မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်ရေး လုပ်ငန်းစတင် - Property News in Myanmar from iMyanmarHouse.com
1338 Views

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်ရေး လုပ်ငန်းစတင်

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ တွင် ကျပ်သိန်း ၇၀၀၀၀ ကျော် အကုန်အကျခံပြီး တည်ဆောက်နေသော စိမ်းလဲ့မြိုင်ခေတ်မီ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်ရပ်နားစခန်း (အဝေးပြေး ကားဝင်း) အား ၂၀၁၈ ခုနှစ် စက်တင်ဘာလ တွင် မြေရှင်းလင်းရေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ကာ ၂၀၁၉ ခုနှစ် မေ ၃ ရက်တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်များ၊ မြဝတီခရိုင်မှ တာဝန်ရှိသူများက ပန္နက်ချ မင်္ဂလာပြုလုပ်ကာ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းပိုင်းကို ဆောင် ရွက်နေပြီဖြစ်ကြောင်း သိရသည်။

မြဝတီမြို့ စိမ်းလဲ့မြိုင်ခေတ်မီ အဝေးပြေး ယာဉ်ရပ်နားစခန်းလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ကရင်ပြည်နယ် အစိုးရအဖွဲ့က လွှတ်တော်၏ အတည်ပြု ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စိမ်းလဲ့မြိုင် အဝေးပြေးကားဝင်းစခန်းတည်ဆောက်ရေးလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဦးမျိုးဝင်းသန်းက “စိမ်းလဲ့မြိုင် အဝေးပြေးကားဝင်း ကိုယ်နဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ နယ်စပ် မြဝတီမြို့မှာ အဝေးပြေးယာဉ်ရပ်နားစခန်း မရှိတဲ့အတွက် ကားဂိတ်တွေလည်း နေရာစနစ်တကျမရှိတာကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေလည်း နေ့စဉ်နီးပါး ဖြစ်ပေါ်နေသလို ခရီးသွား ပြည်သူတွေလည်း အခက်အခဲ ဖြစ်ကြရပါတယ်။ ဒါကြောင့် ခေတ်မီ အဝေးပြေး ယာဉ်ရပ်နားစခန်းကြီး တစ်ခုကို ကျပ်သိန်း ၇၀၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်တာဖြစ်ပြီး ၂၀၂၁ ဧပြီလလောက်မှာ ပြီးစီးဖို့ ခန့်မှန်းထားပါတယ်” ဟု ပြောကြားသည်။

ယာဉ်ရပ်နားစခန်း တည်ဆောက်ရေးလုပ်ငန်း ပြီးစီးပါက အနှစ်၂၀ အရစ်ကျစနစ်ဖြင့် ဝယ်ယူရရှိနိုင်မည့် အိမ်ရာစီမံကိန်းများကိုပါ တည်ဆောက်သွားမှာ ဖြစ်ကြောင်း ဦးမျိုးဝင်းသန်းက ပြောကြားသည်။

စိမ်းလဲ့မြိုင် ခေတ်မီ အဝေးပြေး ယာဉ်ရပ်နားစခန်းကြီးတွင် မော်တော်ယာဉ်ကြီးများအတွက် ၂၅ ပေ x ၄၀ ပေ နှစ်ထပ်ဆောင် ကားဂိတ် ၅၃ ခုနှင့် ယာဉ်ငယ်များအတွက် ၁၅ ပေ x ၃၀ ပေ နှစ်ထပ်ဆောင် ၅၀ ခုကို လည်း တည်ဆောက် သွားမည်ဟု ဆိုသည်။

အဆိုပါ ယာဉ်ရပ်နားစခန်း၏ ဧရိယာ အကျယ်အဝန်းမှာ ကိုးဧက ရှိကြောင်း သိရသည်။

လက်ရှိ မြဝတီမြို့တွင်း၌ ခရီးသွားပြည်သူများ ပို့ဆောင်ပေးနေသော Express ကားကြီးဂိတ် ၂၀ ကျော်နှင့် ယာဉ်ငယ်ဂိတ် ၇၀ ကျော်တို့က မြန်မာနိုင်ငံ အနှံ့ပြေးဆွဲနေပြီး တရားဝင် အဝေးပြေး ယာဉ်ရပ်နားစခန်း မရှိသည့်အတွက် လမ်းမကြီးနှင့် ကြားလမ်းများတွင် ကားဂိတ်ဖွင့်ကာ ပြေးဆွဲနေရ၍ မြို့တွင်း၌ ယာဉ်ကြော ကျပ်တည်းမှုများ နေ့စဉ် ကြုံတွေ့နေရကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service