ရခိုင်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ရောင်းချမည့် စစ်တွေမြို့ မြေဖို့မြေယာစီမံကိန်းရှိ မြေကွက် အထူးအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
1930 Views

ရခိုင်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ရောင်းချမည့် စစ်တွေမြို့ မြေဖို့မြေယာစီမံကိန်းရှိ မြေကွက် အထူးအရောင်းပြပွဲကြီး

စစ်တွေမြို့ ရှိမြေဖို့မြေယာစီမံကိန်းသည် ရခိုင်ပြည်နယ်အစိုးရနှင့် ကိုရီးယားကုမ္ပဏီ BXT International Co., Ltd. တို့မှ အကျိုးတူပူးပေါင်း ဖော်ဆောင်နေခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ရပြီးဖြစ်သည်။ ယခုအချိန်တွင် မြေဖို့ခြင်းလုပ်ငန်းများ ၁၀၀% ပြီးစီးကာ လမ်း၊ ရေနုတ်မြောင်းနှင့် ဓာတ်တိုင်များကို တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရမှ ၂၀၁၉ ခုနှစ် ဧပရယ်လအတွင်း ထုတ်ပြန်သော ရောင်းချခွင့်ပြုမိန့်ဖြင့် ရောင်းချပေးခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်အစိုးရမှလည်း နှစ် (၃၀) ဂရန်မြေအဖြစ် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ထိုမြေဖို့မြေယာစီမံကိန်း (ဂရန်အမည်ပေါက်) မြေကွက် အထူးအရောင်းပြပွဲကြီးကို ၂ဝ၁၉ ခုနှစ် ၊ မေလ (၁၈) နှင့် (၁၉) ရက် (စနေ၊ တနင်္ဂနွေ) နေ့များတွင်၊ နံနက် (၉) နာရီ မှ ညနေ (၅)နာရီ အထိ စစ်တွေမြို့ရှိ စီမံကိန်း အရောင်းပြခန်းနှင့် ရန်ကုန်မြို့ရှိ iMyanmarHouse.com ၏ ရုံးခန်းတို့တွင် တပြိုင်တည်း ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

စစ်တွေ မြေဖို့မြေယာ စီမံကိန်းတွင် စင်ကာပူနိုင်ငံ၏ မြေဖို့ခြင်းနည်းပညာကို အသုံးပြုထားပြီး ကွန်ကရစ် ရေတားနံရံ (Retaining Wall) များ ထည့်သွင်းတည်ဆောက်ထားသဖြင့် မြေသားခိုင်မာမှု ရှိကြောင်းသိရသည်။

ဤစီမံကိန်းသည် စစ်တွေမြို့လယ်ခေါင်နှင့် ဘေးချင်းကပ်တည်ရှိပြီး နောက်သုံးနှစ်အတွင်း စစ်တွေမြို့လယ် ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။ စစ်တွေမြို့လယ် မြေဈေး တစ်စတုရန်းပေ (၂) သိန်းမှ (၅) သိန်းဖြစ်နေချိန်တွင် ဤစီမံကိန်းမှ မြေကွက်များကို တစ်စတုရန်းပေ သောင်းဂဏန်းဈေးဖြင့်သာ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းထဲတွင် စုပေါင်းအိမ်ရာ (Mix Housing) ၊ လက်လီလက်ကားဈေးကွက် (Retail Wholesale Market) ၊ အလယ်အလတ်အမြင့်ရှိသော ကွန်ဒိုမီနီယံများ (Mid-Rise Condominium) ၊ ဂိုဒေါင်နှင့် ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ (Warehouse and Logistics Facilities) ၊ ကုန်သွယ်မှု စီးပွားရေးဇုန် (Commercial Area) ၊ ငါးစက်ရုံများ (Fish Factory) အစရှိသော စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြုပ်နှံနိုင်မည် ဖြစ်ကြောင်းသိရသည်။

