကျော်ချေးယူ၍ အမေရိကန်နိုင်ငံထုတ် ၅၀ဝုမီးစက်ကြီးဝယ်ယူခဲ့သည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service