သံတစ်ချောင်းမျှ အသုံးမပြုဘဲ ဆောက်လုပ်ထားသည့် နှစ်ပေါင်း ၃၀၀ သက်တမ်းရှိ ဘုရားကျောင်း - Property News in Myanmar from iMyanmarHouse.com
1368 Views

သံတစ်ချောင်းမျှ အသုံးမပြုဘဲ ဆောက်လုပ်ထားသည့် နှစ်ပေါင်း ၃၀၀ သက်တမ်းရှိ ဘုရားကျောင်း

ရုရှားနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် အိုနက်ဂါအမည်ရှိ အလွန်ကြီးမားကျယ်ပြန့်လှသော ရေအိုင်ကြီးတစ်ခုတည်ရှိသည်။

ပျှမ်းမျှရေအနက်မှာ ၉၈ ပေဖြစ်ပြီး အနက်ရှိုင်းဆုံးနေရာတွင် ၄၁၇ ပေခန့်အထိ နက်သည်ဟု ဆိုသည်။

ရေအိုင်ကြီး၏ အကျယ်မှာ အလျား ၁၅၂ မိုင်၊ အနံ ၅၆ ဒသမ ၉ မိုင်ရှိပြီး ရေမျက်နှာပြင်အကျယ်စုစုပေါင်း ၃၇၀၀ စတုရန်းမိုင်ရှိသည်။

( အင်းတော်ကြီးကန်အလျား ၁၅ မိုင်၊ အနံ ၈ ဒသမ ၁ မိုင်)

အိုနက်ဂါရေအိုင်ကြီးအတွင်းသို့ မြစ်ပေါင်း ၅၀ စီးဝင်ပြီး ရေအိုင်အတွင်း ကျွန်းပေါင်း ၁၆၅၀ ကျွန်း တည်ရှိသည်။ ရုရှားနိုင်ငံတွင်ပင် တည်ရှိသော လာဒိုဂါရေအိုင်ကြီးပြီးလျှင် ဥရောပတစ်ခွင်လုံးတွင် ဒုတိယအကြီးမားဆုံး ရေအိုင်ကြီးဖြစ်သည်။

ကျွန်းအများစုတွင် လူသူနေထိုင်ခြင်းမရှိကြချေ။ အဆိုပါ ကျွန်းများအနက်တစ်ခုပေါ်တါင် ယဉ်ကျေးမှု၏အမွေအနှစ် အံ့ဖွယ်တစ်ပါး တည်ရှိနေသည်။

ကီဇီအမည်ရှိ ကျွန်းပေါ်တွင် ကီဇီပိုဂို့စ်အမည်ရှိ အော်သိုဒေါ့ဇ်ခရစ်ယာန်ဘုရားကျောင်းတစ်ခု တည်ရှိပြီး နှစ်ပေါင်း ၃၀၀ သက်တမ်းရှိပြီဟု ဆိုသည်။

ကီဇီပိုဂို့စ်ဟူသည်မှာ သီးသန့်သင်္ချိုင်းဟူ၍ အဓိပ္ပာယ်ရသည်။

ဘုရားကျောင်းဝန်းတွင် ကပ်လျက်ဘုရားကျောင်း ၂ ခုနှင့် ၈ ထောင့်သဏ္ဍာန် ခေါင်းလောင်းစင်တစ်ခုတို့ ပါဝင်ပြီး အားလုံးကို သစ်ဖြင့် ဆောက်လုပ်ထားသည်။ ဘုရားကျောင်း ၂ ခုလုံးကို ၁၈ ရာစုအတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်သော်လည်း ခေါင်းလောင်းစင်ကိုမူ ၁၈၆၂ ခုနှစ်တွင်မှ ထပ်မံထည့်သွင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

မူရင်းခေါင်းလောင်းစင်မှာ ပြင်းထန်ဆိုးရွားလှသော ရာသီဥတုအခြေအနေများကြောင့် လျင်မြန်စွာပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

ဘုရားကျောင်း ၂ ခုအနက် အရွယ်အစားပိုမိုကြီးမားသည့် ဘုရားကျောင်းကို “ရောင်တော်လွှတ် ဘုရားကျောင်း” ဟု အမည်ပေးထားသည်။

မူလက မိုးကြိုးထိမှုကြောင့် မီးလောင်ပျက်စီးသွားခဲ့ရသည့် ဘုရားကျောင်းနေရာတွင် ပြန်လည်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

၁၇၁၄ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး ၁၉ ရာစုအတွင်း ပြုပြင်မွမ်းမံမှုများပြန်လည်ပြုလုပ်ခဲ့ကာ ထိုကာလအတွင်းတွင် ပင် ဒုတိယ ခေါင်းလောင်းမျှော်စင်ကိုလည်း ဆောက်လုပ်ခဲ့သည်။

ထောင့်များကို အသုံးပြုချိတ်ဆက်ဆောက်လုပ်နိုင်ရန်အတွက် ၈ ထောင့်သဏ္ဍာန်ဒီဇိုင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံ တစ်ခုလုံးကို သစ်သားကိုသာ အသုံးပြုဆောက်လုပ်ခဲ့သည်။

ရုရှား၏ ရိုးရာလက်သမားပညာမှာလည်း ထောင့်များကိုအသုံးပြု၍ ချိတ်ဆက်သည့်နည်းစနစ်အပေါ် အခြေခံထားသည့် ပညာဖြစ်ပြီး ကီဇီ ပိုဂို့စ်ကို ဆောက်လုပ်ရာတွင် သံကို လုံးဝအသုံးပြုမထားချေ။

လက်သမားဆရာသည် ပုဆိန်ကို အသုံးပြုကာ ထိပ်ကားစရွေးဆက် (သို့မဟုတ်) ခိုမြီးဆက်နည်းစနစ်ဖြင့် ချိတ်ဆက်ဆောက်လုပ်ခဲ့ကြလေ့ရှိသည်။

ယခုဘုရားကျောင်းကဲ့သို့ ကြီးမားသည့် အဆောက်အအုံကြီးများအတွက် ယင်းနည်းစနစ်မှာ ပိုမိုထိရောက်မှုရှိလာသည်ကိုလည်း တွေ့ရသည်။

ဘုရားကျောင်းတွင် အမိုးခုံး ၂၂ ခုပါဝင်ပြီး နေရောင်ထိလိုက်လျှင် ငွေရောင်ဖိတ်ဖိတ်လက်နေလေ့ရှိသည်။

ဘုရားကျောင်းနံရံများကို ထင်းရှူးဖြူသစ်လုံးများကို အသုံးပြုကာ ဆောက်လုပ်ထားသည်။

ရောင်တော်လွှတ်ဘုရားကျောင်းတွင် အပူပေးစနစ်မပါဝင်ချေ။

နွေရာသီဘုရားကျောင်းအဖြစ်သာ သတ်မှတ်ထားကြပြီး နွေလများတွင်သာ ဘုရားကျောင်းလုပ်ငန်းဆောင်တာများ လုပ်ဆောင်လေ့ ရှိကြသည်။

အမြင့်မှာ ၃၇ မီတာအထိ ရှိသောကြောင့် ဥရောပမြောက်ပိုင်းတွင် အမြင့်မားဆုံး သစ်သားအဆောက်အအုံကြီးတစ်ခုအဖြစ် ရပ်လျက်ရှိသည်။

ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

Upcoming Property Events

area-one-business-complex
mya-nandar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service