ဘိုးဘွားပိုင်လယ်ယာမြေများ သစ်တောဧရိယာအတွင်း ကျရောက်နေပါက ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
744 Views

ဘိုးဘွားပိုင်လယ်ယာမြေများ သစ်တောဧရိယာအတွင်း ကျရောက်နေပါက ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်ဟုဆို

ဘိုးဘွားအစဉ်အဆက်ပိုင်ဆိုင်သည့် တောင်သူများ၏လယ်ယာမြေများ သစ်တောဧရိယာအတွင်း ကျရောက်နေသဖြင့် နစ်နာမှုရှိလျှင် ပယ်ဖျက်ပေးရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ လျှောက်ထားနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန် ကြီး ဒေါက်တာဇော်ဝင်းက ပြောသည်။

မေလ ၁၀ ရက်က ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေး တွင် ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေ၏သစ်တော ဧရိယာသတ်မှတ်ခြင်းမခံရမီ အမှန်တကယ်လုပ်ကိုင်ခဲ့သော လုံလောက်သည့် သက်သေအထောက်အထား ပြသနိုင်ပါက လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)ရရှိရေး စီမံဆောင်ရွက်ပေးရန် မေးခွန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကံဇာမုံကိုယ်စား ဒေါက်တာဇော်ဝင်းက ပြန်လည်ဖြေကြားသည်။

‘‘အကျိုးနစ်နာသော တောင်သူများအနေနဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဧရိယာသတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးရန် လျှောက်ထားရမှာဖြစ်ပါတယ်။ ဝန်ကြီးဌာန သဘောတူညီမှုအရ ပြန်လည်စိစစ်တင်ပြပြီး အကြောင်းကြားလာပါက ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်’’ ဟု ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

သစ်တောဧရိယာပယ်ဖျက် မိန့်ရရှိပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၇) ရရှိရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာဇော်ဝင်းက ဆိုသည်။

‘‘ကြိုးဝိုင်းဧရိယာသတ်မှတ်ချိန်က သက်ဆိုင်ရာဝန်ထမ်းများ ၏ ပေါ့ဆစွာ ဆောင်ရွက်ခဲ့ခြင်း ကြောင့်လည်းကောင်း၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏နောင် ဖြစ်ပေါ်လာမည့် ပြဿနာအတိမ်အနက်ကို မတွေးမိခြင်းကြောင့် လည်းကောင်း ယခုအချိန်တွင် ပြဿနာများဖြင့် ကြာမြင့်နေခဲ့ ခြင်းလည်း ဖြစ်ပါတယ်’’ဟု ဦးဝင်းရွှေက လွှတ်တော်သို့ တင်ပြခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service