ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် တိုင်းအစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်း စီမံကိန်း ၁၉ ခု လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
852 Views

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် တိုင်းအစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်း စီမံကိန်း ၁၉ ခု လက်မှတ်ရေးထိုး

ယမန်နေ့က စတင်ပြုလုပ်သည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် တိုင်းအစိုးရက စီမံကိန်း တစ်ခုအပါအ၀င် ပုဂ္ဂလိကလုပ်ငန်းစီမံကိန်း ၁၉ ခုကို လက်မှတ်ရေးထိုးခဲ့သည်။

ဒုတိယအကြိမ်မြောက် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၁၉ မေလ ၁၀ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့ Lotte ဟိုတယ်တွင် ကျင်းပနေခြင်းဖြစ်သည်။

အဆိုပါဖိုရမ်တွင် ရန်ကုန်တိုင်းအစိုးရနှင့် ဟောင်ကောင်၊ တိုင်ပေအပါအ၀င် ကုမ္ပဏီသုံးခုက ကန်ဒေါ်လာသန်း ၅၀၀ တန် ရန်ကုန်-ထန်းတပင်နည်းပညာ ဥယျာဉ်စီမံကိန်းကို နားလည် မှုစာချွန်လွှာ ရေးထိုးခြင်းအပါအ၀င် ပုဂ္ဂလိက ကုမ္ပဏီများက နားလည်မှုစာချွန်လွှာနှင့် သဘော တူညီမှုစာချွန်လွှာစုစုပေါင်း ၁၉ ခု လက်မှတ်ရေးထိုးသည်။

‘‘ဒီကနေ့ လက်မှတ်ရေးထိုးတာက ပုဂ္ဂလိကနယ်ပယ်အသီးသီးက လက်မှတ်ရေးထိုးတာဖြစ် ပါတယ်။ လုပ်ငန်းရှင်အချင်းချင်း လက်မှတ်ရေးထိုးရမယ့်ကိစ္စတွေ ကို လက်မှတ်ထိုးကြတာပါ’’ ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ပုဂ္ဂလိက ကုမ္ပဏီအချင်းချင်း လက်မှတ်ရေးထိုးမှုတွင် လှည်းကူးမြို့နယ်ရှိ မြေဧက ၇၀၀ ခန့်၌ ဇရပ်ကွင်းစက်မှုဥယျာဉ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မလစ် ကျေးရွာရှိ မြေဧက ၅၅၀ ခန့်တွင် New City Light စက်မှုဥယျာဉ် တို့ကို New City Development ကုမ္ပဏီနှင့် တရုတ် Bauing International Construction Investment ကုမ္ပဏီတို့ကနားလည်မှု စာချွန်လွှာ(MoU)ရေးထိုးခဲ့သည်။

ထို့အပြင် တရုတ်ကုမ္ပဏီ က Yangon City Renewal စီမံကိန်းနှင့် Yangon Construction Material ကုန်သွယ်မှုစင်တာကိုလည်း ပြည်တွင်းကုမ္ပဏီနှစ်ခုနှင့် လက်မှတ်ရေးထိုးခဲ့သည်။

ထို့အပြင် ထိုင်းဟိုတယ် ကုမ္ပဏီနှင့် ပြည်တွင်းမှ KMA ကုမ္ပဏီအုပ်စုတို့က ဟိုတယ်လုပ်ငန်းငါးခုကို လက်မှတ်ရေးထိုးခဲ့သည်။

ထို့အပြင် ဟံသာဝတီစက်မှု ဥယျာဉ်စီမံကိန်းအတွက် ဟံသာဝတီဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ နှင့် South Asia Future Investment ကုမ္ပဏီအုပ်စုတို့က လက်မှတ်ရေးထိုးခဲ့သည်။

မော်တော်ကား တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ၊ Precast Concrete ထုတ်လုပ်ရေးစက်ရုံတို့အတွက်လည်း လက်မှတ်ရေးထိုးခဲ့သည်။

ထို့အပြင် အိန္ဒိယက Mohan Mutha ပို့ကုန်ကုမ္ပဏီနှင့် ပြည်တွင်း KMA ကုမ္ပဏီတို့ စီမံကိန်းသုံးခုအတွက် လက်မှတ်ရေးထိုးခဲ့သည်။

ထိုစီမံကိန်းတွင် ဧရာဝတီ တိုင်းအတွက် စက်မှုဥယျာဉ်စီမံ ကိန်းသုံးခုကိုလည်း ပုဂ္ဂလိကုမ္ပဏီ များကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကို ၂၀၁၉ တွင် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ၂၀၁၈ တွင် ပထမအကြိမ်ကျင်းပထားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service