ဟံသာဝတီလေဆိပ်အတွက် ဂျပန်ချေးငွေရရှိရန် ညှိနှိုင်းနေဟုဆို - Property News in Myanmar from iMyanmarHouse.com
1756 Views

ဟံသာဝတီလေဆိပ်အတွက် ဂျပန်ချေးငွေရရှိရန် ညှိနှိုင်းနေဟုဆို

ပဲခူးမြို့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် အတွက် ဂျပန်နိုင်ငံမှချေးငွေရရှိရန် အပြင်းအထန်ကြိုးစားနေကြောင်း ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးဝင်းခန့်က ပြောကြားသည်။

‘‘ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကလည်း နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်တဲ့ လေယာဉ်ကွင်းဖြစ်တဲ့အတွက်ကြောင့်မို့ ဂျပန်နိုင်ငံအကူအညီနဲ့ ဆက်လက်ဆောင်ရွက်နိုင်ဖို့အ တွက်ကိုလည်း အပြင်းအထန်ကြိုးပမ်းပြီးတော့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ၎င်းက ယမန်နေ့အစိုးရသက်တမ်းတတိယတစ်နှစ်တာကာလသတင်းစာရှင်းလင်းပွဲတွင် 7DayDaily သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားသည်။

ဟံသာဝတီလေဆိပ်တည်ဆောက်ရန် ဂျပန်နိုင်ငံကုမ္ပဏီ တစ်ခု တင်ဒါအောင်မြင်ခဲ့သည်။ သို့သော် စီမံကိန်းကုန်ကျစရိတ်ညှိ နှိုင်းမှုအဆင်မပြေချိန် တင်ဒါသက်တမ်းကုန်သော်လည်း တိုး မြှင့်ခြင်းမရှိကြောင်း ဦးဝင်းခန့်က ဆိုသည်။

စီမံကိန်းကို ဂျပန် JDC ကုမ္ပဏီ၊ စင်ကာပူ Yongnam Holdings ကုမ္ပဏီနှင့် Changi Airport International ကုမ္ပဏီသုံးခုပေါင်းအစုရှယ်ယာပိုင်သည့် စီးပွားရေးလုပ်ငန်းကြီးက ၂၀၁၄ အောက်တိုဘာတွင် တင်ဒါရရှိခဲ့သည်။

၂၀၁၇ ဇန်န၀ါရီတွင် Frame Agreement သက်တမ်းကုန်မှုကို သက်တမ်းတိုးခြင်းမရှိ သော်လည်း ဟံသာဝတီလေဆိပ်ဆောက်လုပ်ရန်မဖြစ်မနေလိုအပ်၍ ယခုကဲ့သို့လုပ်ဆောင်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးအောင်မြင့်ထွန်းက ပြောသည်။

ဂျပန်နိုင်ငံချေးငွေဖြင့် အကောင်အထည်ဖော်နိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံမှ မြေယာအခြေခံအဆောက်အအုံ၊ခရီးသွားလာရေးနှင့်သယ်ယူပို့ဆောင် ရေးဌာနတို့ ညှိနှိုင်းဆောင်ရွက်နေ ကြောင်း ၎င်းကရှင်းပြသည်။

‘‘ အနာဂတ်မှာ ဖြစ်လာမယ့် ဒီလေယာဉ်ခရီးစဉ်ဝင်ထွက်မှုကို နိုင်နင်းစွာကိုင်တွယ်နိုင်မှု၊ အဲဒီအတွက် လေ့လာမှုတွေလုပ်ဖို့လောလောဆယ်မှာ ညှိနှိုင်းတဲ့အဆင့်ပဲ ရှိသေးတယ်’’ ဟု ဦးအောင်မြင့် ထွန်းက ဆိုသည်။

ရန်ကုန်လေဆိပ်ခရီးသည် ၀င်ထွက်နိုင်မှုအပေါ် အမြင့်ဆုံးပမာဏကို ဆန်းစစ်လေ့လာပြီးမှသာ ကုန်ကျစရိတ်တွက်ချက်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ပဲခူးမြို့ ကျောက်တိုင်ရွာအနီး၌ ဂျပန်ခေတ်ကလေဆိပ်သဖွယ်အသုံးပြုခဲ့သော မြေဧက ၉၀၀ ကျော်တွင် ဟံသာဝတီလေဆိပ်အသစ်အကောင်အထည်ဖော်ရန် ဦးသိန်းစိန်အစိုးရလက်ထက်က စီစဉ်ခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service