မြန်မာ့စီးပွားရေးဦးပိုင်၏ မြေ ၅၄ ဧကတွင် အိန္ဒိယကုမ္ပဏီကိုဆိပ်ကမ်းတည်ဆောက်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
2826 Views

မြန်မာ့စီးပွားရေးဦးပိုင်၏ မြေ ၅၄ ဧကတွင် အိန္ဒိယကုမ္ပဏီကိုဆိပ်ကမ်းတည်ဆောက်ခွင့်ပြု

တပ်မတော်၏ မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်ပိုင်ဆိုင် သည့် မြေနေရာ ၅၄ ဧကတွင် ကန်ဒေါ်လာသန်း ၃၀၀ ခန့်အသုံးပြု၍ ဆိပ်ကမ်းလုပ်ကိုင်ခွင့်ကို အိန္ဒိယကုမ္ပဏီထံ ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ကြေညာသည်။

အိန္ဒိယကုမ္ပဏီ Adani သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စင်ကာပူနိုင်ငံမှတစ်ဆင့် ၀င်ရောက်ခြင်းဖြစ်ပြီး လုပ်ကိုင်ခွင့်သက်တမ်း နှစ် ၅၀ ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြစန္ဒာက ပြောသည်။

‘‘ အဓိကအော်ပရေတာလုပ်မယ်။ Adani က အိန္ဒိယနိုင်ငံမှာ လည်း နာမည်ကြီးပဲ။ အခုက လုပ်ငန်းတည်ဆောက်ရေးကာလ အတွက် လပေါင်း ၃၀ သတ်မှတ် ထားတယ် " ဟု ၎င်းကဆိုသည်။

အဆိုပါ ဆိပ်ကမ်းသည် အလုံမြို့နယ်တွင်တည်ရှိပြီး BOT စနစ်(တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်းစနစ်)ဖြင့် လုပ်ကိုင်ခွင့်ရရှိခြင်း ဖြစ်သည်။ ဆိပ်ကမ်းတည် ဆောက်ရေး၊ လည်ပတ်ခြင်းနှင့် ထိန်းသိမ်းခြင်း ပါဝင်မည်ဖြစ်ပြီး ကွန်တိန်နာကွင်းလည်း ပါဝင်မည်ဟု ဆိုသည်။ အဆိုပါ ကုမ္ပဏီသည် ဥပဒေအရ အခွန်ကင်း လွတ်ခွင့် သုံးနှစ်ရရှိမည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဆိုထားသည်။

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ၌ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာသန်း ၂၂၀ ကျော်ဖိုး အများဆုံး ရင်းနှီးမြှုပ်နှံထားသည်။ ယခုရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၁ နောက်ပိုင်းကစတင်ပြီး မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံက ပမာဏအများဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအ ချိန်၌ ကန်ဒေါ်လာသန်း ၇၀၀ ဖိုး အိန္ဒိယကရင်းနှီးမြှုပ်နှံထားသည်။

Adani ကုမ္ပဏီအုပ်စုသည် အိန္ဒိယ၏ ကုမ္ပဏီကြီးတစ်ခုဖြစ် ပြီး ၁၉၈၈ တွင် စတင်တည် ထောင်ခဲ့သည်။ Adani တွင် လုပ်ငန်းခွဲများစွာရှိပြီး ကုန်စည်ရောင်း ၀ယ်ကုန်သွယ်ခြင်းသည် ကုမ္ပဏီ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service