စစ်တွေမြေဖို့မြေယာစီမံကိန်း၏ အဓိကအားသာချက်များမှာ မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများတင်ပို့ရာ အဓိက ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်လာနိုင်ခြင်း ၊ ပင်လယ်ကိုမျက်နှာမူထားသည့် အိမ်ရာတိုက်ခန်းများတွင် အဆင့်မီမီ ဇိမ်ရှိရှိ နေထိုင်နိုင်ခြင်း ၊ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းများ တိုးများလာနိုင်ခြင်း ၊ ရခိုင်ပြည်နယ်အတွင်း အဆင့်မီ မြို့တော်တစ်ခုအဖြစ် ထွက်ပေါ်လာခြင်းကြောင့် လာရောက်နေထိုင် ရင်းနှီးမြုပ်နှံသူများအတွက် စီးပွားရေးအခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ခြင်း ၊ စက်မှုမြို့ဖြစ်သည့် ပုဏ္ဏားကျွန်းမြို့တော်နှင့် ဆတ်ရိုးကျတံတား ဖွင့်ပြီးပါက မိနစ် (၃၀) ခန့်ဖြင့်သာ သွားလာနိုင်ခြင်း ၊ လူမှုစီးပွား အားသာချက်များအပြင် MPA ဆိပ်ခံတံတား နှင့် Kaladan Multi-Modal Transit Transport Project (KMTTP) စီမံကိန်းတို့ကို ထောက်ပံ့ပို့ဆောင်ရေး မဏ္ဍိုင်ဒေသတစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။

“ ဒီစစ်တွေမြို့  မြေဖို့မြေယာစီမံကိန်းဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ရှိမှာဖြစ်ပါတယ်။ နိုင်ငံတကာ အဆင့်မီ ဟော်တယ်တွေ ၊ စားသောက်ဆိုင်တွေ ၊ ကွန်ဒိုအခန်းတွေ ၊ စုပေါင်းအိမ်ရာတွေ ၊ ကုန်သွယ်မှု စီးပွားရေးဇုန်တွေ ပေါ်ပေါက်လာနိုင်တာကြောင့် ရခိုင်ဒေသရဲ့ အထူးစီးပွားရေးဇုန်အဖြစ် တည်ရှိလာမှာ ဖြစ်ပါတယ်။ အိန္ဒိယဆိပ်ကမ်းနဲ့ ဘေးချင်းကပ် တည်ရှိတဲ့အတွက် စီးပွားရေးနဲ့ ကုန်သွယ်ရေးလုပ်ငန်းများအတွက် အချက်အခြာကျတဲ့ နေရာတစ်ခု ဖြစ်လာမှာဖြစ်ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။

အရောင်းပြပွဲ အသေးစိတ်အစီအစဉ်

ကျင်းပမည့်ရက် : 18 & 19 May 2019 (စနေ ၊ တနင်္ဂနွေ)

ကျင်းပမည့်အချိန် : မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ

ကျင်းပမည့်နေရာ (၁) : စီမံကိန်းအရောင်းပြခန်း (ဖဖြူလမ်းမှ ဝင်ရန်)၊ စစ်တွေမြို့။

ကျင်းပမည့်နေရာ (၂) : iMyanmarHouse.com ရုံးခန်း

အမှတ် ၅၆၁/၅၆၇၊ MAC Tower၊ (၁၁) လွှာ

ကုန်သည်လမ်း (မဟာဗန္ဓုလပန်းခြံလမ်းနှင့် ၃၅ လမ်းကြား)

ကျောက်တံတားမြို့ နယ်၊ ရန်ကုန်မြို့ 

(CB ဘဏ်ဘေး ဓာတ်လှေကားမှ တက်ရန်)

အသေးစိတ် သိရှိလိုပါက

www.imyanmarhouse.com/sittwe တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး

iMyanmarHouse.com ၏ Hot Line Number : 09 – 455294841~5 သို့ လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service