ပဲခူး၌အိမ်နောက်ဘက်ရေမြောင်းများအပေါ် အဆောက်အအုံကျူးကျော်ထားမှု ဖယ်ရှားမည် - Property News in Myanmar from iMyanmarHouse.com
911 Views

ပဲခူး၌အိမ်နောက်ဘက်ရေမြောင်းများအပေါ် အဆောက်အအုံကျူးကျော်ထားမှု ဖယ်ရှားမည်

ပဲခူးမြို့ ပေါ်ရပ်ကွက်များရှိ လူနေအိမ် အများစုသည် အိမ်နောက်ဘက် ရေမြောင်းများ အပေါ် အဆောက်အအုံများတိုးချဲ့ဆောက်လုပ်ထားသည့်အတွက် ဖယ်ရှားမှုများပြုလုပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

" နန်းတော်ရာရပ်ကွက်က အကြီးဆုံးရပ်ကွက် ဖြစ်တဲ့အတွက် အဲဒီကနေစပြီး ဖယ်ရှားဖို့ပြင်ဆင် နေပါပြီ။ မြို့နယ်စည်ပင်ကော်မတီနဲ့ညှိနှိုင်းပြီး ဒေသခံပရဟိတအဖွဲ့တွေနဲ့ အစည်းအဝေး ပြုလုပ်ကာ ပြည်သူတွေကို ညှိနှိုင်းပြောဆိုပြီး ရေမြောင်းတွေအပေါ် အဆောက်အအုံရောက်ရှိ နေမှုတွေကို ဖယ်ရှားသွားမှာပါ " ဟု ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောဆိုသည်။

ထိရောက်စွာဆောင်ရွက်ပေးရန်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၈ နှစ်ကုန်ပိုင်းက ပဲခူးမြို့ တွင် လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ပြည်သူတစ်ဦး က အိမ်နောက်ဖေးရေမြောင်းအား အဆောက် အအုံများ ကျူးကျော်ဆောက်လုပ်ထားသည့် မြို့ဖြစ်၍ ဖယ်ရှားနိုင်ရေးတင်ပြမှုအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထိရောက်စွာဆောင်ရွက်ပေးရန် စည်ပင်သာယာရေးဝန်ကြီး အား လမ်းညွှန်ခဲ့သည်။

ပဲခူးမြို့ သည် နှစ်စဉ်နီးပါး ရေကြီးမှုဖြစ်စဉ်များနှင့်ကြုံတွေ့နေရပြီး ရေမြောင်းများ၊ ရေနုတ် မြောင်းများအပေါ် အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ခြင်း၊ ရေနုတ်မြောင်းများကို ပိတ်ဆို့ထား ခြင်း၊ နောက်ဖေးရေမြောင်းများအပေါ် အဆောက်အအုံဆောက်လုပ်ထားခြင်းတို့ကြောင့် ရေစီးရေလာကောင်းမွန်ခြင်းမရှိဘဲ ရေကြီးရေတင်မှုများဖြစ်ပေါ်လေ့ရှိသည်။

ယခုအခါ နေအိမ်နောက်ဘက်ရေမြောင်း အပေါ် အဆောက်အအုံကျူးကျော်မှုအား ရှင်းလင်းဖယ်ရှားမည်ဖြစ်သည့်အတွက် ပြည်သူများ ပူးပေါင်းပါဝင်ပေးရန်နှင့် ကိုယ့်အသိတရား နှင့်ကိုယ် ဖယ်ရှားပေးစေလိုကြောင်း ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့က တိုက်တွန်းပြောဆိုထားသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service