မကွေးတိုင်း တောင်သူများ ပုံစံ (၇) ပေးအပ်နိုင်မှု ရာနှုန်းပြည့်နီးပါး ပြီးစီးဟုဆို - Property News in Myanmar from iMyanmarHouse.com
1184 Views

မကွေးတိုင်း တောင်သူများ ပုံစံ (၇) ပေးအပ်နိုင်မှု ရာနှုန်းပြည့်နီးပါး ပြီးစီးဟုဆို

မကွေးတိုင်း ဒေသကြီးရှိတောင်သူများကို လယ်ယာမြေ ပိုင်ဆိုင်မှုပုံစံ (၇) ပြုလုပ်ပေးရာတွင် ၉၉ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်ဝင်းကပြောသည်။

မကွေးတိုင်းတွင် ပုံစံ (၇) ပြုလုပ်ပေးရမည့် တောင်သူဆယ့်ခုနစ်သိန်းခွဲရှိသည့်အနက် ဆယ့်ခုနစ်သိန်းတစ်သောင်းငါးထောင်ကျော်လုပ်ပေးသဖြင့် ရာနှုန်းပြည့်ပြီးစီးရေး ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။

‘‘ ပုံစံ (၇) တွေကို တောင်သူ တွေအားလုံးအတွက် အဆင်ပြေအောင် ကြိုးစားလုပ်ဆောင်ပေးနေပါတယ်။ ဒါပေမဲ့ မပေးနိုင်သေးဘဲ ကျန်နေတာတွေက တောင်သူတွေအချင်းချင်းမှာ ပိုင် ဆိုင်မှုတွေ ရှုပ်ထွေးနေတာတွေရှိတယ်။ ပေါင်နှံထားတာတွေရှိတယ်။ ဒါတွေကဖြေရှင်းရခက်နေတာတွေရှိတော့ အဲဒါတွေကြန့် ကြာတာတွေတော့ရှိတယ်’’ ဟု တိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကဆိုသည်။

ထို့အပြင် တောင်သူများသည် မိမိပိုင်ဆိုင်ထားသည့်လယ်ယာမြေ၏နယ်မြေအပိုင်းအခြား၊ မြို့နယ်များကို ရှင်းလင်းစွာမသိခြင်းကလည်း ပုံစံ (၇) ထုတ်ပေးနိုင်ရေး အခက်အခဲတစ်ခုဖြစ်ကြောင်း စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးကပြောသည်။

‘‘ ကိုယ်ပိုင်တဲ့လယ်ယာမြေ က ဘယ်မြို့နယ်ထဲမှာ ရှိတယ်ဆိုတာသိဖို့လိုပါတယ်။ တချို့ကိုယ့် မြို့နယ်ကနေကျော်ပြီးတခြားမြို့နယ်မှာ ပိုင်ဆိုင်နေတာမျိုးက ပိုဆိုးပါတယ်။ ဒါတွေကို စိစစ်တဲ့ အခါမှာ မကွေးမြို့နယ်ထဲမှာ လျှောက်ရမယ့်သူက တောင်တွင်းကြီးမြို့နယ်မှာ သွားလုပ်တာမျိုး တွေရှိတော့ နှောင့်နှေးနေတာ လေးတွေရှိတယ် ’’ ဟု ၎င်းက ပြောကြားသည်။

ထို့ကြောင့် ဌာနအနေနှင့် ကွင်းဆင်းစိစစ်၍ တောင်သူများ ကို ပုံစံ (၁) များထုတ်ပေးထားပြီး ယင်းပုံစံ (၁) ကိုကြည့်၍ ပုံစံ (၇) လျှောက်ထားရန်လိုအပ်ကြောင်း၊ ပုံစံ (၇) ပေးအပ်ရန်ကျန်နေသည် များကို ဆက်လက်စိစစ်ဆောင် ရွက်မည်ဖြစ်ကြောင်း ဦးဇော်ဝင်းက ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service