မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းကုန်ကျစရိတ် ဒေါ်လာကိုးဘီလီယံခန့်ရှိမည်ဟု ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
1100 Views

မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းကုန်ကျစရိတ် ဒေါ်လာကိုးဘီလီယံခန့်ရှိမည်ဟု ခန့်မှန်း

မူဆယ် - မန္တလေး ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းအတွက် Feasibility Study (လုပ်ငန်းဖြစ်မြောက်နိုင်ခြေလေ့လာမှု) အရ စီမံကိန်းကုန်ကျစရိတ်ဒေါ်လာ ၈ ဒမသ ၉ ဘီလီယံကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း မြန်မာ့မီးရထားလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ပြောသည်။

မြေပြင်တိုင်းတာမှု ဆာဗေး လုပ်ငန်းများအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး လုပ်ကိုင်နေခြင်းဖြစ်သည်။

‘‘အိမ်နီးနားချင်းနိုင်ငံများနဲ့ ရထားလမ်းချိတ်ဆက်မှုသည် ဒါ ပထမဆုံးချိတ်ဆက်မယ့် နိုင်ငံတကာ၊ ဒါမှမဟုတ် ဒေသတွင်း ချိတ်ဆက်ဖို့အတွက် ရထားလမ်းဖြစ်ပါလိမ့်မယ်’’ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောသည်။

မေလ ၁၃ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း မီဒီယာများ ၏မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားသည်။

ဆာဗေးရလဒ်အပေါ် နိုင်ငံအတွင်းရှိ ပညာရှင်များမှ ပြန်လည်စိစစ်၍ နိုင်ငံအတွက် အမှန်တကယ်အကျိုးရှိသော စီမံကိန်းဖြစ်ပါက နိုင်ငံတော်သို့ ဆက်လက်တင်ပြမည်ဖြစ်ပြီး လုပ်ငန်းဆက် လက်လုပ်ကိုင်နိုင်ရန် အင်တာနေ ရှယ်နယ်တင်ဒါကို ဆက်လက်ခေါ်ယူမည်ဟု ဦးဝင်းခန့်က ဆိုသည်။

‘‘တင်ဒါခေါ်မယ်။ PPP နဲ့ သွားမယ်’’ဟု ၎င်းက ပြောသည်။

မြေပုံအတွင်း တွက်ချက်မှု များအရ မူဆယ်-မန္တလေးရထား လမ်းသည် ၄၂၁ ကီလိုမီတာ (၂၆၇ဒသမ ၈၁ မိုင်)ခန့် ကွာဝေးပြီး မူဆယ်၊ ကွတ်ခိုင်၊ သိန်းနီ၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ မေမြို့ စသည့် မြို့များကို ဖြတ်သန်းမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းက ရှင်းလင်းထားသည်။

‘‘အကြမ်းဖျင်း တစ်နာရီကို ၁၆၀ ကီလိုမီတာပြေးမယ်။ ကီလိုမီတာ ၂၀၀ အထိကို သွားဖို့လည်းချိန်ထားပါတယ်။ လမ်းကိုလည်း တစ်လမ်းမောင်းကို အရင်သုံးပြီး နှစ်လမ်းမောင်းအတွက်ကို လျာ ထားမယ်’’ဟု ဦးဘမြင့်က ဆိုသည်။

အကြမ်းဖျင်းတွက်ချက်မှုများအရ လမ်းအူကြောင်းအသစ် ဖောက်လုပ်မည်ဖြစ်ပြီး ပြင်ဦးလွင် ကို ဗဟိုပြု၍ လမ်းကြောင်းများရွေးချယ်ထားကာ မူဆယ်နှင့် မန္တလေး ကြာမြင့်ချိန် သုံးနာရီ ခန့်မှန်းထား သည်။

ဆိုက်ရောက်မည့် ဘူတာကိုလည်း လက်ရှိဘူတာအစား မန္တလေးမြို့တောင်ဘက်ရှိ ပလိပ်မြို့ အနီး မြေနေရာလွတ်တစ်ခုတွင် အသစ်ပြုလုပ်မည်ဟု ဦးဘမြင့်က ဖြည့်စွက်ပြောကြားသည်။

‘‘တိုင်းတာမှုတွေအားလုံးကတော့ ဒီနှစ်ကုန်လောက်မှ ပြီးမယ် လို့ ခန့်မှန်းတယ်’’ဟု ဦးဘမြင့်က ပြောသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service