နေပြည်တော်မှကျူး ၉၀ဝ ကျော်အတွက် မြေ (သို့မဟုတ်) တိုက်ခန်းများစီစဉ်ပေးရန်ရှိ - Property News in Myanmar from iMyanmarHouse.com
1391 Views

နေပြည်တော်မှကျူး ၉၀ဝ ကျော်အတွက် မြေ (သို့မဟုတ်) တိုက်ခန်းများစီစဉ်ပေးရန်ရှိ

နေပြည်တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ ကျူးကျော်များ၊ အိုးခွဲအိမ်ခွဲများနှင့်မြေအစားမရသေး သူများအတွက်  မြေကွက် ချပေးခြင်းသို့မဟုတ် အဆောက်အဦးဆောက်ကာ တိုက်ခန်း ပေးရန်အစီအစဉ်ရေးဆွဲနေကြောင်း စည်ပင်သာယာရေးကော်မတီမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကပြောသည်။

'' ဒီကျူးကျော်တင်မက၊ အိုးခွဲအိမ်ခွဲများ၊ အချို့မြေအစားမရသေးတဲ့သူတွေအတွက်ကိုလည်း စီစဉ်ဖို့အတွက် Planing ပြန်လုပ်နေပါတယ်။ အဲဒီ Planning ထွက်လာတဲ့အပေါ်မှာ မြေကွက်တွေပေးမှာလား၊ အထပ်မြင့်အဆောက်အဦးတွေဆောက်ပြီး ဆောင်ရွက်ပေးမလားဆိုတာတော့ မူဝါဒမထွက်သေးပါဘူး''ဟု မေ ၁၅ ရက်နေ့ကကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ တွင် ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါမြေကွက် သို့မဟုတ် တိုက်ခန်းပေးမည့်အစီအစဉ်ကိုလည်း ယခုအစိုးရသက်တမ်းအတွင်းတွင်ပင်ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

နေပြည်တော် ရှိကျူးကျော်နေထိုင်သူများမှ နေပြည်တော်တည်ဆောက်ရေးကာလအတွင်း အခြားဒေသအသီးသီးမှ လာရောက်ကာ နေထိုင်လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ၄င်းတို့သည်နေရပ်သို့မပြန်တော့ဘဲ နေပြည်တော်စည်ပင်သာယာရေး ကော်မတီပိုင်မြေဧရိယာများအတွင်း ဖြစ်သလိုနေထိုင်လျက်ရှိသူများဖြစ်သည်။

ထို့အပြင် နေပြည်တော်မတည်ဆောက်ခင်ကတည်းက လာရောက်ကာ ကျူးကျော်နေထိုင်သူများလည်းရှိနေသည်။

'' ပျဉ်းမနားကနေ လယ်ဝေးဘက်အထွက်မှာပေါ့။ အဲဒီမှာ ကြွက်တဲဆိုတာရှိတယ်။ သူတို့ကဟိုးအရင်ကတည်းက ဆည်မြောင်းဖောက်တဲ့လုပ်ငန်းခွင်ကို အညာကနေရောက်လာကြတာ။ ခုထိလည်း ကျူးကျော်လိုပဲနေနေကြတယ်''ဟု သပြေ လှရပ်ကွက်နေ ကိုနေစိုးကပြောသည်။

မြေအစားမရသေးသူများမှာ နေပြည်တော်တည်ဆောက်ရေးကာလအတွင်း မြို့ပြစီမံကိန်းနှင့်မလွတ်သဖြင့် နေအိမ် ရွှေ့ပြောင်းပေးခဲ့ရသူများဖြစ်ကြောင်းသိရသည်။ သို့သော်လည်း ယခင်အစိုးရလက်ထက်များကတည်းက မြေအစားပြန်ပေးခဲ့မှုများလည်း အများအပြားရှိခဲ့သောကြောင့် သေချာပြန်စီစစ်ရမည်ဖြစ်ကြောင်းလည်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးမင်းသူကပြောကြားထားသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service