ခရီးသွားလုပ်ငန်း ဘဏ်ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
737 Views

ခရီးသွားလုပ်ငန်း ဘဏ်ဖွင့်လှစ်

မြန်မာ့ခရီးသွားလုပ်ငန်း ကိုအထောက်အကူပြုရန် ရည်ရွယ်၍ ပထမဆုံးထူထောင်သည့် ခရီးသွားလုပ်ငန်းဘဏ် (MTB) ကို ရန်ကုန်မြို့ မေလ ၆ ရက် တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ခေတ်မီနိုင်ငံတကာ ငွေပေးချေမှုစနစ်များ၊ ခရီးသွားလုပ်ငန်းတိုးတက်ရန် အထောက်အကူပြု ချေးငွေများနှင့်အထူးငွေစုအတိုးနှုန်းများပေးအပ်မည်ဟု MTB ကထုတ်ပြန်သည်။

ထို့အပြင် အခြားကဏ္ဍများကိုလည်း အထောက်အကူပြုမည့် စီးပွားရေးဆန်ဆန်လုပ်ကိုင် နိုင်သည့်ဘဏ်လုပ်ငန်းဖြစ်ရန် ရည်ရွယ်ထားပြီး နိုင်ငံတကာဘဏ်များ၏ စံချိန်စံညွှန်းများနှင့် အညီ ဆောင်ရွက်မည်ဟု MTB က ဆိုသည်။

‘‘ခရီးသွားလုပ်ငန်းမှာ လိုအပ်နေတဲ့ငွေကြေးအရင်းအမြစ်တွေ၊ ငွေကြေးအထောက်အပံ့တွေကို ခရီးသွားလုပ်ငန်းရှင်နဲ့ ဟိုတယ်လုပ်ငန်းရှင်တွေအားလုံးကို လွယ်လွယ်နဲ့ သက်သက်သာသာရရှိအောင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်’’ ဟု MTB ဘဏ်ဥက္ကဋ္ဌ ဦးရန်ဝင်းကပြောသည်။

ခရီးသွားလုပ်ငန်းတွင် အခြေခံအဆောက်အအုံလိုအပ်ချက်အတွက် ငွေကြေးလိုအပ်ချက်များကို နားလည်မှုရှိစွာ ဆောင်ရွက်ပေးမည်ဟု ၎င်းကဆိုသည်။

မြန်မာ့ခရီးသွားလုပ်ငန်းဘဏ်သည် ၂၀၁၈ ဇူလိုင်တွင် ဗဟိုဘဏ်ထံမှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိခဲ့သည်။

ဘဏ်ဖွင့်ပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ တက်ရောက်ဖွင့်လှစ်ပေးသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိကဘဏ် ၂၇ ခုရှိပြီး အစိုးရ ဘဏ်လေးခုဖွင့်လှစ်ထားသည်။

 

Credit: 7Daydaily

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service