ရန်ကုန်မိုးပျံရထားလမ်းအတွက် မြေသိမ်းလုပ်ငန်းဆောင်ရွက်မည်ဟု ကြေညာ - Property News in Myanmar from iMyanmarHouse.com
20249 Views

ရန်ကုန်မိုးပျံရထားလမ်းအတွက် မြေသိမ်းလုပ်ငန်းဆောင်ရွက်မည်ဟု ကြေညာ

မေလ ၆ ရက်နောက်ပိုင်း အသစ်တိုးချဲ့ပြုပြင်ရောင်းချမှုရှိက လျော်ကြေးနှင့် ပြန်လည်နေရာချထားရေး ခံစားခွင့်ရှိမည်မဟုတ်ဟုဆို

ရန်ကုန်မိုးပျံရထားလမ်း(YUMRT) တည်ဆောက်ရန် လှိုင်သာယာ-ပါရမီလမ်းပိုင်း၌ မြေသိမ်းဆည်းမည့်လုပ်ငန်း ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မေလ ၃ ရက်တွင် အမိန့်ကြေညာစာထုတ်ပြန်သည်။

ရန်ကုန် အရှေ့ပိုင်းနှင့်အနောက်ပိုင်း ဆက်သွယ်မည့် ရထားလမ်းအပိုင်း(၁)ကို စတင်မည်ဖြစ်ပြီး လှိုင်သာယာဘူတာက စပြီး ပါရမီဘူတာအထိ ၁၈ကီလိုမီတာ (၁၁မိုင်ကျော်) ရှိမည်ဟု အဆိုပါကြေညာချက်တွင်ပါဝင်သည်။ ရထားလမ်းအတွက် မြေသိမ်းရန်လိုအပ်သောလမ်းအကျယ်မှာ ရန်ကုန်-ပုသိမ်လမ်းလမ်းပိုင်းတွင် ၂၉ မီတာ (၉၅ ပေ)နှင့် ပါရမီလမ်းတွင် ၂၂ မီတာ (၇၂ ပေ)ဖြစ်သည်။

ထို့ကြောင့် မြေသိမ်းဆည်းရာတွင် လှိုင်သာယာ ဘူတာပရဝဏ် အတွင်း မြေ ၅၄ ဧကကျော်၊ ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်တွင် ရထားလမ်းအလယ်မျဉ်းမှ ဘေးတစ်ဖက်တစ်ချက်ဆီသို့ ၁၄ မီတာခွဲ(၄၇ပေခွဲ)၊ ပါရမီလမ်းဘေးတစ်ဖက်စီတွင် ၁၁ မီတာ (၃၆ ပေ)ပါဝင်မည် ဖြစ်သည်။

အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ရန် တိုင်းအစိုးရက ပြန်လည်နေရာချထားရေး၊ ပံ့ပိုးကူညီမှုများ ပေးအပ်နိုင်စေရေး စီမံကိန်းအတွက် အကျုံးဝင်သည့် နောက်ဆုံးနေ့ (Cut off Date)ကို မေလ ၆ ရက်အဖြစ် သတ်မှတ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးလက်မှတ်ရေးထိုးထားသည့် ကြေညာချက်တွင်ဖော်ပြထားသည်။

ထိုကြေညာချက်အရ အဆိုပါ မြေနေရာသုံးခုတွင် တည်ရှိနေ သော အဆောက်အအုံများကို ပြုပြင်တည်ဆောက်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ အဆောက်အအုံအသစ်တည်ဆောက်ခြင်း၊ မြေယာလွှဲပြောင်းခြင်း၊ ရောင်းချ ခြင်းများကို မေလ ၆ ရက် (Cut off Date) နောက်ပိုင်း ဆောင်ရွက်ပါ က မြေယာလျော်ကြေး ပြန်လည် နေရာချထားရေးနှင့် ကရုဏာ ကြေးများ ရရှိမည်မဟုတ်ပေ။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင် စီ (JICA)က စီမံကိန်းသက်ရောက်မည့် ဧရိယာတစ်ခုလုံးကို သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုများအတွက် မေလ ၆ ရက်မှ ဇွန်လ ၃၀ ရက်အထိ စစ်တမ်းကောက်ယူမည်ဟု ဆိုထားသည်။

‘‘ဒီစီမံကိန်းရှိတယ်ဆိုတာ ကြားပါတယ်။ သူများနိုင်ငံတွေလို ဖြစ်လာမယ်ဆိုရင် ကောင်းတာပေါ့။ မြေနေရာကလည်း လိုအပ်ရင် ဖယ်ပေးပါ့မယ်’’ဟု မရမ်းကုန်းမြို့နယ် ပါရမီလမ်းမဘေးတွင် နေထိုင်သော ဒေါ်စန္ဒာအေးက ပြောသည်။

လှိုင်မြို့နယ်နေ ကိုရန်နိုင် မင်းကလည်း ‘‘သေချာတော့ မသိသေးဘူး။ ဒါပေမဲ့ အစိုးရကလုပ် တဲ့ နိုင်ငံတော်စီမံကိန်းဆိုရင် ကောင်းတယ်လို့ထင်တယ်။ ကန့်ကွက်စရာမရှိပါဘူး’’ ဟု ပြော သည်။

‘‘အစည်းအဝေးတိုင်းမှာ တင်ပြတာက ပြည်သူတွေ မနစ်နာအောင် ကာလပေါက်ဈေးထက် မနည်းအောင်ပေးဖို့၊ ပြည်သူတွေ နစ်နာရင် ကျွန်တော်တို့က ဝင် ရောက်ဖြေရှင်းပေးမှာပါ’’ ဟု မရမ်းကုန်းမြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောသည်။

Cut off Date ကို အနီးကပ် ကြေညာရခြင်းသည် ပြည်သူများ ရောင်းမှားဝယ်မှား မဖြစ်စေရန် မြို့တော်ဝန်က ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ စီမံကိန်းအတွက် ၂၀၁၂ တွင် JICA က အသေးစိတ် လေ့လာပြီး ယခုနှစ်ကုန်၌ လေ့လာမှုပြီးဆုံးမည်ဖြစ်သည်။ လာမည့် ၂၀၂၁ တွင် ပထမပိုင်းအဆင့် စတင်၍ ၂၀၃၅ တွင် စီမံ ကိန်းတစ်ခုလုံး ပြီးဆုံးမည်ဖြစ်သည်။

‘‘စီမံကိန်း အကုန်လုံးအတွက် ချေးငွေပေးမှာ ဖြစ်ပါတယ်။ ချေးငွေကို ODA (ဖွံ့ဖြိုးမှုချေးငွေ) က ပေးမှာပါ’’ဟု မြန်မာနိုင်ငံဆိုင် ရာ ဂျပန်သံအမတ်က ပြောသည်။

ရန်ကုန်မြို့ပြလူထုရထား ပို့ဆောင်ရေးစီမံကိန်း (YUMRT) ဟု အမည်ပေးထားသော ရန်ကုန်မိုးပျံရထားလမ်း စီမံကိန်းတွင် ရန်ကုန်မြို့ အရှေ့- အနောက်ပိုင်းကို လှိုင်သာယာ- တောင်ဒဂုံမြို့နယ် တိုးကြောင်ကလေးနှင့် ရန်ကုန်တောင်- မြောက်ပိုင်းကို ဒလမြို့နယ်- ဘူတာကြီး-မင်္ဂလာဒုံ လေဆိပ်လမ်းပိုင်းနှစ်ခုအဖြစ် အကောင်အထည်ဖော်မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service